?>

မန္တလေးတိုင်း စစ်ကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီး ဆေးရုံရောက်

မန္တလေးတိုင်း စစ်ကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီး ဆေးရုံရောက်


မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရလို့  မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဦးမောင်ကိုဟာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိခဲ့ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ခွဲစိတ်ကုသဆောင်၂ ၊ ကုတင်အမှတ် - ၁ မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့နှုန်း သိသိသာသာများလာတဲ့အပြင် ကိုဗစ်နဲ့ သေဆုံးသူဟာ တစ်ရက်ကို အယောက် ၁၀၀ လောက်ရှိတယ်လို့ ပရဟိတ အသင်းတွေဆီကနေ သိရပါတယ်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*