?>

တရုတ် နောက်ခံပြု စစ်အစိုးရ ရဲ့အကြမ်းဖက် မှု တွေဟာ မြန်မာ့ စီးပွားရေး ကို ပိုမို ဆိုးရွား လာစေကြောင်း တူရကီ သတင်း ဌာန ဖော်ပြ

 တရုတ် နောက်ခံပြု စစ်အစိုးရ ရဲ့အကြမ်းဖက် မှု တွေဟာ မြန်မာ့ စီးပွားရေး ကို ပိုမို ဆိုးရွား လာစေကြောင်း တူရကီ သတင်း ဌာန ဖော်ပြ

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာက တရုတ်စက်ရုံတွေမီးလောင်ကျွမ်းနေတဲ့ လူမှုမီဒီယာပေါ်က ပုံရိပ်တွေဟာ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံ့သူတွေအတွက် စိုးရိမ်ပူပန်စရာအရေးကိစ္စဖြစ်နေပြီဖြစ်ပါတယ်။ အင်အားကြီးမားတဲ့လူထုအုံကြွမှုတွေကို ဖိနှိပ်ဖို့ နိုင်ငံရဲ့အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက်သတ်ဖြတ်မှုတွေအရှိန်မြင့်လာနေတဲ့အပေါ် သူတို့ကသေချာပေါက်အာရုံစိုက်နေရမှာဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာက တရုတ်စက်ရုံတွေမီးလောင်ကျွမ်းနေတဲ့ လူမှုမီဒီယာပေါ်က ပုံရိပ်တွေဟာ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံ့သူတွေအတွက် စိုးရိမ် ပူပန်စရာ အရေးကိစ္စဖြစ်နေပြီဖြစ်ပါတယ်။ အင်အားကြီးမားတဲ့လူထုအုံကြွမှုတွေကို ဖိနှိပ်ဖို့ နိုင်ငံရဲ့အာဏာသိမ်းစစ်အစိုးရက အကြမ်းဖက် သတ်ဖြတ် မှုတွေ အရှိန်မြင့် လာနေတဲ့ အပေါ် သူတို့ကသေချာပေါက်အာရုံစိုက်နေရမှာဖြစ်ပါတယ်။


တရုတ်အစိုးရပိုင်လို့ဆိုရမဲ့ Global Times သတင်းဌာနက မြန်မာနိုင်ငံကတရုတ်စက်ရုံတွေမီးရှို့ခံရတဲ့အပေါ် “အရိုင်းအစိုင်းဆန်”တဲ့လုပ်ရပ်အဖြစ်ဖော်ပြခဲ့ပေမယ့် အဲဒီနေ့ တစ်နေ့တည်း တစ်နေရာတည်းမှာတင် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့အရပ်သား ၁၈ဦးကို စစ်တပ်ကသတ်ဖြတ်ခဲ့မှုအပေါ် တစ်လုံးတစ်ပါဒမှထုတ်ဖော် ပြောကြားခဲ့ခြင်းတောင် မရှိပါဘူး။

စက်ရုံအနီးနေထိုင်သူတွေက ဒီမီးရှို့သူတွေဟာ ဆန္ဒပြသူတွေမဟုတ်ကြောင်း လူသိရှင်ကြားငြင်းဆိုခဲ့ပေမယ့် တရုတ်ဝါဒဖြန့်မီဒီယာကတော့ မြန်မာစစ် အစိုးရရဲ့လိမ်လည် မှုအတိုင်းပဲ အကြမ်းဖက်မှုတွေသွေးထိုးလှုံ့ဆော်ပြီး ဖျက်ဆီးရေးတွေလုပ်တယ်ဆိုတဲ့ မူအတိုင်းပဲဝါဒဖြန့်ဖော်ပြခဲ့ပါတယ်။ “တရုတ်ပိုင် လုပ်ငန်းစုတွေ ကိုဖျက်ဆီး ဖို့ကြိုးပမ်းသူတွေဟာ မြန်မာနဲ့တရုတ်နှစ်နိုင်ငံရဲ့ရန်သူတွေဖြစ်ပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့လိုအပ်တယ်”လို့ တရုတ်ဝါဒဖြန့်မီဒီယာမှာဖော်ပြခဲ့ပါတယ်။


မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ အလိမ်အညာတွေကိုကောင်းစွာမှတ်တမ်းတင်ထားမှုတွေရှိထားပါတယ်။ ၂၀၁၇ခုနှစ်မှာ ဗလီတွေ ဆန်ဂိုထောင်တွေ နေအိမ်တွေနဲ့ ဈေးဆိုင်တွေအပါအဝင် အဆောက်အဦး ၃၈၀၀၀ ကျော်ရှိတဲ့ ရိုဟင်ဂျာကျေးရွာ ၄၀၀နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒီမိုကရက်တစ်အစိုးရက နိုင်ငံနဲ့ ကမ္ဘာကိုလိမ်လည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကိုမထွက်ပြေးခင် ကိုယ့်အိမ်ကိုယ်မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ သူတို့ကယူဆခဲ့ကြတာဖြစ်ပါတယ်။


