?>

ယီမင်ဟာ ဆယ်စုနှစ်တွေ အတွင်းကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအငတ်ဘေး ဆိုက်လု ဆဲဆဲအန္တရာယ်ရှိနေပြီ လို့ကုလသတိပေး

ယီမင်ဟာ  ဆယ်စုနှစ်တွေ အတွင်းကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအငတ်ဘေး ဆိုက်လု ဆဲဆဲအန္တရာယ်ရှိနေပြီ လို့ကုလသတိပေး

စစ်ပွဲဒဏ်ခံနေရတဲ့ ယီမင်မှာ ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်မှာအဆိုးရွားဆုံး ငတ်မွတ်ဘေးဆိုက်လုဆဲဆဲအခြေအနေကို မြင်တွေ့နေရကြောင်း ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်ဇ်က သတိပေးပြောကြားလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ပွဲဒဏ်ခံနေရတဲ့ ယီမင်မှာ ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်မှာအဆိုးရွားဆုံး ငတ်မွတ်ဘေးဆိုက်လုဆဲဆဲအခြေအနေကို မြင်တွေ့နေရကြောင်း ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်ဇ်က သတိပေးပြောကြားလိုက်ပါတယ်။


ချက်ခြင်းအရေးတယူလုပ်ဆောင်မှုတွေမရှိရင် လူ့အသက်သန်းနဲ့ချီသေဆုံးရနိုင်ကြောင်း ဂူတာရက်ဇ်က သောကြာနေ့ကသတိပေးပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်ကို အဆုံးစွန်ဖိအားပေးရေးကမ်းပိန်း အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဟူတီအဖွဲ့ကိုအမည်ပျက်စာရင်းသွင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ဂူတာရက်ဇ်ရဲ့ သတိပေး မှုထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။


ဒီလုပ်ရပ်ဟာနိုင်ငံတွင်းလူ့အသက်ကယ်ဆယ်ရေးထောက်ပံ့မှုတွေကို တားဆီးနိုင်တာနဲ့ပတ်သက်ပြီး ထောက်ပံ့ရေးလုပ်သားတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ဒီလုပ်ရပ်ဟာ ယီမင်ကအခြေအနေတွေကိုပိုပြီးတော့တောင်ဆိုးသွားစေနိုင်ကြောင်း သူတို့ကဆိုပါတယ်။ “ဒီကပ်ဆိုက်နိုင်တဲ့အခြေအနေတွေ ဖြစ်မလာစေဖို့ အရေးပေါ်လုပ်ဆောင်ကြဖို့ အားလုံးကိုတိုက်တွန်း လိုပါတယ် ဆိုးနေပြီးသားအခြေအနေထက် ပိုပြီးဆိုးသွားစေနိုင်တဲ့လုပ်ရပ်တွေကိုရှောင်ရှားကြဖို့ပါ အားလုံးကိုတောင်းဆိုပါတယ်” လို့ ဂူတာရက်ဇ် ကဆိုပါတယ်။


ဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့ဟာ ဟူတီအဖွဲ့နဲ့တိုက်ပွဲဖြစ်နေတဲ့ အစိုးရတပ်ဖွဲ့တွေကိုအားပေးထောက်ပံ့ဖို့ ၂၀၁၅ခုနှစ်မှာ ယီမင်အရေးကြား ဝင်စွက်ဖက်လာခဲ့တာဖြစ်ပါတယ်။ ညွှန်ပေါင်းအဖွဲ့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက အားပေးထောက်ပံ့ခဲ့ကြပါတယ်။ အမေရိကန်က ဟူတီအဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းသွင်းလိုက်မယ်ဆိုရင် ဟူတီနဲ့ပတ်သက်နေတဲ့ နိုင်ငံအများအပြားအတွက် အခက်အခဲဖြစ်သွားစေမှာဖြစ်ပါတယ်။ အမေရိကန် အရေး ယူပိတ်ဆို့မှုတွေအောက်ရောက်နေ တဲ့ ဟူတီတွေအပေါ် သက်ရောက်မှုတွေဟာ အကန့်အသတ်လောက်ပဲရှိပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးအတွင်း စံချိန်တင် ရန်ပုံငွေထောက်ပံ့မှုတွေဖြတ်တောက် ခံထားရတဲ့ သာမန်ယီမင်လူထုကသာ တန်ဖိုးကြီးကြီးပေးဆပ်ရမှာဖြစ်ပါတယ်။


ယီမင်ကို ကမ္ဘာ့အကြီးမားဆုံးလူသားချင်းစာနာထောက်ထားရေးအကျပ်အတည်းရောက်နေတဲ့နိုင်ငံလို့ ကုလကဖော်ပြခဲ့ပြီး နိုင်ငံလူဦးရေရဲ့၈၀%ဟာ အကူအညီ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။


Al Jazeera သတင်းဌာနပါ “Yemen in imminent danger of world’s worst famine in decades: UN” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*