?>

နမာဇ်ဇေအီးဒ်ဒေ ဖေသ်ရ် အီရန် တစ်နိုင်ငံလုံးတွင် ဝတ်ပြု

နမာဇ်ဇေအီးဒ်ဒေ ဖေသ်ရ် အီရန် တစ်နိုင်ငံလုံးတွင် ဝတ်ပြု

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် နမာဇ်ဇေ အီးဒ်ဒေ ဖေသ်ရ် အား ဗလီ ဝတ်ကျောင်း ၊ ရောင်ဇာတော်များ စသည်ဖြင့် နေရာပေါင်း ၁၃၀၀ ကျော်တွင် ဝတ်ပြု ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဤနှစ် အီးဒ်ဒေ ဖေသ်ရ် နမာဇ်အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏မြို့ တော် တီဟီရန် ရှိ တီဟီရန် တက္ကသိုလ် တွင် ဟဇရသ်အာယာသွလ္လာဟ် ကာစင် ဆဒီးကီး (ခေတ္တ တီဟီရန် သောကြာနမာဇ်ရှေ့ဆောင်ဆရာတော်) မှ ဦးဆောင် ဝတ်ပြုခဲ့ပါတယ်။ နမာဇ်အပြီး ဟဇရသ် အာယာသွလ္လာဟ် ကာစင် ဆဒီးကီးမှ ခွသ်ဗာမိန့်ခွန်း ဟောကြားခဲ့ပါတယ်။

ဤနှစ် အီးဒ်ဒေ ဖေသ်ရ် နမာဇ်အား ကိုရိုနာ ဗိုင်းရပ်းစ် ရောဂါ ကြောင့် နှစ်နှစ် ကြာဆိုင်းငံ့ထားပြီးမှ ယခုနှစ်တွင် တီဟီရန် တက္ကသိုလ် တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ဤနှစ် နမာဇ်ဇေ အီးဒ်ဒေ ဖေသ်ရ် အား ဗလီ ဝတ်ကျောင်း ၊ ရောင်ဇာတော်များ စသည်ဖြင့် နေရာပေါင်း ၁၃၀၀ ကျော်တွင် ဝတ်ပြု ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တွင် နမာဇ်ဇေ ဖေသ်ရ် အား ကိုရိုနာ ဗိုင်းရပ်းစ် ရောဂါ ကြောင့် နမာဇ်ဇေ အီးဒ်ဒေဖေသ်ရ် မကျင်းပဖြစ်ခဲ့ချေ။ ၂၀၂၁ခုနှစ်တွင် အကန့်အသတ် ဖြင့် ကျင်းပခဲ့ပါတယ်။

တီဟီရန် တက္ကသိုလ် အပြင် အီးဒ်ဒေ ဖေသ်ရ် နမာဇ် အားတီဟီရန် ပြည်နယ် ရှိ ဗလီ ပေါင်း ၁၀၀၀ ကျော် တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပခဲ့ပါတယ်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*