?>

မန္တလေး တွင် ကြက်ဥနှင့် အခြေခံ စားသုံး ကုန် ဈေးနှုန်းများ မြင့်တက်

  မန္တလေး တွင် ကြက်ဥနှင့် အခြေခံ စားသုံး ကုန် ဈေးနှုန်းများ မြင့်တက်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဇူလိုင် ဒုတိယအပတ်က စတင်ပြီး ကြက်ဥ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ Mask ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဇူလိုင် ဒုတိယအပတ်က စတင်ပြီး ကြက်ဥ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့ Mask ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

မန္တလေးမြို့မှာ အရင်က ကြက် ၁ လုံး ၁၂၅ ကျပ် ရှိခဲ့ရာကနေ အခုလက်ရှိမှာတော့ ၁ လုံး ၂၃၀ ကျပ်၊ ဈေး နှစ်ဆလောက် ဈေးတက်သွားခဲ့တာပါ။

လက်ရှိ ဈေးကွက်အတွင်း မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ မြစ်သားကြက်သွန်နီ ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၇၀၀ ကျပ်ကြား၊ ကြက်သွန်ဖြူ (ဗမာဥ) ၁ ပိဿာ ၂၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ကြားရှိပါတယ်။

အာလူး (အနီသီး) ၁ ပိဿာ ၉၅၀ ကျပ်ကနေ ၁၂၀၀ ကျပ်ကြား၊ မန်ကျည်းသီး (အစေ့လွတ်) ၁ ပိဿာ ၃၀၀၀ ကျပ်၊ ဂျင်း ၁ ပိဿာ ၁၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်ကြား၊ အချိုမှုန့် ၁ ထုပ် ၈၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်ကြား၊ ဆားသန့် ၁ ပိဿာ ၆၀၀ ကျပ်၊ ဆားကြမ်း တစ်ပိဿာ ၅၀၀ ကျပ်၊ မဆလာ ၁ ထုပ် ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်ကြား၊ ဂျင်းမှုန့် ၁ ဘူး ၅၀၀ ကျပ် ဈေးရှိပါတယ်။

မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေကတော့ ကုန်ပစ္စည်းအပေါ် မူတည်ပြီး ပုံမှန် ဈေးနှုန်းထက် ၅၀ ကျပ်ကနေ ၃၀၀ကျပ်ကြား ဈေးမြှင့်တက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တစ်ခါသုံး Mask ၅၀ ပါ ၁ ဘူးကိုလည်း အရင် ၁၀၀၀ ဝန်းကျင်ရှိရာကနေ ဇွန်လတတိယအပတ်မှာ ၁၅၀၀ ကျပ်ဝန်းကျင်၊ ဇူလိုင် ဒုတိယပတ်မှာတော့ ၃၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့တာပါ။

မန္တလေးတိုင်းမှာ ကြက်ဥ၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ Mask အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေး ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့တာလို့ ဈေးဆိုင်ရောင်းချသူတွေဆီက သိရပါတယ်။
****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*