?>

နယူးဇီလန် ဝန်ကြီးများ လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူမည်

နယူးဇီလန် ဝန်ကြီးများ လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူမည်


ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိနေချိန်မှာ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက လာမယ့် ၆ လကို လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူသွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က ဧပြီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ကိုရိုနာဗိုင်းရပ်စ်ကြောင့်  စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိနေချိန်မှာ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက လာမယ့် ၆ လကို လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူသွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က ဧပြီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်လုံးလုံး ရုံးတွေ၊ ကျောင်းတွေနဲ့ မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းတွေကို  ပိတ်ပြီး ကမ္ဘာ့အတင်းကျပ်ဆုံး Lockdown အစီအမံ လုပ်ထားချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေပါတယ်။

တကမ္ဘာလုံးနဲ့ ပြည်တွင်းစီးပွားရေး ကျဆင်းတာကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှာကို နယူးဇီလန် အစိုးရက ကြိုခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် အာဒန်က အဲဒီလို လစာလျှော့ယူဖို့ကို အစိုးရအဖွဲ့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့အကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှုကို လက်ရှိ လူအတော်များများ ခံစားနေရတယ်လို့  ပြောပါတယ်။

ဒါကြောင့် ရောဂါကို ရှေ့တန်းက တိုက်နေသူတွေ၊ ဝင်ငွေနည်းသူတွေကို အဲဒီသက်ရောက်မှု မခံစားစေလိုဘဲ ထိပ်ပိုင်းကလူတွေဖြစ်တဲ့ အစိုးရအဖွဲ့သာ ခံစားသင့်တယ်ဆိုပြီးလည်း ဝန်ကြီးချုပ် အာဒန်က ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁,၃၈၆ ယောက် ရှိပြီး သေဆုံးသူ  ၉ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

############################################

251 / END


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*