လူထုဆန္ဒပြမှုတွေအရှိန်မြင့်လာမှုဟာ စစ်အာဏာသိမ်းမှုကိုတိုက်ရိုက်တုံ့ပြန်မှုတွေပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကိုဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံကမဲပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အခွင့်အရေးနဲ့ ဆန္ဒကို ချိုးဖောက်လိုက်ခြင်းဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ဖိနပ်အောက်မှာဖြစ်ဖြစ် NLD အစိုးရအောက်မှာဖြစ်ဖြစ် သူတို့ရဲ့အနာဂတ်ကိုပြင်ဆင်ထားခဲ့ကြတဲ့ မဲပေးခွင့်မရသေးတဲ့ လူငယ် လူရွယ်တွေကြား ဒီစစ်အာဏာသိမ်းမှုဟာ ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။


နေ့စဉ်ရက်ဆက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြအုံကြွတဲ့ လူဦးရေဟာ နိုင်ငံလူဦးရေတစ်ဝက်ခန့် ၂၅သန်းခန့်ရှိခဲ့ပြီး မြို့တွေ ကျေးရွာတွေနဲ့ ရွယ်သိမ်ရွာငယ်လေးတွေ မှာတောင် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြကြမဲ့ သားတွေသမီးတွေကို မိဘတွေက ဆုတောင်းပေးနေတဲ့ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


ဒီလိုနေ့စဉ် ဆန္ဒထုတ်ဖော်မှုတွေကို “မြို့ပြပြည်တွင်းစစ်” တစ်ခုအဖြစ် အရှေ့တောင်အာရှ အထူးပြု ဟောင်ကောင်အခြေစိုက် ပြင်သစ် ဂျာနယ်လစ်တစ်ဦးက ရည်ညွှန်းဖွဲ့ဆိုလိုက်ပါ တယ်။ ဒီဆန္ဒပြမှုတွေဟာ စစ်အစိုးရရဲ့နေ့စဉ်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မြန်မာစစ်တပ်ရဲ့မိတ်ဖက်ဖြစ်တဲ့ တရုတ်နဲ့ရုရှားအပါအဝင် အဖွဲ့ဝင်၁၅နိုင်ငံပါဝင်တဲ့ ကုလလုံခြုံရေးကောင်စီက မတ်လ ၁၀ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်းအတည်ပြုထုတ်ပြန်ချက်ကြေငြာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အမျိုးသမီးတွေ လူငယ်လူရွယ်တွေနဲ့ ကလေးတွေအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ရှုတ်ချထားတာပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာ လုပ်သားတွေ လူမှုအသင်းအဖွဲ့တွေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဂျာနယ်လစ်တွေနဲ့ မီဒီယာလုပ်သားတွေအပေါ် တင်းကျပ်မှုတွေ လုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီး အရမ်းကို စိုးရိမ်ပူပန်ကြောင်းနဲ့ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကိုချက်ခြင်းပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်ထဲမှာတောင်းဆိုထားပါတယ်။


ကောင်စီရဲ့တစ်ညီတစ်ညွတ်တည်းရှုတ်ချမှုမတိုင်ခင် တစ်ပတ်အလိုလောက်က လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး မစ်ချယ်ဘက်ချလက်က မြန်မာစစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကိုသတ်ဖြတ် ထောင်ချမှုတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး ထိန်းသိမ်းခံထားရတဲ့ဆန္ဒပြသူတွေပျောက်ဆုံးနေမှုတွေနဲ့ လူပေါင်း ၁၇၅၀ကျော် တရားလက်လွတ် ဖမ်းဆီး ခံထားရမှု အခြေအနေတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။


ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့သတ်ဖြတ်မှုတွေ တက်ကြွလှုပ်ရှားသူတွေဖမ်းဆီးခံရမှုတွေမှာ ပျောက်ဆုံးနေမှုတွေ လက်တန်း သုတ်သင်သတ်ဖြတ်မှုတွေနဲ့ နှိပ်စက်သတ်ဖြတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်ကျူးလွန်မှုတွေဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် သွေးချောင်း စီးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်မှာထားရှိတဲ့ မြန်မာအစိုးရရန်ပုံငွေဒေါ်လာ၁ဘီလီယံကို ထိန်းသိမ်းကြောင်းကြေငြာခဲ့ ပါတယ်။ ဒါဟာ ခန့်မှန်းခြေဒေါ်လာ၁၆.၅ ဘီလီယံတန်ကြေးရှိ စစ်တပ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းနှစ်ခုက အမေရိကန်ကနေ ဘဏ္ဍာရေး ဆိုင်ရာငွေကြေးစီး ဆင်းမှုတွေကို အမေရိကန်အစိုးရက တားဆီးခဲ့ပြီးနောက် နောက်ထပ်အရေးယူလုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။


