?>

နယူးဇီလန် က မြန်မာနဲ့နိုင်ငံရေး စစ်ဘက် ဆိုင်ရာ အဆင့်မြင့် ဆက်ဆံရေးအားလုံးကိုဆိုင်းငံ့ပြီး စစ်ခေါင်းဆောင်တွေ ကိုခရီးသွား လာခွင့်ပိတ်ပင်

 နယူးဇီလန် က မြန်မာနဲ့နိုင်ငံရေး စစ်ဘက် ဆိုင်ရာ အဆင့်မြင့်  ဆက်ဆံရေးအားလုံးကိုဆိုင်းငံ့ပြီး စစ်ခေါင်းဆောင်တွေ ကိုခရီးသွား လာခွင့်ပိတ်ပင်

ပြီးခဲ့တဲ့အပတ်ကမြန်မာစစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နယူးဇီလန်ဟာ စစ်ဘက်ဆိုင်ရာ နိုင်ငံရေးဆိုင်ရာ မြန်မာနဲ့အဆင့်မြင့်ဆက်ဆံရေးအားလုံးကို ဆိုင်းငံ့လိုက်ပြီး တပ်မေ တ်ာခေါင်းဆောင်တွေ ကို ခရီးသွားလာခွင့်ပိတ်ပင်တဲ့အရေးယူမှုတွေလုပ်ဆောင်လိုက်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က အင်္ဂါနေ့ ကပြောကြား လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ပြီးခဲ့တဲ့အပတ်ကမြန်မာစစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နယူးဇီလန်ဟာ စစ်ဘက်ဆိုင်ရာ နိုင်ငံရေးဆိုင်ရာ မြန်မာနဲ့အဆင့်မြင့်ဆက်ဆံရေးအားလုံးကို ဆိုင်းငံ့လိုက်ပြီး တပ်မေ တ်ာခေါင်းဆောင်တွေ ကို ခရီးသွားလာခွင့်ပိတ်ပင်တဲ့အရေးယူမှုတွေလုပ်ဆောင်လိုက်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က အင်္ဂါနေ့ ကပြောကြား လိုက်ပါတယ်။


နယူးဇီလန်ကသူတို့ရဲ့ထောက်ပံ့ရေးပရိုဂရမ်တွေဟာ စစ်အစိုးရကိုအကျိုးရှိစေတဲ့ ဆက်နွယ်တဲ့ပရောဂျက်တွေမှာ ထည့်သွင်းပါဝင်သွားမှာမဟုတ်ကြောင်းလည်း အာဒန်က သတင်း စာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ပြတ်သားတဲ့အမှာစကားကတော့ ဒီ(နယူးဇီလန်)ကနေ ကျွန်မတို့တတ်နိုင်သမျှအားလုံးလုပ်ဆောင်သွားမှာပါ အဲဒီထဲကတစ်ခုကတော့ အဆင့်မြင့် ဆက်ဆံရေးတွေအားလုံးကိုဆိုင်းငံ့ဖို့လည်းလုပ်ဆောင်သွားမှာဖြစ်သလို မြန်မာနိုင်ငံကိုထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေအစီအစဉ်တွေဟာ စစ်အစိုးရ ကိုထောက်ပံ့ မှုတွေထဲမရောက်အောင် သေချာကြပ်မတ် ဆောင်ရွက်သွားပါမယ်” လို့ အာဒန်ကပြောကြားခဲ့ပါတယ်။


နယူးဇီလန်ရဲ့ထောက်ပံ့ရေးပရိုဂရမ်တွေဟာ ၂၀၁၈ခုနှစ်နဲ့ ၂၀၂၁ခုနှစ်ကြား နယူးဇီလန်ဒေါ်လာ၄၂သန်း(အမေရိကန်ဒေါ်လာ သန်း၃၀) ခန့်ရှိကြောင်း သူမကဆိုပါတယ်။ စစ်တပ်ဦးဆောင်တဲ့အစိုးရကို နယူးဇီလန်ကအသိအမှတ်ပြုသွားမှာမဟုတ်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကိုပြန်လွှတ်ပေးဖို့ အရပ်သား အုပ်ချုပ်ရေးပြန်လည်ဖော်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီး နန်နာအီယာမာဟူတာက သီးခြားထုတ်ပြန်ချက်ထဲမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။


မြန်မာစစ် တပ်ခေါင်းဆောင်တွေကို ခရီးသွားလာခွင့်ပိတ်ပင်မှုတွေအတည်ပြုသွားဖို့ အစိုးရကလည်းသဘောတူညီခဲ့ကြောင်း မာဟူတာကဆက်လက်ပြောကြားခဲ့ပါတယ်။
Channel News Asia သတင်းဌာနပါ “New Zealand suspends ties with Myanmar; to ban visits from military leaders” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*