?>

တွံတေးမြို့နယ်တွင် Mytel တာဝါတိုင်စောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

 တွံတေးမြို့နယ်တွင် Mytel တာဝါတိုင်စောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာမှာ Mytel တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာမှာ  Mytel တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို  နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။  

ဒီနေ့ ညနေ ၃ နာရီ ၄၇ မိနစ်လောက်က တာဝါတိုင်အနီးမှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်စီးပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အသေ ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တွံ့တေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခံ ပျံလွှားတွေအတွက် လက်စားချေတုံ့ပြန်တဲ့အနေနဲ့  စတင်လိုက်တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။


****************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*