?>

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇူလိုင် ၂၀၂၁)

ဇူလိုင် လ ၁၉ ရက် ၂၀၂၁ခုနှစ် ၏ နွေဦးတော်လှန်ရေး မှတ်စု မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က ကိုဗစ် ၁၉ ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ရုံးကို အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ပရဟိတ စေတနာ့ ဝန်ထမ်း ဆရာဝန် ငါးဦး ဖမ်းဆီးခံလိုက်ရကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

·       ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ဇူလိုင် ၁၈ရက် ညနေပိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် နှင့် လူငယ် တစ်ဦးတို့ကို အကြမ်းဖက်တပ်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

·       အာဇာနည် ၉ ဦး ကျဆုံးခဲ့သည့် ရန်ကုန်အတွင်းဝန်ရုံးရှေ့တွင် ယနေ့ ၁ဝနာရီ ၃၇ မိနစ်၌ ဟွန်းတီး သပိတ်ပြုလုပ်ခဲ့သည်။

·       ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးဇော်ယု အိမ်ရှေ့တွင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       သာကေတမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၉ရက်နေ့တွင် လူငယ်များ သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖြိုခွင်းခြင်း ခံရပြီး ၃ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

·       ဗဟန်းမြို့နယ်က အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့သည့် လွမ်းသူပန်းခွေချအခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း ၏ မိသားစုကိုယ်စားအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှူး ဒေါက်တာတိုးအောင်က တက်ရောက်ဂါရဝပြုခဲ့ပြီး သခင်မြမိသားစု၊ ဦးဘဝင်းမိသားစု၊ ရဲဘော်ကိုထွေးမိသားစုတို့တွင်လည်း ကိုယ်စားလှယ်များကသာ ဂါရဝပြုခဲ့ကြသည်။

·       ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်တွင် တော်လှန်လူငယ် Gen Z များဦးဆောင်ပြီး ယနေ့ညနေပိုင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ချီတက်ကြပြီး အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ အာဇာနည်နေ့၌ အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 မန္တလေးတိုင်းဒေသကြီး

·       မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဇူလိုင် ၁၈ ရက်၊ညပိုင်းမှာ စစ်အာဏာရှင်ပြုတ် ကျရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

·       ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဂိတ်အမှတ် ၃ တွင် ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က  တိုက်ခိုက်ခံရပြီး ပစ်ခတ်သံများ ထွက်ပေါ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       မန္တလေးတွင် ယနေ့ကျရောက်သော အာဇာနည်နေ့၌ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး “အာဇာနည်မျိုး သေရိုးမရှိ” မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်း အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးမြို့တွင် ယနေ့ ကျရောက်သည့် အာဇာနည်နေ့၌ တက္ကသိုလ် ကျောင်းသား သမဂ္ဂများ ဦးဆောင်ကာ အလေးပြုအခမ်းအနားပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီ အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

·       ပုဂံညောင်ဦးတွင် ယနေ့ ကျရောက်သော အာဇာနည်နေ့၌ လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် အောင်မြေသာစံတွင် ပညာရေးကျောင်းပေါင်းစုံစစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ရက် (အာဇာနည်နေ့)တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မိတ္ထီလာမြို့ရှိ ကျောင်းသား၊လူငယ်များက " လူမျိုးကြီးဝါဒ ဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက " ဟူသော ခေါင်းစဉ်ဖြင့် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ (၇၄နှစ်မြောက် အာဇာနည်နေ့)တွင် အာဇာနည် ကျောက်တိုင် ရှေ့၌ မိတ္ထီလာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့သော အာဇာနည်(၄)ဦး၏ ဓာတ်ပုံများဖြင့် စာတန်းချိတ်ဆွဲ၍ ဦးညွှတ်အလေးပြုကြသည်။

·       မိတ္ထီလာမြို့တွင် ယနေ့ ကျရောက်သော အာဇာနည်နေ့တွင် “ လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်က ၉ဦးမက ” ဆိုင်းဘုတ်ကိုင်ဆောင်၍ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ရမည်းသင်း လူငယ်များ၏ ‌အကြမ်းဖက်စစ်အာဏာရှင် ကျရှုံးရေး အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

