တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ဂျေးချီဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်နဲ့ လူဇင်ဘာ့ဂ်နိုင်ငံမှာ ဇွန် ၁၃ ရက်က တွေ့ဆုံပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ တခြား နှစ်နိုင်ငံ စိုးရိမ်စရာကိစ္စတွေကို အပြုသဘောဆောင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ဂျေးချီဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်နဲ့ လူဇင်ဘာ့ဂ်နိုင်ငံမှာ ဇွန် ၁၃ ရက်က တွေ့ဆုံပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ တခြား နှစ်နိုင်ငံ စိုးရိမ်စရာကိစ္စတွေကို အပြုသဘောဆောင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံအကြီးအကဲတွေရဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို လိုက်နာဖို့၊ ထိတွေ့ဆက်ဆံမှုနဲ့ ဆွေးနွေးမှု တိုးမြှင့်ဖို့၊ နားလည်မှုနဲ့ တွက်ချက်မှု အလွဲအမှားတွေကို လျှော့ချဖို့နဲ့ ကွဲလွဲမှုတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။
ဆက်သွယ်ရေးလမ်းကြောင်းတွေအတွက် အတားအဆီးမရှိတဲ့ လမ်းကြောင်းတွေကို ထိန်းသိမ်းထားဖို့ လိုအပ်ပြီး အကျိုးရှိလိမ့်မယ်လို့လည်း နှစ်ဖက် သဘောတူခဲ့ကြပါတယ်။
အမေရိကန်-တရုတ် အရာရှိတွေဟာ ယူကရိန်းနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာလို နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
****************************************************************
END / 251