စစ်အာဏာ သိမ်းမှုဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်သက်ရောက်မှုဖြစ်လာစေတာ သံသယရှိစရာမလိုပါဘူး။ ဒါ့အပြင်အရေးယူ ပိတ်ဆို့မှုတွေကြောင့် စစ်တပ်အပေါ်မှာ လည်း ဘဏ္ဍရေးဆိုင်ရာသက်ရောက်မှုတွေဖြစ်လာစေပါတယ်။ ဒီလိုအရေးယူပိတ်ဆို့မှုတွေဟာ နိုင်ငံရဲ့စီးပွားရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ထိခိုက်သက်ရောက်မှု ခံထားရတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ လူမှုကဏ္ဍရေးပိုင်းတွေမှာ ထိခိုက်မှုတွေရှိနေပေမယ့်လည်း  နိုင်ငံကိုချေးငွေတွေပံ့ပိုးပေးနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထိရောက်မှုရှိတဲ့ တရားဝင် ဆိုင်းငံ့မှုတွေကို စစ်တပ်ကဂရုစိုက်တဲ့ပုံမရှိပါဘူး။


စစ်ဗိုလ်ချုပ်တွေနဲ့သူတို့မိသားစုတွေအပေါ် သြဇာမသက်ရောက်စေတဲ့ အဓိကအကြောင်းပြချက် ၃ချက်ရှိပါတယ်။ တစ်အချက် စစ်အစိုးရကအခိုင်အမာယုံကြည်ထားကတာက ဘေဂျင်းရဲ့ဗီတိုအာဏာသုံးကာကွယ်ပေးမှုကျေးဇူးကြောင့် လုံခြုံရေးကောင်စီက စစ်ဘက်နဲ့ကြားဝင်စွက်ဖက်မှုတွေ မဖြစ်နိုင်တာကြောင့်လို့ လက်ခံယုံကြည်ထား တာဖြစ် ပါတယ်။


နှစ်အချက် စစ်တပ်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေဟာ တရုတ်စီးပွားရေးသြဇာအာဏာရှိသူအများအပြားနဲ့ အကျိုးတူစီးပွားရေးတွေနဲ့ မာဖီးယားကွန်ရက်တွေလို ရင်းနှီးတဲ့ဆက်ဆံရေးတွေနဲ့ချိတ်ဆက်ထားသလို ဒီသူဌေးတွေရဲ့ကလေးငယ်တွေဟာလည်း စစ်တပ်မိသားစုဝင်တွေနဲ့ အိမ်ထောင်ပြုထားကြပါတယ်။ ဒီကွန်ရက်တွေဟာ ဆယ်စုနှစ်နဲ့ချီငွေကြေးခဝါချမှုတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့အကျိုးအမြတ်တွေဟာ တရုတ်နဲ့စင်္ကာပူက ဘဏ်တွေထဲမှာ အများအပြားရှိထားကြောင်း ဒီဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်မှုရှိထားတဲ့ ရန်ကုန်ကသတင်းအရင်းအမြစ်တွေအရသိရပါတယ်။


သုံးအချက် စစ်တပ် ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးရဲ့ထိပ်တန်းရင်းနှီးမြုပ်နှံ့သူ ၅ဦးဟာ အာရှရင်းနှီးမြုပ်နှံ့သူတွေဖြစ်ကြပြီး သူတို့ရဲ့သက်ဆိုင်ရာအစိုးရတွေဆီကနေ အမျိုး သား ဥပဒေတွေနဲ့ ဘောင်ခတ်ခြင်းမခံရသူတွေဖြစ်ပါတယ်။


ကမ္ဘာ့ဘဏ်ရဲ့အချက်လက်တွေ အရ စင်္ကာပူနဲ့ ဟောင်ကောင်(တရုတ်)တို့ဟာ ၂၀၂၀ခုနှစ်မှာ မြန်မာနိုင်ငံရဲ့နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံ့အကြီးမားဆုံးနှစ်နိုင်ငံဖြစ်ကြပြီး တိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှု ၃၄% နဲ့ ၂၆% အသီးသီးရှိကြပါတယ်။ ဂျပန်ရဲ့အကြီးမားဆုံးဘီယာကုမ္ပဏီဖြစ်တဲ့ Kirin ဟာ စစ်တပ်နွယ်စီးပွားရေးလုပ်ငန်းနဲ့ ဆက်ဆံရေးဖြတ် တောက်ဖို့ဆုံးဖြတ်ခဲ့မှုဟာ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူများ ရဲ့ကမ်ပိန်းတွေကြောင့် ဖြစ်ပါတယ်။


