?>

ရီယာ့ဒ်မြို့ ဆီဦး တည်တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကို ဆော်ဒီ ကြားဖြတ် ဟန့်တားနိုင်ခဲ့

ရီယာ့ဒ်မြို့ ဆီဦး တည်တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကို ဆော်ဒီ ကြားဖြတ် ဟန့်တားနိုင်ခဲ့

ဟူတီအဖွဲ့ကိုဆန့်ကျင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုယီမင်အစိုးရကို နောက်ခံပြုအားပေးထောက်ခံတဲ့ ဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့က ရီယာ့ဒ်မြို့ဆီဦးတည်သွားတဲ့ ကျူးကျော်လေကြောင်းပ စ်မှတ်တစ်ခုကို ကြားဝင်ဟန့်တားဖျက်ချခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာန အလ်အက်ခ်ဘာရီယာရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စနေနေ့က ရီယာ့ဒ်ကို ဒရုန်းဒါမှမဟုတ် မစ်ဆိုင်းဒုံးကျည်နဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆော်ဒီကကြားဖြတ်ဟန့်တား ဖျက်ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ လူမှုမီဒီယာ အသုံးပြုသူတွေဟာ ရီယာ့ဒ်မြို့ကောင်းကင်ယံက ပေါက်ကွဲမှု ဗီဒီယိုတွေကို ဝေမျှခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဆော်ဒီစံတော်ချိန် မနက် ၁၁နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


“အသံအကျယ်ကြီးကြားလိုက်ရတယ် ပြီးတော့ကောင်းကင်ကနေတစ်ခုခုပြုတ်ကျလာတယ်လို့ထင်တယ်” လို့ ရီယာ့ဒ်မြို့ အလ်ဆူလိုင်မာနီယာဟ်ခရိုင်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “တစ်အိမ်လုံး လည်းလှုပ်သွားတယ်”လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ဟူတီအဖွဲ့ကိုဆန့်ကျင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုယီမင်အစိုးရကို နောက်ခံပြုအားပေးထောက်ခံတဲ့ ဆော်ဒီဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့က ရီယာ့ဒ်မြို့ဆီဦးတည်သွားတဲ့ ကျူးကျော်လေကြောင်းပ စ်မှတ်တစ်ခုကို ကြားဝင်ဟန့်တားဖျက်ချခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာန အလ်အက်ခ်ဘာရီယာရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စနေနေ့ကရီယာ့ဒ်ဆီဦးတည်တဲ့ မစ်ဆိုင်းဒုံးကျည် ဒါမှမဟုတ် ဒရုန်းနဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဟူတီအဖွဲ့က မှတ်ချက်ပြုထားခြင်းမရှိသေးပါဘူး။ လေယာဉ်ခရီးစဉ်အများအပြားကိုလည်း ရွှေ့ဆိုင်းလိုက်ကြောင်း ရီယာ့ဒ်ရဲ့ ကင်းခါလိဒ်နိုင်ငံတကာလေဆိပ်က ပြောကြားခဲ့ပြီး ဒါဟာစနေနေ့ကဖြစ်ရပ်နဲ့ဆက်စပ်မှုရှိမရှိ ရှင်းလင်းမှုမရှိပါဘူး။ ရီယာ့ဒ်မှာရှိတဲ့ အမေရိကန်သံရုံးကလည်း နောက်ဖြစ် လာနိုင်တဲ့တိုက်ခိုက်မှုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတိဝိရိယနဲ့နေကြဖို့ အမေရိကန်နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ ယီမင်ပြည်တွင်းစစ်ထဲကြား ဝင်စွက်ဖက်ပြီးက တည်းက ဆော်ဒီဟာ ဟူတီလက်နက်ကိုင်အဖွဲ့ရဲ့ အကြိမ်ကြိမ်ပစ်မှတ်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။


ဒါပေမယ့်လည်း ယီမင်နယ်စပ်ကနေ ၇၀၀ကီလိုမီတာ (၄၃၅မိုင်) ကွာဝေးတဲ့ဆော်ဒီမြို့တော်ဆီ ဟူတီရဲ့မစ်ဆိုင်းဒုန်းကျည်(သို့) ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်တွေဟာ ရှားပါးပါတယ်။
Al Jazeera သတင်းဌာနပါ “Blast heard in Riyadh as Saudi Arabia intercepts hostile target” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်

********************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*