?>

တမန်တော်မြတ် (ဆွ) ပုံရုပ်ပြောင် ကာတွန်း ရေးဆွဲမှုတွေနဲ့ အကြမ်းဖက် ဝါဒနဲ့ အစ္စလာမ် ကိုဆွဲချိတ်မှု မှန်သမျှကို ဆော်ဒီရှုတ်ချ

တမန်တော်မြတ်  (ဆွ) ပုံရုပ်ပြောင် ကာတွန်း ရေးဆွဲမှုတွေနဲ့ အကြမ်းဖက် ဝါဒနဲ့ အစ္စလာမ် ကိုဆွဲချိတ်မှု မှန်သမျှကို ဆော်ဒီရှုတ်ချ

တမန်တော်မုဟမ္မဒ် (ဆွ) ကိုစော်ကားတဲ့ ကာတွန်းရုပ်ပုံရေးဆွဲမှုတွေကို ဆော်ဒီကရှုတ်ချလိုက်ပေမယ့် တမန်တော်ပုံသရော်ကာတွန်းပြသမှုအတွက် အရေးယူသွားဖို့မွတ်စလင်နိုင်ငံတစ်ချို့ရဲ့ တောင်းဆိုမှုတွေအတိုင်းလုပ်ဆောင်သွားဖို့ ကြေငြာချက်ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ပင်လယ်ကွေ့နိုင်ငံက အကြမ်းဖက်မှုဝါဒပုံစံအားလုံးကိုရှုတ်ချခဲ့သလို စာသင်ခန်းအတွင်း တမန်တော်မြတ်ပုံ သရော်ကာတွန်းရေးဆွဲပြသခဲ့တဲ့ ပဲရစ်ကျောင်းဆရာအသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကိုလည်း ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

တမန်တော်မုဟမ္မဒ် (ဆွ) ကိုစော်ကားတဲ့ ကာတွန်းရုပ်ပုံရေးဆွဲမှုတွေကို ဆော်ဒီကရှုတ်ချလိုက်ပေမယ့် တမန်တော်ပုံသရော်ကာတွန်းပြသမှုအတွက် အရေးယူသွားဖို့မွတ်စလင်နိုင်ငံတစ်ချို့ရဲ့ တောင်းဆိုမှုတွေအတိုင်းလုပ်ဆောင်သွားဖို့ ကြေငြာချက်ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ပင်လယ်ကွေ့နိုင်ငံက အကြမ်းဖက်မှုဝါဒပုံစံအားလုံးကိုရှုတ်ချခဲ့သလို စာသင်ခန်းအတွင်း တမန်တော်မြတ်ပုံ သရော်ကာတွန်းရေးဆွဲပြသခဲ့တဲ့ ပဲရစ်ကျောင်းဆရာအသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကိုလည်း ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။
“လွတ်လပ်စွာဖော်ထုတ်ပြောကြားမှုနဲ့ ယဉ်ကျေးမှုအစဉ်အလာဟာ အမုန်းတရားတွေ အကြမ်းဖက်မှုတွေ အစွန်းရောက်ဝါဒနဲ့ မတူကွဲပြားမှုတွေအတူယှဉ်တွဲနေထိုင်ရေးကို ဆန့်ကျင်တဲ့ အလေ့အထတွေကို ငြင်းဆန်ပယ်ချတဲ့ လေးစားတန်ဖိုးထားမှု သည်းခံခြင်းတရားနဲ့ ငြိမ်းချမ်းမှုတို့ရဲ့ အချက်ပြမီးအလင်းရောင် ဖြစ်သင့်ပါတယ်။”  လို့ နိုင်ငံပိုင်မီဒီယာရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ ဆော်ဒီနေ့စဉ်သတင်းဌာန Arab News သတင်းဌာနရဲ့ အင်္ဂါနေ့ကဖော်ပြချက်ထဲမှာ ဆော်ဒီအခြေစိုက်ကမ္ဘာ့မွတ်စလင်အဖွဲ့ချုပ်က မိုဟာမက်အလ်အီဆာက “အလွန်အကျွံတုံ့ပြန်မှုတွေဟာ အနုတ်လက္ခဏာသာဆောင်စေပြီး လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်သွားနိုင်သလို မုန်းတီးရေးသမားတွေကိုသာ အကျိုးရှိစေလိမ့်မယ်”လို့ သတိပေးစကားပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တစ်ချို့လောက်က တမန်တော်မြတ်ရုပ်ပြောင်ကာတွန်းပုံတွေ ပထမဆုံးထုတ်ဝေခဲ့တဲ့ ပြင်သစ်သရော်မဂ္ဂဇင်းရုံးတွေဟာ ၂၀၁၅ခုနှစ်က သေနတ်သမားတွေရဲ့တိုက်ခိုက်မှုခံခဲ့ရပြီး ၁၂ဦးသေဆုံးခဲ့ပါတယ်။ ဒီလအတွင်း ပြင်သစ်ကျောင်းဆရာခေါင်းဖြတ်သတ်ခံရမှုဖြစ်ရပ်ပြီးကတည်းက ပြင်သစ်မှာ ဒီသရော်ကာတွန်းပုံတွေကို ပြသခဲ့မှုဟာ မွတ်စလင်တစ်ချို့ကိုဒေါသဖြစ်စေခဲ့ပါတယ်။ တူရကီခေါင်းဆောင်ကလည်း ပြင်သစ်ကုန်ပစ္စည်းတွေကိုသပိတ်မှောက်သွားဖို့ တိုက်တွန်းခဲ့သလို ပဲရစ်မြို့ကသံတမန်ကိုပြန်ခေါ်သွားဖို့ ပါကစ္စတန်ပါလီမန်က အစိုးရကိုတိုက်တွန်းတဲ့မူကြမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။ ကူဝိတ်မှာလည်း တစ်ချို့စူပါမားကတ်တွေက ပြင်သစ်ကုန်ပစ္စည်းတွေကို ဖယ်ရှားခဲ့ကြပါတယ်။
Reuters သတင်းဌာနပါ “Saudi Arabia holds off from backing action against France over cartoons” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

**************************************


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*