?>

ပါလက်စတိုင်းမှာ အစ္စရေး ကျူးကျော်သိမ်းပိုက် ထားမှု အဆုံးသတ်ရေး ကုလညီ လာခံမှာ ကူဝိတ်တောင်း ဆို

ပါလက်စတိုင်းမှာ အစ္စရေး  ကျူးကျော်သိမ်းပိုက်  ထားမှု  အဆုံးသတ်ရေး ကုလညီ လာခံမှာ ကူဝိတ်တောင်း ဆို

ကူဝိတ်နိုင်ငံရဲ့အခြေခံဥပဒေသစည်းမျဉ်းတွေဟာ ပါလက်စတိုင်းလူထုရဲ့တရားဝင်အခွင့်အရေးတွေရရှိရေး ပါလက်စတိုင်းလူထုရဲ့ရွေးချယ်မှုတွေကို ဆက်လက်ထောက်ခံနေ ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ဖြစ်သူက ထပ်လောင်းအတည်ပြု ပြောကြားခဲ့တယ်လို့ Anadolu Agency သတင်းဌာနကဖော်ပြခဲ့ပါတယ်။

“ပါလက်စတိုင်းအရေးဟာ အာရပ်နဲ့အစ္စလာမ်မစ်ကမ္ဘာမှာ အချက်အခြာကျတဲ့နေရာမှာရှိနေဆဲဖြစ်ပါတယ်” လို့ ဆာဘက်ဟ်ခါလစ်အလ်ဟာမက်အလ်ဆာဘတ်ဟ်က ၇၅ကြိမ်မြောက် ကုလအထွေထွေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်စတင်သွားဖို့နဲ့ အာရပ်ငြိမ်းချမ်းရေးပဏာမလုပ်ငန်းစဉ်နဲ့အညီ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ အလ်ဆာဘတ်ဟ်က အခိုင်အမာပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ကျူးကျော်သိမ်းပိုက်ထားမှုတွေကို အဆုံးသတ်ဖို့နဲ့ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံထူထောင်နိုင်ရေး သူက တိုက်တွန်းပြောကြား ခဲ့ပါတယ်။

Middle East Monitor သတင်းဌာနပါ “Kuwait calls for end to Israeli occupation in Palestine” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

******************************************

END / 251

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*