?>

မက္ကာက တရားဟောဆရာ အယောက် ၁၀၀ကျော် ကို ဆော်ဒီ ထုတ်ပယ်

 မက္ကာက တရားဟောဆရာ အယောက် ၁၀၀ကျော် ကို ဆော်ဒီ ထုတ်ပယ်

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့သတိပေးညွှန်ကြားချက်တွေကို လစ်လျူရှုခဲ့တဲ့အတွက် မက္ကာမြို့ ဗလီတွေကဘာသာရေးခေါင်းဆောင်တွေနဲ့ တရားဟောဆရာ အယောက်၁၀၀ကျော်ကို အစ္စလာမ်သာသာရေးရာနဲ့ညွှန်ကြားမှုဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ကွာဆင်မ်ဒေသက တရားဟောဆရာအများအပြားလည်း ထုတ်ပယ်ခံခဲ့ရကြောင်း အလ်ဝါတန်သတင်းစာက ဖော်ပြခဲ့ပါတယ်။

   
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့သတိပေးညွှန်ကြားချက်တွေကို လစ်လျူရှုခဲ့တဲ့အတွက် မက္ကာမြို့ ဗလီတွေကဘာသာရေးခေါင်းဆောင်တွေနဲ့ တရားဟောဆရာ အယောက်၁၀၀ကျော်ကို အစ္စလာမ်သာသာရေးရာနဲ့ညွှန်ကြားမှုဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ကွာဆင်မ်ဒေသက တရားဟောဆရာအများအပြားလည်း ထုတ်ပယ်ခံခဲ့ရကြောင်း အလ်ဝါတန်သတင်းစာက ဖော်ပြခဲ့ပါတယ်။


အစ္စလာမ်သာသနာရေးရာဝန်ကြီး ရှိတ်ခ်အဗ္ဗဒူလာတစ်ဖ်အလ်ဆီကနေတစ်ဆင့် ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို လစ်လျူရှုခဲ့တဲ့ တရားဟောဆရာတွေကို စာရင်းပြုစု               တဲ့နှစ်ပတ်တာ လုပ်ငန်းစဉ်ပြီးနောက် တရားဟောဆရာအယောက် ၁၀၀ကျော်ကို ရာထူးကနေထုတ်ပယ်သွားဖို့ မက္ကာဒေသ အစ္စလာမ် သာသနာေ    ရးနဲ့ညွှန်ကြားရေး            အထွေထွေဦးစီးဌာနက ဝန်ကြီးဌာနကိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

သောကြာနေ့တရားဟောကြားချိန်မှာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ရဲ့အန္တရာယ်တွေအကြောင်း သတိပေးပြောဆိုဖို့ ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းဗလီတွေက တရားဟောဆရာတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အဖြစ် ခေါင်းစဉ်တပ်ပြီးနောက် စီနီယာပညာရှင်များကောင်စီက ညီအစ်ကိုတော်များအဖွဲ့ကိုပိတ်ပင်တဲ့ ထုတ်ပြန်ကြေငြာချက်ရဲ့အဓိကအချက်တွေကို ဖတ်ရွတ်ပြဖို့ သူတို့ကိုညွှန်ကြားထားတာဖြစ်ပါတယ်


မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး အစ္စလာမ်မစ်ဘဝနေထိုင်မှုပုံစံတွေကို ကိုယ်စားပြုခြင်းမရှိကြောင်း စီနီယာပညာရှင်များကောင်စီက သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ဟာ အုပ်ချုပ်သူအစိုးရတွေကိုဆန့်ကျင် တွန်းလှန်ဖို့တိုက်တွန်းတဲ့ သွေဖည်တဲ့အဖွဲ့ဖြစ်ကြောင်း ကောင်စီကသတိပေးခဲ့ပါတယ်။ “ညီအစ်ကိုတော်များအဖွဲ့ရဲ့ တော်လှန်ရေးရည်မှန်းချက်တွေဟာ ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ဘာသာတရားရဲ့ လမ်းညွှန်ဆုံးမမှုတွေနဲ့ သွေဖည်နေသလို သဘောထားကွဲလွဲမှုတွေနဲ့ တော်လှန်ရေးစိတ်တွေကိုသွေးထိုးလှုံ့ဆော်မှုတွေဖြစ်စေပါတယ်” လို့ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။


နိုင်ငံရေးအကျိုးအမြတ်တွေရယူဖို့ ဘာသာရေးဝတ်ရုံနောက်မှာပုန်းနေကြတဲ့ ညီအစ်ကိုတော်များအဖွဲ့နဲ့ တစ်ခြားဒီလိုမျိုးအဖွဲ့တွေနဲ့ပတ်သက်ပြီး နိုင်ငံရဲ့ပေါ်လစီကရှင်းရှင်း            လင်းလင်းရှိထားတယ် လို့ သတင်းအရင်းအမြစ်တွေကဖော်ပြထားပါတယ်။


Saudi Gazette သတင်းဌာနပါ “Over 100 mosque preachers fired for violating directives on Brotherhood” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*