?>

ရမ်တွာန် ဥပုသ်လ တွင် လူစု၍ ဝါထမင်း စားမှု၊ ဝါဖြေမှု ကို ဆော်ဒီ ခွင့်မပြုသေး

ရမ်တွာန်  ဥပုသ်လ တွင် လူစု၍ ဝါထမင်း စားမှု၊ ဝါဖြေမှု ကို ဆော်ဒီ ခွင့်မပြုသေး

ကိုဗစ်ကူးစက်မှု ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ရမ်တွာန် လ ဗလီဝတ်ကျောင်းတော်တွေမှာ မနက် ဝါထမင်းစုစားတာ၊ ညနေဝါထွက် ဝါစုဖြေတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျ အစိုးရက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ကိုဗစ်ကူးစက်မှု ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ရမ်တွာန် လ ဗလီဝတ်ကျောင်းတော်တွေမှာ မနက် ဝါထမင်းစုစားတာ၊ ညနေဝါထွက် ဝါစုဖြေတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျ အစိုးရက ထုတ်ပြန်ပါတယ်။

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်တွာန် ဥပုသ်လဟာ လာမယ့်တစ်ပတ်မှာ စတင်မှာပါ။ ဥပုသ်လအတွင်း ဗလီတွေ၊ အိမ်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဝါထမင်းစားတာ၊ ဝါဖြေတာတွေ ပုံမှန်ပြုလုပ်လေ့ရှိပေမယ့် ကိုဗစ်ကူးစက်တဲ့ မနှစ်က စတင်ပြီး ဒါတွေ လုပ်ဆောင်လို့ မရတော့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကလည်း ဆော်ဒီဟာ လူစုပြီး ဝါထမင်းစားတာ၊ ဝါဖြေတာတွေကို ပိတ်ပင်ခဲ့သလို၊ ဗလီဝတ်ကျောင်းတွေမှာ ဥပုသ်လတစ်လလုံး သာရာဝီ အထူးဝတ်ပြုဆုတောင်းမှုကိုလည်း ခွင့်မပြုခဲ့ပါဘူး။ အခုနှစ်မှာ သာရာဝီ ဝတ်ပြုဆုတောင်းမှုအတွက် သတင်းမထုတ်ပြန်သေးပေမယ့် ရမ်တွာန်ဥပုသ်လအတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ဆော်ဒီအာရေဗျမှာ တစ်ရက်ကို ကိုဗစ်ကူးစက်သူ ၄၀၀၀ လောက်ရှိခဲ့ပေမယ့် ဇန်နဝါရီလမှာတော့ တစ်နေ့ကို ၁၀၀ အောက်အထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကူးစက်သူ တစ်နေ့ ၇၀၀ လောက်အထိ ပြန်တက်လာပါတယ်။

******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*