?>

မွတ်စလင်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ဆယ်ကျော်သက် လူငယ် ကို စင်္ကာပူဖမ်းဆီး

မွတ်စလင်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ဆယ်ကျော်သက် လူငယ် ကို စင်္ကာပူဖမ်းဆီး

မွတ်စလင်အယောက်၅၀ကျော်အသတ်ခံခဲ့ရတဲ့ ၂၀၁၉ ခရစ်ချာ့ အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ မတ်လ ၁၅ရက်နေ့မှာ ဗလီနှစ်လုံးက မွတ်စလင်တွေကို သတ်ဖြတ် ဖို့အကွက်ချစီစဉ်မှု အတွက် စင်္ကာပူဆယ်ကျော်သက်တစ်ဦးကို နိုင်ငံရဲ့ပြင်းထန်တဲ့ပြည်တွင်းလုံခြုံရေးအက်ဥပဒေ(ISA) နဲ့ ဖမ်းဆီးလိုက်ကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


မွတ်စလင်အယောက်၅၀ကျော်အသတ်ခံခဲ့ရတဲ့ ၂၀၁၉ ခရစ်ချာ့ အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ မတ်လ ၁၅ရက်နေ့မှာ ဗလီနှစ်လုံးက မွတ်စလင်တွေကို သတ်ဖြတ် ဖို့အကွက်ချစီစဉ်မှု အတွက် စင်္ကာပူဆယ်ကျော်သက်တစ်ဦးကို နိုင်ငံရဲ့ပြင်းထန်တဲ့ပြည်တွင်းလုံခြုံရေးအက်ဥပဒေ(ISA) နဲ့ ဖမ်းဆီးလိုက်ကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။


အိန္ဒိယအနွယ် ပရိုတက်စတင့်ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ၁၆နှစ်အရွယ်ကျောင်းသားဟာ ဒီလိုဥပဒေတွေနဲ့ဖမ်းဆီးခံလိုက်ရတဲ့ အသက်အငယ်ဆုံးအရွယ်ဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ ဒီဆယ်ကျော်သက်လူငယ်လေးဟာ လက်ယာယိမ်းအစွန်းရောက်အတွေးအခေါ်တွေ လွှမ်းမိုးခြင်းခံ ရသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။


“သူဟာ စင်္ကာပူက ဗလီနှစ်လုံးမှာရှိနေတဲ့ မွတ်စလင်တွေကို ဓါးရှည်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ အသေးစိတ်ပြင်ဆင်စီစဉ်နေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်” လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ISA အက်ဥပဒေဟာ တရားရုံးတင်ကြားနာခြင်းမလုပ်ပဲ ဖမ်းဆီးပိုင်ခွင့်ပေးထားပါတယ်။ အမည်ဖော်ပြခြင်းမရှိတဲ့ ဒီဆယ်ကျော်သက် လူငယ်ဟာ သူ့ရဲ့လမ်းကြောင်းတွေကိုမြေပုံရေးဆွဲခဲ့ပြီး သူ့အိမ်အနီးမှာရှိတဲ့ အက်စ်ယာဖာဟ်ဗလီနဲ့ ယူဆွဖ်အီရှိခ်ဗလီတို့ကို ပစ်မှတ်ထားရွေးချယ်ခဲ့သလို သူ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုလည်း တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးသွားဖို့ရည်ရွယ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။


သူဟာအစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်မုန်းတီးနေပြီး အကြမ်းဖက်မှုတွေလုပ်ဖို့ စိတ်ဝင်စားနေတဲ့ အစွန်းရောက်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ အီရတ်နဲ့ဆီးရီးယားက အိုင်အက်စ်အဖွဲ့ရဲ့ ဝါဒဖြန့်ဗီဒီယိုတွေကိုလည်းကြည့်ခဲ့ပြီး အိုင်အက်စ်ဟာ အစ္စလာမ်ကိုကိုယ်စားပြုတယ်လို့ လွဲမှားစွာကောက်ချက်ချခဲ့ပြီး မယုံကြည်သူတွေကိုသတ်ဖို့ အစ္စလာမ်ကလမ်းညွှန်ထားတယ်လို့ ယုံကြည်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာနကထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။


ဒီဆယ်ကျော်သက်လူငယ်ဟာ ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့က နယူးဇီလန် ခရစ်ချာ့ကဗလီနှစ်လုံးမှာ သောကြာနေ့ဝတ်ပြုဖို့တက်ရောက်လာတဲ့ မွတ်စလင် ၅၁ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့သူ သြစတြေးလျလူဖြူလူမျိုးကြီးဝါဒအစွန်းရောက် ဘရန်တန်တာရန့်ရဲ့ လွှမ်းမိုးမှုတွေခံခဲ့ရတယ်ဆိုတာ ရှင်းလင်းကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ တာရန့်ဟာလည်း သူ့ရဲ့ပစ်ခတ်သတ်ဖြတ်မှုကို ဖေ့စ်ဘုတ်မှာ တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ တာရန့်ကို နယူးဇီလန် တရားရုံးက ပြီးခဲ့တဲ့နှစ် သြဂုတ်လကပဲ လွတ်ငြိမ်းချမ်းသာခွင့်မရှိထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။


“ဆယ်ကျော်သက်ကောင်လေးက သေမယ်ဆိုတာသိသိကြီးနဲ့ အပြည့်အဝပြင်ဆင်ခဲ့တာပါ သူကသေဖို့ထိပါပြင်ဆင်ထားတာ” လို့ ဥပဒေနဲ့ပြည်ထဲရေးဝန်ကြီး ကေရှာမူဂမ် ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံမီဒီယာကဖော်ပြခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Singapore teenager arrested for plotting attack on Muslims” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*