?>

မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ် ဟရမ်ဗလီ တွင် နေ့စဉ် ဝတ်ပြုမှု ကို ​ပြန်လည် ခွင့်ပြု

 မက္ကာမြို့ရှိ  မတ်စ်ဂျစ်ဒ် ဟရမ်ဗလီ တွင် နေ့စဉ် ဝတ်ပြုမှု ကို ​ပြန်လည် ခွင့်ပြု

အစ္စလာမ်သာသနာမှာ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် သတ်မှတ်ထားတဲ့ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီမှာ နေ့စဉ် ဝတ်ပြုခွင့်ကို ဆော်ဒီအာရေဗျ အစိုးရက ပြန့်ဖွင့်ပေးလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစ္စလာမ်သာသနာမှာ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် သတ်မှတ်ထားတဲ့ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီမှာ နေ့စဉ် ဝတ်ပြုခွင့်ကို ဆော်ဒီအာရေဗျ အစိုးရက ပြန့်ဖွင့်ပေးလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မတ်စ်ဂျစ်ဒ်ဟရမ်မှာ နေ့စဉ်ဝတ်ပြုမှုတွေကို လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက ပိတ်ထားခဲ့တာပါ။ ဆော်ဒီနိုင်ငံသားတွေ၊ နိုင်ငံအတွင်းနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ မနေ့ကစတင်ကာ နေ့စဉ် ၅ ကြိမ် လာ​ရောက်ဝတ်ပြုခွင့် ပြန်ရခဲ့ပြီး ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ကနေ ကပ်ရောဂါပြီးသွားတဲ့အထိ တစ်နေ့ကို လူ ၂ သောင်း အွမ္မရာဟ်ပြုခွင့်ပေးဖို့ ဆော်ဒီက စီစဉ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့က ဒီပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို စတင်ခွင့်ပြုခဲ့ပါတယ်။ မနေ့မှာ ၇၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာတော့ နိုင်ငံခြားသားတွေအပါအဝင် ၁၀၀ ရာခိုင်နှုန်းအထိ ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဆော်ဒီဟာ ဇူလိုင်လကလည်း ဟဂ်ျဘုရားဖူးခရီးစဉ်ကို လူ ၁ သောင်းနဲ့ အကျဉ်းရုံးကျင်းပခဲ့ပြီး နည်းပညာကို အောင်မြင်စွာအသုံးချနိုင်တာကြောင့် ကိုဗစ်ကူးစက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

*********************************************************

END  / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*