?>
H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ်

အမေရိကန် နိုင်ငံ အပေါ် ဘယ်လိုအခြေအနေဘဲ ဖြစ်ဖြစ် ယုံကြည်စိတ်ချ၍ မရချေ

အမေရိကန် နိုင်ငံ အပေါ် ဘယ်လိုအခြေအနေဘဲ ဖြစ်ဖြစ် ယုံကြည်စိတ်ချ၍ မရချေ

လက်ဘနန် နိုင်ငံ၏ တရားဝင် အဖွဲ့အစည်း ဖြစ်သည့် ဟစ်ဘွလ္လာဟ်အဖွဲ့ ၏ ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့် မိမိ၏ အတွေ့အကြုံများ ကို အခြေခံပြီး ပြောကြားသည်မှာ - အမေရိကန် နိုင်ငံသည် မည်သည့်အခါမှမဟာမိတ် နိုင်ငံများကို မကူညီသည့်အပြင် ၎င်းတို့အတွက်လည်း မည်သို့သော် အရိုအသေပေးမှု အလေးထားမှု ကို မပြုခဲ့ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရစာသတင်းဌာန ၏ သတင်းဌာနအထောက်အထားများအရ လက်ဘနန် နိုင်ငံ၏ တရားဝင်အဖွဲ့အစည်း ဖြစ်သည့် ဟစ်ဘွလ္လာဟ်အဖွဲ့ ၏ ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့်ပြီး ခဲ့သည့်ရက်တွင် လက်ဘနန်နိုင်ငံ၏ မြို့တော် ဘေရွတ် မြို့ ၏ ဆင်ခြေဖုံး အရပ်ရှိ စါဟီယဟ် ရပ်ကွက်တွင် ကျင်းပနေသည့် မဂ်ျလစ်စေအေမာမ် ဟိုစိန် (အ.စ) တွင်တရားဟောကြားစဉ် အမေရိကန် နိုင်ငံသားများ သည်ဆီးရီးယား အုပ်စုဝင်များ အား တူရကီ နှင့်တွေ့ချိန် တစ်ယောက်တည်း ထားပြီး ထွက်သွားသည့်ဘက်ကို လမ်းညွှန်ပြပြီး အမေရိကန် ကိုအားကိုး သူများ ၏ ရလာဒ်မှာ ဤကဲ့သို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့် အမေရိကန် နိုင်ငံသည် မည်သည့်အခါမှမဟာမိတ် နိုင်ငံများကို မကူညီသည့်အပြင် ၎င်းတို့အတွက်လည်း မည်သို့သော် အရိုအသေပေးမှု အလေးထားမှု ကို မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ်အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့် ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် မှ အကြိမ်ကြိမ် အခါခါ မိန့်ကြားထားသည်မှာ ကျွန်ုပ်တို့ အနေဖြင့် အမေရိကန် နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မည်မဟုတ်ချေ။ ဤကိစ္စ အတွက် အမေရိကန် အပေါ် စိတ်ချ ယုံကြည်၍ မဖြစ်နိုင်ချေ။ အကြောင်းမှာ သစ္စာဖောက်မှု ကတိမတည်မှု နှင့် ပတ်သက်ပြီးသမိုင်း စာမျက်နှာ အများစု တွင် ပြည့်နေသူ ရန်သူ အပေါ် ဘယ်လိုယုံကြည်စိတ်ချရမည်နည်း ?

ဆက်လက်ပြီး H.I ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့် ပြောကြားသည်မှာ - သာဓက အားဖြင့် ပြောရမည်ဆိုလျှင် ဖိုရာသ်မြစ်၏ အရှေ့ ပိုင်းဒေသနေ ကဒ်လူမျိုးများ နှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံ ၏ လက်ရှိ အခြေအနေကို ကြည့ှ်ုနိုင်ပါတယ်။

ဆရက်ဒ် ဟစန် နစရိုလ္လာဟ် အနေဖြင့် မိမိ၏မိန့်ခွန်း နောက်ဆုံးပိုင်းတွင် တိုက်တွန်း၍ မိန့်ကြားခဲ့သည်မှာ အမေရိကန် နိုင်ငံ အပေါ် ယုံကြည်စိတ်ချ၍ မရကြောင်း ၊ အကြောင်းမှာ အမေရိကန် အပေါ် ယုံကြည်စိတ်ချသူများ ၏ နောက်ဆုံး ရလာဒ်မှာ သိက္ခာမဲ့မှု အရှက်ခွဲမှု သာဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

====================================

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*