?>

အစ္စရေး ကို အမေရိကန်ရဲ့ ထောက်ပံ့ ကူညီ ပေးနေမှုတွေ အဆုံးသတ်ဖို့ တက်ကြွလှုပ်ရှားသူများ ထပ်မံတောင်းဆို

အစ္စရေး ကို အမေရိကန်ရဲ့ ထောက်ပံ့  ကူညီ    ပေးနေမှုတွေ အဆုံးသတ်ဖို့ တက်ကြွလှုပ်ရှားသူများ ထပ်မံတောင်းဆို

မကြာသေးမီက အမေရိကန်မြို့တော်သို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂတ်ဇ်လာရောက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က ပါလက်စတိုင်းလူ့အခွင့်အရေးဆိုင်ရာအားပေးထောက်ခံသူတွေက ရှုတ်ချခဲ့ပြီး အစ္စရေးသို့ ချွင်းချက်မရှိအမေရိကန်က စစ်ဘက်ဆိုင်ရာထောက်ပံ့ကူညီပေးပို့နေမှုကို အဆုံးသတ်ဖို့ ထပ်မံတောင်းဆိုခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



မကြာသေးမီက အမေရိကန်မြို့တော်သို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂတ်ဇ်လာရောက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က ပါလက်စတိုင်းလူ့အခွင့်အရေးဆိုင်ရာအားပေးထောက်ခံသူတွေက ရှုတ်ချခဲ့ပြီး အစ္စရေးသို့ ချွင်းချက်မရှိအမေရိကန်က စစ်ဘက်ဆိုင်ရာထောက်ပံ့ကူညီပေးပို့နေမှုကို အဆုံးသတ်ဖို့ ထပ်မံတောင်းဆိုခဲ့ကြပါတယ်။


အစ္စရေးဟာသူတို့ရဲ့ မစ်ဆိုင်းဒုံးကျည်ကြားဖြတ်ဟန့်တားတဲ့ အိုင်ရွန်ဒုံးကာကွယ်ရေးစနစ်ကို ပြန်လည်ဖြည့်တင်းဖို့ အမေရိကန်ကို ဒေါ်လာ ၁ဘီလီယံ ထောက်ပံ့ပေးဖို့တောင်းဆိုလိမ့်မှာဖြစ်သလို အစ္စရေးလေတပ်အတွက် လက်နက်ခဲယမ်းတွေဝယ်ယူသွားလိမ့်မယ်လို့ အမေရိကန်လွှတ်တော်အမတ်လင်ဆေးဂရေဟန်က သတင်းထောက်တွေကို ပြီးခဲ့တဲ့အပတ်တုန်းက ပြောကြားခဲ့ပါတယ်။


ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြှာင်ဒေသကို အစ္စရေးရဲ့လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၇ဦးအပါအဝင် ပါလက်စတိုင်း ၂၃၅ ဦးထက်မနည်းသေဆုံးခဲ့ရသလို ဂါဇာက ဟားမက်စ်အဖွဲ့ရဲ့ရောကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာကလေးငယ်နှစ်ဦးအပါအဝင် လူ၁၂ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ “နိုင်ငံတော်ဌာနရုံးက နှစ်စဉ်အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာ၃.၈ ဘီလီယံ အစ္စရေးကိုထောက်ပံ့ပေးနေမှုအပြင် ဒေါ်လာ ၇၃၅သန်းရှိ လက်နက်ရောင်းချမှုတွေကို အရှိန်မြင့်ကြိုးစားနေပြီးဖြစ်ပါတယ်” လို့ ပါလက်စတိုင်းဆိုင်ရာ အမေရိကန်မွတ်စလင်များအဖွဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေးပြန်ကြားရေးမှူး မိုဟာမက်ဟာဘိဟ်က အလ်ဂျာဇီးယားသတင်းကိုဌာနကိုပြောကြားခဲ့ပါတယ်။


“ကလေးငယ် ၆၀ ကျော်ကိုသတ်ဖြတ်မှုအပါအဝင် ဂါဇာကို အလုံးစုံဖျက်ဆီးရေးလုပ်ပြီးနောက် နောက်ထပ်ဒေါ်လာ ၁ဘီလီယံတောင်းဖို့ အမေရိကန်ကိုလာဖို့လုပ်တာ တကယ်ကိုနားမလည်နိုင်တော့ဘူး” လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ဂတ်ဇ် နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလိုင်ဗန်တို့ ကြာသာပတေးနေ့မနက်က စည်းဝေးပွဲသတင်းတွေမှာ စစ်ဘက်ထောက်ပံ့ကူညီမှုအဖြစ် အစ္စရေးက ဒေါ်လာ၁ဘီလီယံ တောင်းဆိုခဲ့မှုရှိမရှိ ဖော်ပြခဲ့ခြင်းမရှိပါဘူး။


