?>

မန္တလေးမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သေစေလောက် တဲ့လက်နက်တွေ နဲ့ ပစ်ခတ်မှု ဟာ ဆင်ခြေပေး လို့မရ တဲ့ကိစ္စဖြစ်ကြောင်း စင်္ကာပူထုတ်ပြန်

မန္တလေးမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သေစေလောက် တဲ့လက်နက်တွေ နဲ့ ပစ်ခတ်မှု ဟာ ဆင်ခြေပေး လို့မရ  တဲ့ကိစ္စဖြစ်ကြောင်း စင်္ကာပူထုတ်ပြန်

မန္တလေးမြို့မှာ လူနှစ်ဦးသေဆုံးခဲ့တဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် လက်နက်မဲ့အရပ်သားတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေစေလောက်တဲ့ လက်နက်တွေ အသုံးပြုမှုဟာ ဆင်ခြေပေးလို့မရတဲ့ လက်သင့်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန(MFA)က စနေနေ့ကထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

                                                                                                                                                                                                                                                                                                                         
မန္တလေးမြို့မှာ လူနှစ်ဦးသေဆုံးခဲ့တဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် လက်နက်မဲ့အရပ်သားတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေစေလောက်တဲ့ လက်နက်တွေ အသုံးပြုမှုဟာ ဆင်ခြေပေးလို့မရတဲ့ လက်သင့်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန(MFA)က စနေနေ့ကထုတ်ပြန်လိုက်ပါတယ်။


မန္တလေးမြို့ သင်္ဘောကျင်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေတဲ့လူအုပ်ထဲ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်ဆံတွေကော ကျည်ဆံအစစ်တွေနဲ့ပါပစ်ခတ် ခဲ့တာကြောင့် လက်ရှိရရှိထားတဲ့သတင်းတွေအရ အရပ်သား၂ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာကျန်းမာရေးလုပ်သားတွေက ထုတ်ပြန် ထား ပါတယ်။


“မြန်မာနိုင်ငံကဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်အစစ်တွေအသုံးပြုပြီး အင်အားသုံးပစ်ခတ်ခဲ့မှုကြောင့် အရပ်သားတွေေ သကျေဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တုန်လှုပ်  ချာက်ချားမိပါတယ်။ လက်နက်မဲ့အရပ်သားတွေအပေါ် သေစေလောက်တဲ့လက်နက်တွေအသုံးပြုမှုနဲ့ပတ်သက်ပြီး ဆင်ခြေပေးလို့မရသလို လက်သင့်ခံနိုင်စရာကိစ္စမဟုတ်ပါဘူး။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နောက်ထပ်လူ့အသက်တွေဆုံးရှုံးမှုမရှိစေဖို့ နဲ့ အရပ်သားတွေထိခိုက်ဒဏ်ရာရရှိစေနိုင်တဲ့ လုပ်ဆောင်မှုတွေကိုရှောင်ကြဉ်ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ်။ ဒါ့အပြင် တင်းမာနေတဲ့အခြေအနေလျော့ကြစေဖို့နဲ့ တည်ငြိမ်မှုရရှိစေတဲ့ခြေလှမ်းတွေချက်ခြင်းအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ကိုပါ တိုက်တွန်းပါတယ်” လို့ MFA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။


နောက်ထပ်သွေးချောင်းစီးတဲ့ဖြစ်ရပ်တွေ အကြမ်းဖက်မှုတွေဖြစ်မလာအောင် ကာကွယ်တားဆီးဖို့ အာဏာပိုင်တွေကို MFA ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ပြန်တင်ပေးဖို့အပါအဝင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နှစ်ဖက်စလုံးအနေနဲ့နိုင်ငံရေးဖြေရှင်းချက်ကို ရှာဖွေသွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကျင့်သုံးခြင်းမပြုပဲ နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေကနေ အဖြေရှာသွားဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။


“အခြေအနေတင်းမာမှုတွေဆက်လက်အရှိန်မြင့်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာကော ဒေသတွင်းမှာပါ ဆိုးဝါးတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာလိမ့်မယ်” လို့ သူက ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။


Channel News Asia သတင်းဌာနပါ “Singapore says use of lethal force in Myanmar against unarmed protesters ‘inexcusable’ after deaths reported” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanamar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century