·       မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ရက် (အာဇာနည်နေ့)တွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ လုံခြုံရေး တင်းကျပ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၉ရက်နေ့တွင် အာဇာနည် ၉ ဦးအား အောက်မေ့အမှတ်ရခြင်းအနေဖြင့် အာဇာနည်ဗိမာန်၌ ပန်းခွေချခြင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် မန္တလာတက္ကသိုလ် ကျောင်းသာကျောင်းသူများသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ရက် (အာဇာနည်နေ့)တွင် အာဇာနည် သူရဲကောင်းများ ကို အလေးပြုခြင်းပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့၌ ကျရောက်သည့် အာဇာနည်နေ့တွင် သာစည်လူငယ်များက မြို့တွင်း အထင်ကရနေရာများသို့ သွားရောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အဖြစ် ယနေ့ နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

·       မန္တလေးမြို့တွင် ယနေ့ ဇူလိုင်လ ၁၉ရက်နေ့က ကျောက်မျက်သပိတ်စစ်ကြောင်းဦးဆောင်ကာ အာဇာနည်နေ့ အလေးပြုပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့ မန်ကျည်းတောရပ် ကြာပန်းအဝိုင်းအနီးတွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်း က ချထားသည့် လွမ်းသူပန်းခွေကို သွားရောက်ရှင်းလင်း ဖယ်ရှားခဲ့သည့်အခါ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲဝန်ထမ်း ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

·       မုံရွာတွင် ယနေ့ ကျရောက်သော အာဇာနည်နေ့၌ မုံရွာ-ပုသိမ်လမ်းမပေါ် ပြည်သူများ ချီတက် (၇၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ကာ "အာဇာနည်မျိုး သေရိုးမရှိ” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အင်အားပြည့် ချီတက်ပြခဲ့ကြောင်း သိရသည်။

·       ဘုတလင်မြို့နယ် ဝန်ဘိုကျေးရွာ ကျောင်းသားလူငယ်များသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

·       လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာတွင် ယနေ့ကျရောက်သော အာဇာနည်နေ့၌ အောက်မေ့ဖွယ် အခမ်းအနားနှင့် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ဒီပဲယင်းမြို့နယ်တွင် (၇၄) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည် ၉ ဦးနှင့်တကွ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို အလေးပြုကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်

·       အရာတော်မြို့နယ် မြောက်ပိုင်းကျေးရွာများစုပေါင်းကာ ယနေ့ ကျရောက်သည့် အာဇာနည်နေ့တွင် လူငယ်များ ဦးဆောင်ကာ အလေးပြုအခမ်းအနားပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်

·       ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် ယနေ့ကျရောက်သည့် အာဇာနည်နေ့ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့တွင် ယနေ့ ကျရောက်သော အာဇာနည်နေ့တွင် ၁၉ ဇူလိုင်မမေ့နိုင် အလံမလိပ် အသံမတိတ် ဗန်းမောက်သပိတ် လူငယ်များ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ဘုတလင်မြို့နယ်တွင် ယနေ့ ကျရောက်သည့် ၁၉ ဇူလိုင် မမေ့နိုင် အာဇာနည်နေ့တွင် စစ်ကောင်စီ ဖြုတ်ချရေး ပြည်သူများ ဦးဆောင်ကာ အာရုံဦး သပိတ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဇူလိုင်လ ၁၉ ရက် ယနေ့နံနက်၌ အာဇာနည်နေ့အထိမ်းအမှတ်သပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး "အာဇာနည်မျိုး သေရိုးမရှိ" "စစ်ခွေးသွေးနဲ့ ခြေဆေးမယ်" ဟု ကြွေးကြော်ဆန္ဒပြကြသည်။

·       ချောင်းဦးမြို့နယ်တွင် ယနေ့ကျရောက်သော မြောက်အာဇာနည်နေ့အား ချောင်းဦးမြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးညွတ်အလေးပြုခဲ့ကြသည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*