?>

အစ္စရေးနိုင်ငံ တဲလ်အဗစ် မှာ သံရုံးဖွင့် သွားဖို့ ယူအေအီး အစိုးရ ဝန်ကြီးများ အဖွဲ့က သဘောတူ ခွင့်ပြု

အစ္စရေးနိုင်ငံ တဲလ်အဗစ် မှာ သံရုံးဖွင့် သွားဖို့ ယူအေအီး အစိုးရ ဝန်ကြီးများ အဖွဲ့က သဘောတူ ခွင့်ပြု

အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာ သံရုံးဖွင့်သွားဖို့ ယူအေအီးအစိုးရဝန်ကြီးများအဖွဲ့က သဘောတူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သလို အဘူဒါဘီသံရုံးဖွင့်လှစ်တော့မှာဖြစ်ကြောင်း အစ္စရေးကလည်းကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာ သံရုံးဖွင့်သွားဖို့ ယူအေအီးအစိုးရဝန်ကြီးများအဖွဲ့က သဘောတူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သလို အဘူဒါဘီသံရုံးဖွင့်လှစ်တော့မှာဖြစ်ကြောင်း အစ္စရေးကလည်းကြေငြာခဲ့ပါတယ်။


ယူအေအီးဟာ သြဂုတ်လမှာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်သွားဖို့ သဘောတူခဲ့ပြီး ဒီလုပ်ရပ်ဟာ တရားမဝင်ကျူးကျော်သိမ်းပိုက်ထားတဲ့နယ်မြေတွေကနေ အစ္စရေးကိုဆုတ်ခွာသွားဖို့နဲ့ ပါလက်စတိုင်းတွေလက်ခံတဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုလက်ခံသွားမှသာ အာရပ်နိုင်ငံတွေနဲ့သံတမန်ဆက်ဆံရေးထူထောင်ခွင့်ရမဲ့ ပန်-အာရပ် ကာလရှည်ကြာရပ်တည်ချက်ကို အားနည်း သွားမှာကို ပါလက်စတိုင်းတွေကစိုးရိမ်နေကြပါတယ်။


သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ယူအေအီးဟာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူခဲ့ပြီးနောက် မကြာခင်မှာပဲ ဘာရိန်း ဆူဒန် နဲ့ မော်ရိုကိုတို့ဟာလည်း အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်လိုက်ကြပါတယ်။

ဒီသဘောတူညီချက်တွေဟာ နောက်ကျောဓါးနဲ့ထိုးတဲ့လုပ်ရပ်အဖြစ် ပါလက်စတိုင်းတွေက ရှုတ်ချခဲ့ကြပါတယ်။ အစ္စရေးမှာ ယူအေအီးသံရုံးဖွင့်ဖို့နဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ် သတင်းတွေ ထွက်ပေါ်လာခြင်းတော့မရှိသေးပါဘူး။ အစ္စရေးအစိုးရက ဂျေရုဆလင်ကိုသူတို့မြို့တော်အဖြစ် သတ်မှတ်ထားပေမယ့် နိုင်ငံတကာအသိုင်းအဝန်းအများစုကတော့ အသိအမှတ်ပြုခြင်းမရှိသလို နိုင်ငံအများစုကလည်း သူတို့သံရုံးတွေကို တဲလ်အဗစ်မြို့မှာဖွင့်လှစ်ထားပါတယ်။


နိုင်ငံရဲ့သံတမန်အဖွဲ့ရောက်ရှိလာမှုနဲ့အတူ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပဲ အဘူဒါဘီမှာ အစ္စရေးသံရုံးဖွင့်လှစ်ခဲ့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာမှာ ပုံမှန်ဆက်ဆံရေးထူထောင်ပြီးကတည်းက နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်းတွေပြေးဆွဲနေပြီး အစ္စရေးခရီးသွားဧည့်သည် ထောင်နဲ့ချီယူအေအီးကို အလည်အပတ်ရောက်ရှိလာခဲ့သလို ကုန်သွယ်ရေးဖလှယ်မှုအမြောက်အများလည်းရှိခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “UAE cabinet approves establishing embassy in Tel Aviv” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


********************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*