?>

ရာဇဝတ်မှု များကို အစ္စရေးမှ ကျူးလွန်ပြီး အကြမ်းဖက် သမားများ စာရင်း တွင် ဟစ်ဘွလ္လာဟ် ကို ထည့်ကြလေ၏ /ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက်

ရာဇဝတ်မှု များကို အစ္စရေးမှ ကျူးလွန်ပြီး အကြမ်းဖက် သမားများ စာရင်း တွင် ဟစ်ဘွလ္လာဟ် ကို ထည့်ကြလေ၏ /ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက်



အန်ဂျွန်မန် ရှရအီ ၊ ဟစ်ဇ် ဘိုလာ လက်ဘနွန် ၏ ဥက္ကဋ္ဌ ဖြစ်သူ ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက် မှ ရာဇဝတ်မှု များကို အစ္စရေးမှ ကျူးလွန်ပြီး အကြမ်းဖက် သမားများ စာရင်း တွင် ဟစ်ဘွလ္လာဟ် ကို ထည့်ကြ ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အန်ဂျွန်မန် ရှရအီ ၊ ဟစ်ဘွလ္လာဟ် လက်ဘနွန် ၏ ဥက္ကဋ္ဌ ဖြစ်သူ ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက် မှ ရန်သူ ဇီယွန် ဝါဒီ (ဆိုက်ယူနစ်) အစ္စရေး အနေဖြင့် အမေရိကန် နှင့် အနောက်နိုင်ငံများ ၏ ပံ့ပိုးကူညီမှု ဖြင့် ပါလက်စတိုင်း တို့အား လူမဆန် သည့် တိုက်ခိုက်မှု များ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဟောင်ဇာ နယူးစ် ၏ သတင်းအထောက်အထားများ အရ အန်ဂျွန်မန် ရှရအီ ၊ ဟစ်ဘွလ္လာဟ် လက်ဘနွန် ၏ ဥက္ကဋ္ဌ ဖြစ်သူ ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက် မှ မတရားသိမ်းပိုက်သူ တရားမဝင် အစ္စရေး အစိုးရ မှ မိမိ၏ ရှိုင်တွာန် (ခ) မာရ်နတ် များ ၏ လုပ်ရပ် များကြောင့် လက်ဘနွန် နိုင်ငံ ကပ်ဆိုက်နေပြီး ဟစ်ဘွလ္လာဟ် မှ ကြံ့ ကြံ့ခံ ခုခံ နေကြောင်း အချို့ သူများ သည် တမင် သိလျက် သို့ မဟုတ် မသိ၍ ရန်သူ ၏ စကား ကို လိုက်၍ ထပ်ထပ် ပြန့် နေကြောင်း ပြောကြားခဲ့ပါတယ်။

ရှိက်ခ် မိုဟမ္မဒ် ယဇ်ဗီက် မှဆက်လက်ပြီး အင်္ဂလန် နိုင်ငံ စသည် ဖြင့် နိုင်ငံများ မှ မတရားသိမ်းပိုက်သူ ကိုလိုနီ အစ္စရေး ၏ လုပ်ရပ်ကို မတားဆီး မပိတ်ပင်သည့် အပြင် ဟမာစ် အဖွဲ့ နှင့် ဟစ်ဘွလ္လာဟ် အဖွဲ့ အား အကြမ်းဖက် သမားများ အဖွဲ့ စာရင်းတွင် ထည့် သွင်း နေကြာင်း ပြောကြားခဲ့ပါသည်။ သြစတြေးလျ အစိုးရ မှ လည်း ဟစ်ဘွလ္လာဟ် အား အကြမ်းဖက် စာရင်းတွင် ထည့်ရသည် အကြောင်းမှာ လည်း ၎င်းတို့ ခြေလှမ်းများ ၏ ကွင်းဆက် ဖြစ်ကြောင်း ကို လည်း သတိပြု သင့်ပါတယ်။

 

****************************************************************

END / 251

 

 


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*