စင်္ကာပူနဲ့တရုတ်ရင်းနှီးမြုပ်နှံ့သူတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆန္ဒပြမှုအစောပိုင်းရက်တွေတုန်းကတောင် တစ်ခြားနိုင်ငံခြားရင်းနှီးမြုပ်နှံ့သူတွေက စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့စီးပွားရေးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တစ်ရက်အကြာမှာပဲ စိုးရိမ်နေကြတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံ့သူတွေနဲ့ စီးပွားရေးထိခိုက်မှုဆိုင်ရာသုတေသနပြုကုမ္ပဏီတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဖေဖေါ်ဝါရီ ၂ရက်နေ့က BBC ရဲ့ အာရှစီးပွားရေးအစီရင်ခံစာကို “စစ်အာဏာသိမ်းမှုဟာမြန်မာ့စီးပွားရေးကိုထိခိုက်ဖွယ်ရှိ” ဆိုတဲ့ခေါင်းစဉ် တပ်ဖော်ပြခဲ့ပါတယ်။ ဒီစစ်အာဏာသိမ်းမှုဟာ အာဏာသိမ်းမှုမတိုင်ခင် မြန်မာရဲ့စီးပွားရေးပရောဂျက်ဖွံဖြိုးမှု ၆%ကို ဖြတ်ချလိုက်တာဖြစ်ကြောင်း BBC ရဲ့အစီရင်ခံစာထဲမှာ ဘဏ္ဍာရေးအချက်အလက်ဆိုင်ရာကုမ္ပဏီတစ်ခုက အန်ဝီတာဘာဆူက ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီးသက်ရောက်မှုခံရမဲ့ အကြီးမားဆုံးရင်းနှီးမြုပ်နှံ့သူတွေဟာ အာရှရင်းနှီးမြုပ်နှံ့သူတွေသာဖြစ်ပြီး ဒီနိုင်ငံတွေကနေ တုံ့ပြန်မှုတွေအရမ်း ကိုနှောင့်နှေးနေ တာမြင်တွေ့ခဲ့ရပါတယ်။


နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအားလုံးထဲမှာ ဘေဂျင်းဟာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်ရဲ့အရေးအပါဆုံးကာကွယ်ပေးသူဖြစ်နေပြီး စစ်အစိုးရကိုကျယ်ကျယ်ပြန့်ပြန့် စက်ဆုပ်ရွံရွာဖွယ်ဖြစ်အောင် ဖန်တီးနေသူလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ကိုကာကွယ်ပေးမှုအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးက လက်တွေ့အပြင်မှာကော လူမှု မီဒီယာတွေပေါ်ကနေပါ တရုတ်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်မှုတွေ ထုတ်ဖော်ခဲ့ကြပါတယ်။ လူထုဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်အစိုးရကို သူ့ရဲ့သြဇာအာဏာနဲ့ထိန်းသိမ်းရမဲ့အစား တရုတ်က ၅၃သန်းသောမြန်မာပြည်သူလူထုလုံခြုံရေးကို အလေးထားခြင်းမရှိပဲ သူ့ရဲ့စီးပွားရေးအကျိုး စီးပွားတွေကို ကာကွယ်ဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်က တွင်တွင်ကာကွယ်ပေးနေခဲ့ပါတယ်။ သူ့ရဲ့အကျိုးစီးပွားအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာကြောင့် ဘေဂျင်းက မြန်မာစစ်တပ်စီးပွားရေးပါတနာတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ ဂတ်စ်ပိုက်လိုင်း ကိုကာကွယ်ပေးဖို့ လုံခြုံရေးစီစဉ်ဆောင်ရွက်ဖို့စေခိုင်းခဲ့ပါတယ်။


မြန်မာပြည်သူလူထုနဲ့ ရာဇဝတ်ကျူးလွန်နေတဲ့စစ်အစိုးရတို့ကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားနေမှုဟာ မြန်မာ့စီးပွားရေးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေဖြစ်နေပြီး ဒီအတွက် တရုတ်မှာလည်းတာဝန်ရှိပါတယ်။ လူ့အခွင့်အရေးတွေကိုဂရုစိုက်ခြင်းမရှိပဲ တရုတ်က သူ့ရဲ့အကျိုးစီးပွားတွေကိုပဲကာကွယ်ဖို့ ကြိုးပမ်း နေမယ် ဆိုရင် ကြောက်ဖက်ဖွယ်ကောင်းတဲ့ အကျိုးဆက်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိနေပါတယ်။


Anadolu Agency သတင်းဌာနပါ Maung Zarni ရေးသားသည့် “Opinion – China-backed junta’s violence aggravates Myanmar economy” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*