?>

ဘဂ္ဂဒက်မြို့ အသေ ခံဗုံးပေါက်ကွဲ မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး စီနီယာ လုံခြုံရေး တာဝန်ရှိ သူ၅ဦးကို ရာထူးကထုတ်ပယ်လိုက်ကြောင်း အီရတ်ဝန်ကြီး ချုပ် မူစတာဖာအလ်ခါဒ်ဟီမီက ကြေငြာခဲ့ပြီး

 ဘဂ္ဂဒက်မြို့  အသေ ခံဗုံးပေါက်ကွဲ မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး စီနီယာ  လုံခြုံရေး   တာဝန်ရှိ    သူ၅ဦးကို ရာထူးကထုတ်ပယ်လိုက်ကြောင်း အီရတ်ဝန်ကြီး ချုပ် မူစတာဖာအလ်ခါဒ်ဟီမီက ကြေငြာခဲ့ပြီး

နိုင်ငံတွင်းထောက်လှမ်းရေးဌာနတွေဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရသလို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရလိမ့်မယ်လို့ သူကအခိုင်အမာပြောကြားခဲ့တယ်လို့ Anadolu Agency သတင်းဌာနက သောကြာနေ့ကဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတွင်းထောက်လှမ်းရေးဌာနတွေဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရသလို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရလိမ့်မယ်လို့ သူကအခိုင်အမာပြောကြားခဲ့တယ်လို့ Anadolu Agency သတင်းဌာနက သောကြာနေ့ကဖော်ပြခဲ့ပါတယ်။


၃၂ဦးသေဆုံးပြီး ၁၁၀ ဒဏ်ရာရရှိခဲ့တဲ့ ဘဂ္ဂဒက်မြို့လူစည်ကားရာဈေးကို နှစ်ကြိမ်ဆက်အသေခံဗုံးခွဲမှုဖြစ်ရပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီး ဂျူမာအင်နဒ် ပြည်ထဲရေးဝန်ကြီး အော်သ်မန်အလ်ဂါနီမီနဲ့ လုံခြုံရေးတာဝန်ရှိသူအကြီးအကဲတွေနဲ့ စည်းဝေးပွဲပြီးနောက် နိုင်ငံတွင်းရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကိုယ်တိုင်ကွပ်ကဲစီမံရလိမ့်မယ်လို့ အလ်ခါဒ်ဟီမီက ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။ နိုင်ငံသားတွေကိုကာကွယ်ပေးနိုင်စွမ်းမရှိတဲ့ တာဝန်ရှိသူတွေကို သူတို့ရဲ့တာဝန်ကရပ်စဲရလိမ့်မယ်လို့ အလ်ခါဒ်ဟီမီက ထုတ်ပြန်ချက်ထဲမှာ ကြေငြာခဲ့တယ်လို့ Anadolu Agency ကဖော်ပြခဲ့ပါတယ်။


ဒီဗုံးပေါက်မှုတွေဟာ နိုင်ငံလုံခြုံရေးကျိုးပေါက်မှုတွေဖြစ်ပြီး နောက်တစ်ကြိမ်ဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင် ကာကွယ်သွားရမှာဖြစ်ကြောင်း အလ်ခါဒ်ဟီမီက ရည်ညွှန်းပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့လူထုလုံခြုံရေးအတွက် ကတိပြုထားခဲ့ပါတယ်။ ဒီကျိုးပေါက်မှုဟာ အရေးတကြီးပြင်ဆင်မှုတွေ လုပ်ရမဲ့ချွတ်ယွင်းချက်တစ်ခုဆိုတာကို ပြသနေတယ်”လို့ သူကပြောကြားခဲ့ပါတယ်။
“စိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့ ထောက်လှမ်းရေးဌာနတွေမှာ အရေးပေါ်ပြင်ဆင်မှုတွေလုပ်ဆောင်သွားရပါမယ် ဒီအရေးကိုကျွန်တော်ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲမှုတွေလုပ်ဆောင်သွားမှာပါ ဒါကြောင့် အခြေအနေအသစ်တွေကို တင်သွင်းသွားမှာဖြစ်သလို အရေးပေါ်လုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်သွားမှာပါ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“ရှေ့လာမဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ ပြီးပြည့်စုံပြီး ထိရောက်တဲ့လုံခြုံရေးအစီအစဉ်တွေ တိုးတက်အောင်လုပ်ဆောင်သွားရမှာဖြစ်သလို လုံခြုံရေးပိုင်းနဲ့ စစ်ဘက်ကဏ္ဍတွေမှာ ပြောင်းလဲမှုအများအပြားတွေလုပ်ခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ဘဂ္ဂဒက်မြို့အသေခံဗုံးခွဲမှုကို အိုင်အက်စ်အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး အသေခံဗုံးခွဲသမားနှစ်ဦးဟာ အဘူယူဆွဖ်အလ်အန်ဆာရီနဲ့ မိုဟာမက်အာရက်ဖ်အလ်မူဂျာဟစ်ဒ်တို့ဖြစ်ကြောင်း Anadolu Agency သတင်းဌာနကဖော်ပြခဲ့ပါတယ်။


Middle East Monitor သတင်းဌာနပါ “Iraq: PM sacks 5 senior security chiefs following deadly bombings in Baghdad” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

********************************************

END / 251

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century