ဂျွန်မ်အသိုလ်ဝေဒါအ် (ခ) လမြတ် ရမ်တွာန် နောက်ဆုံး အပတ်၏ သောကြာနေ့ တွင် ဖတ်ရမည့် ဒိုအာ အား အဗ်နာ ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဤဒိုအာ အား အင်န်ရှာအလ္လာဟ် ... မဖြစ်မနေ ဖတ်ကြပါလေ ...
ရှိက်ခ် ဆူဒူက် (ရ.ဟ) အနေဖြင့် ဂျာဗေရ် ဗင်န်အဗ်ဒိုလ္လာဟ် အန်ဆွာရီ ထံမှ ဆင့် ဆို ထားပါသည်။ မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံတော်တွင်ခစားဝင်ပါသည်။ထိုနေ့သည် လမြတ် ရမ်တွာန် နောက်ဆုံး အပတ်၏ သောကြာနေ့ ဖြစ်သည်။
တမန်တော်မြတ်ကြီးမိုဟမ္မဒ် (ဆွ) မှ ကျနော်ကို မြင်တော်မူပြီးနောက် မိန့်တော်မူ၏ ။
အိုဂျာဗေရ် ဒီနေ့ ဟာ လမြတ် ရမ်တွာန် နောက်ဆုံး အပတ်၏ သောကြာနေ့ ဖြစ်ပါတယ် ...ဤအတွက်ကြောင့် လမြတ် ရမ်တွာန် နောက်ဆုံး အပတ်၏ သောကြာနေ့ ကို (အောက်ဖော်ပြပါဒိုအာ) ကိုတောင်းခံပါ ....
اللَّهُمَّ لَا تَجْعَلْهُ آخِرَ الْعَهْدِ مِنْ صِيَامِنَا إِيَّاهُ فَإِنْ جَعَلْتَهُ فَاجْعَلْنِي مَرْحُوماً وَ لَا تَجْعَلْنِي مَحْرُوماً
ဒိုအာ ၏ အဓိပ္ပာယ်
အိုအလ္လာဟ် ဟို အရှင်မြတ် သခင် ... ဤလမြတ် ရမ်တွာန် ၏ ရိုဇဟ် အား ကျနော်မျိုးအတွက် နောက်ဆုံး ရိုဇဟ် အဖြစ် သတ်မှတ်တော် မမူပါနှင့်။ ပြီးနောက် အကယ်၍ အရှ်အနေဖြင့် နောက်ဆုံး အဖြစ်သတ်မှတ်ခဲ့မည်ဆိုလျင် ကျနော်အပေါ် ရဟ်မသ်တော်ချပေးခြင်းခံထားရသူအဖြစ် သတ်မှတ်ပေးတော်မူပါ။ ရဟ်မသ်တော်မှကင်းဝေခံရသူအဖြစ် မသတ်မှတ်တော်မူပါနှင့်။
မည်သူမဆို ဤဒိုအာ အားတောင်းဆိုမည်ဆိုလျင် မုချ ဧကန် အကျိုးအမြတ် ၂ ခု မှ တစ်ခုကို ရရှိမည် ဖြစ်ပါတယ် ။ ဆိုလိုသည်မှာ ထိုဒိုအာ တောင်းခံသူသည် နောက်နှစ် ရမ်တွာန်ကိုလည်း ပိုင်ဆိုင်မည်ဖြစ်ပါတယ်။ အသက်ရှင်မှာ ဖြစ်ပါတယ် ။ (အင်န်ရှာအလ္လာဟ် ) ။ သို့မဟုတ် အလ္လာဟ်ဟို အရှင်မြတ် ၏အဆုံးမဲ့ ရဟ်မသ်တော် နှင့် ခွင့်လွတ်ပေးမှုဖြင့် ဘဝအဆုံးသတ်မှုကို ရရှိမည်ဖြစ်ပါတယ်။
မဖာသီဟိုလ်ဂျေနန် ကျမ်း မှ ကောက်နှုတ် တင်ပြပါသည်။
တင်ပြသူ ။ ။ A.F.H.M
****************************************************************
END / 251