ဂတ်ဇ်က သူဟာ အစ္စရေးရဲ့ QME ကိုကာကွယ်ရေး ဆူလိုင်ဗန်နဲ့ဆွေးနွေးခဲ့တယ်လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။ QME ဟာ စစ်ဘက်အရည်အသွေးတိုးမြှင့်ရေး လုပ်ငန်းစဉ်ဖြစ်ပြီး အစ္စရေးရဲ့နည်းပညာပိုင်းနဲ့ စစ်ဘက်စွမ်းဆောင်ရည်ပိုင်းတွေမြှင့်တင်မှုတွေကို ရည်ညွှန်းထားတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကနေ အမေရိကန်ကဆယ်စုနှစ်နဲ့ချီ ရက်ရောတဲ့ထောက်ပံ့ရေးတွေနဲ့ အစ္စရေးကိုကူညီပေးနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ အစ္စရေးအစိုးရဟာ အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေအတွင်း ပြစ်ဒဏ်မခံရတဲ့ လုပ်ရပ်တွေကျူးလွန်အောင် ရဲဆေးတင်ပေးနေသလိုဖြစ်ကြောင်း ဝေဖန်သူတွေကပြောပါတယ်။


“အမေရိကန်အခွန်ငွေတွေဟာ လူမျိုးရေးခွဲခြားမှုစနစ်နဲ့ လူမျိုးရေးရှင်းလင်းသုတ်သင်မှုတွေပေါ်မှာ မသုံးသင့်ပါဘူး။ အထူးသဖြင့် အမေရိကန်မှာလက်ရှိအများကြီးလိုအပ်မှုတွေရှိနေတာကြောင့် ဖြစ်ပါတယ်” လို့ ဟာဘိဟ်ကပြောပါတယ်။ အစည်းအဝေးအတွင်း ဆူလိုင်ဗန်က ဘိုင်ဒန်အစိုးရဟာ အိုင်းယွန်းဒုံးကာကွယ်ရေးစနစ်အပါအဝင် အမေရိကန်-အစ္စရေး လုံခြုံရေးဆိုင်ရာလက်တွဲမှုကဏ္ဍအားလုံးကို မြှင့်တင်သွားမှာဖြစ်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။


ဂါဇာကပြည်သူလူထုဆီ လူသားချင်းစာနာထောက်ပံ့ရေးတွေချက်ခြင်းပို့ဆောင်သွားဖို့ အရေးကြီးကြောင်း မစ္စတာဆူလိုင်ဗန်က အလေးထားပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အမေရိကန်ဟာ ပါလက်စတိုင်းတွေအတွက် ဒေါ်လာ ၃၈သန်းထောက်ပံ့ကူညီပေးသွားမယ်လို့ အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်က မေလ ၂၅ ရက်နေ့မှာကြေငြာခဲ့ပါတယ်။ ဒါပေမယ့်တစ်ချို့ပါလက်စတိုင်းလူ့အခွင့်အရေးထောက်ခံသူတွေက ဒါဟာအကျိုးသိပ်မရှိကြောင်း ခံစားနေရပါတယ်။


“ဒါဆိုလူသားချင်းစာနာထောက်ပံ့ရေးအတွက် ပါလက်စတိုင်းတွေကို ဒေါ်လာသန်းတစ်ချို့ပေးမယ်ပေါ့ ပြီးတဲ့နောက် သူတို့ကိုဖိနှိပ် နှိပ်ကွပ်နေတဲ့နိုင်ငံကို ဒေါ်လာသန်းရာနဲ့ချီတဲ့ လက်နက်တွေရောင်းနေတယ်လေ” လို့ ပါလက်စတိုင်း-အမေရိကန်တက်ကြွလှုပ်ရှားသူ လောရာအလ်ဘက်စ် ကပြောကြားခဲ့ပါတယ်။ “လူ့အခွင့်အရေးအတွက်ရပ်တည်သွားမယ်လို့ ဘိုင်ဒန်ကပြောပါတယ် အစ္စရေးရဲ့လူမျိုးရေးခွဲခြားတဲ့စနစ် ရာဇဝတ်မှုတွေကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ကျွန်တော်တို့လူပေါင်းသောင်းနဲ့ချီ လမ်းတွေပေါ်ချီတက်ဆန္ဒပြခဲ့သလို  လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒန်က ကျွန်တော်တို့ကိုရော ပါလက်စတိုင်းတွေရဲ့လူ့အခွင့်အရေးကိုပါ ဂရုမစိုက်ဘူးဆိုတာ ရှင်းပါတယ်” လို့ အလ်ဘက်စ်က အလ်ဂျာဇီးယားကိုပြောကြားခဲ့ပါတယ်။


“လူမျိုးရေးခွဲခြားမှုစနစ်ကိုထောက်ပံ့ကူညီဖို့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေက အစ္စရေးစစ်တပ်ကို နောက်ထပ်ဒေါ်လာဘီလီယံနဲ့ချီပေးဖို့ ကြိုးပမ်းနေကြပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ပညာရေးစနစ် ကျန်းမာရေးစနစ် အိမ်ရာစီမံကိန်းစနစ်တွေအားလုံး ရန်ပုံငွေထောက်ပံ့ကူညီမှုမရရှိပါဘူး” လို့ ဒီမိုကရက်တစ်လွှတ်တော်အမတ် ကိုရီဘူ့ရှ်က မကြာသေးမီကတွစ်တာမှာရေးသားခဲ့ပါတယ်။ “ကျွန်မတို့အသိုင်းအဝန်းတွေ ဒေါ်လာ၁ဘီလီယံလိုအပ်နေပါတယ်။ အစ္စရေးအစား ကျွန်မတို့ဆီကိုသာပေးပို့ပါ” လို့ ဂတ်ဇ်လာရောက်မှုကို ရည်ညွှန်းပြီးသူမကပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Unfathomable: Activists renew call to end US aid to Israel” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


*****************************************************************
END / 251



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*