?>

အစ္စလာမ်အာပါဒ်မြို့ တွင် အစ္စလာမ့်ဂိုဏ်းပေါင်းစုံ မှ အိုလမာ နှင့် အဖွဲ့ သည် သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မဟာမင်းကြီး နှင့်တွေ့ဆုံ

အစ္စလာမ်အာပါဒ်မြို့ တွင် အစ္စလာမ့်ဂိုဏ်းပေါင်းစုံ မှ အိုလမာ နှင့် အဖွဲ့ သည် သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မဟာမင်းကြီး နှင့်တွေ့ဆုံ

သီရိလင်္ကာ သည် ပါကစ္စတန် နိုင်ငံ မိတ်ဆွေ ကောင်း ဖြစ်ပြီး ဖြစ်ပေါ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှု အဖြစ်အပျက်များကြောင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ကို အားနည်းစေမည် မဟုတ်ကြောင်း ဗဟိုရှီအာ အိုလမာကောင်စီ၏ ဒုဥက္ကဋ္ဌ အလာမာ အာရေဖ် ဟိုစိန် ဝါဟေဒီ မှ ပြောကြားခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ သတင်း အထောက်အထားများ အရ ဗဟို ရှီအာအိုလမာကောင်စီ ၏ ဒုဥက္ကဋ္ဌ အလာမာ အာရေဖ် ဟိုစိန် ဝါဟေဒီ မှ အစွန်းရောက်ဝါဒသည် အစ္စလာမ် ဘာသာနှင့် ပါကစ္စတန် နိုင်ငံအား ကြီးစွာသော ရန်ငြိုးဖွဲ့ မှု နှင့် အသရေ ဖျက်မှု ကို ဖြစ်စေ ကြောင်း ကျွန်ုပ်တို့အားလုံး စုပေါင်း၍ ဤ အစွန်းရောက်ဝါဒ နှင့် အသိဥာဏ်မဲ့မှု ကို တိုက်ထုတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံ၏ မြို့တော် အစ္စလာမ်အာပါဒ် မြို့ တွင် ထင်ရှားကျော်ကြားသည့် ထိပ်တန်း ဂိုဏ်းပေါင်းစုံ ၏ အိုလမာ နှင့် ဆရာတော်ကြီးများ အဖွဲ့ မှ သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မဟာမင်းကြီး နှင့်တွေ့ဆုံ ခဲ့ ပြီး Sialkot အဖြစ်ဆိုး နှင့် ပတ်သက်ပြီး မီဒီယာ များနှင့် ပြောဆိုခဲ့ကြပါတယ်။

မီဒီယာ နှင့် ပြောဆိုသူများတွင် ဗဟိုရှီအာ အိုလမာကောင်စီ၏ ဒုဥက္ကဋ္ဌ အလာမာ အာရေဖ် ဟိုစိန် ဝါဟေဒီ ၊ အမျိုးသားညီညွတ်ရေး ကောင်စီ ၏ ဥက္ကဋ္ဌ ဆာဟေဗ် ဇာဒေဟ်အဗူလ်ခိုင်းရ် ၊ အစ္စလာမ်မစ် အမြင် ကောင်စီ ၏ ဥက္ကဋ္ဌ ဒေါက်တာ ကေဗ်လာအရာဇ် ၊ သီရိလင်္ကာ ဆိုင်ရာ မဟာမင်းဆိုင်ရာကြီး မူဂျမ် ဗီဂျေ ဗီကရမ် ၊ ပါမောက္ခ ဆာဂျစ်ဒ် မီးရ် ၊ မွဖ်သီ သကီ အွတ်စမန်နီ ၊ ပီးရ်ဟာမစ်ဒ် ကာစမီး ၊ အလာမာ သွာဟေရ် အရှ်ရဖီ ၊ မောင်လာနာ အဗ်ဒိလ်ခဗီးရ်အာဇါဒ် ၊ ပီးရ်အလီ ရေဇာ ဘူခါရီ ၊အခြား အိုလမာ နှင့် ဆရာတော်ကြီးဖြစ်ပါတယ်။

အလာမာ အာရေဖ် ဟိုစိန် ဝါဟေဒီ မှ မီဒီယာ နှင့် စကားပြောဆိုချိန်တွင် သီရိလင်္ကာ အစိုးရ ၊ ပြည်သူ နှင့် အသတ်ခံရသူ၏ မိသားစု ဝင်များ အပေါ် ကိုယ်ချင်းစာ၊ စာနာ ကြောင်း ကို ပြရန် လာခဲ့ကြသည် ဖြစ်ကြောင်း ရက်စက် ကြမ်းကြုတ် မှုအား အစ္စလာမ်ဘာသာ နှင့် ပါကစ္စတန် နိုင်ငံ ၏ တရားဥပဒေ တွင် မပြ ဌာန်း ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး သီရိလင်္ကာ သည် ပါကစ္စတန် နိုင်ငံ မိတ်ဆွေ ကောင်း ဖြစ်ပြီး ဖြစ်ပေါ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှု အဖြစ်အပျက်များကြောင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ကို အားနည်းစေမည် မဟုတ်ကြောင်း ပါကစ္စတန် တစ်နိုင်ငံ လုံး၏ သတင်း စကားကို ယူလာကြောင်း အစွန်းရောက်ဝါဒသည် အစ္စလာမ် ဘာသာနှင့် ပါကစ္စတန် နိုင်ငံအား ကြီးစွာသော ရန်ငြိုးဖွဲ့ မှု နှင့် အသရေ ဖျက်မှု ကို ဖြစ်စေ ကြောင်း ကျွန်ုပ်တို့အားလုံး စုပေါင်း၍ ဤ အစွန်းရောက်ဝါဒ နှင့် အသိဥာဏ်မဲ့မှု ကို တိုက်ထုတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုလမာ ၏စကားအပြီး သီရိလင်္ကာ ဆိုင်ရာ မဟာမင်းဆိုင်ရာကြီး မူဂျမ် ဗီဂျေ ဗီကရမ် မှ အစ္စလာမ့် ဂိုဏ်းပေါင်းစုံ မှ အိုလမာ နှင့်အဖွဲ့ အား ကျေးဇူးတင် ကြောင်း နှစ် နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု ကို မထိခိုက်စေဘဲ ယခင်ထက်ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251

 

 

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*