?>

အစ္စရေး ခရီး သည်လေယာဉ်တွေ ဝေဟင် ပိုင်နက် အသုံးပြုခွင့် ဆော်ဒီ ခွင့်ပြု

အစ္စရေး ခရီး သည်လေယာဉ်တွေ ဝေဟင် ပိုင်နက် အသုံးပြုခွင့် ဆော်ဒီ ခွင့်ပြု

ဆော်ဒီတာဝန်ရှိသူတွေနဲ့ အိမ်ဖြူတော်စီနီယာအကြံပေး ဂျာရက်ကူရှ်နာတို့ ဆွေးနွေးမှုတွေပြီးနောက် ယူအေအီးဆီပျံသန်းမဲ့ အစ္စရေးခရီးသည်လေယာဉ်တွေကို ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပေးဖို့ ဆော်ဒီကသဘောတူလိုက်ကြောင်း ရိုက်တာသတင်းဌာနနဲ့ အစ္စရေးမီဒီယာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီတာဝန်ရှိသူတွေနဲ့ အိမ်ဖြူတော်စီနီယာအကြံပေး ဂျာရက်ကူရှ်နာတို့ ဆွေးနွေးမှုတွေပြီးနောက် ယူအေအီးဆီပျံသန်းမဲ့ အစ္စရေးခရီးသည်လေယာဉ်တွေကို ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပေးဖို့ ဆော်ဒီကသဘောတူလိုက်ကြောင်း ရိုက်တာသတင်းဌာနနဲ့ အစ္စရေးမီဒီယာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။


ဆွေးနွေးပြောဆိုဖို့ ဆော်ဒီကိုရောက်လာခဲ့တဲ့ ကူရှ်နာနဲ့ အရှေ့အလယ်ပိုင်းသံတမန်တွေဖြစ်တဲ့ အဗီဘာကိုဝစ်ဇ်နဲ့ ဘရိုင်ယန်ဟော့ခ်တို့က ရောက်လာပြီးမကြာခင်မှာပဲ ဒီအရေးကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ဒီအရေးကိစ္စပေါ်မှာ ကျွန်တော်တို့ရင်ကြားစေ့ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်” လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ တာဝန်ရှိသူက အိမ်ဖြူတော်မှာ တနင်္လာနေ့က ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။


ဒီလိုတိုက်ရိုက်လေကြောင်းလိုင်းခရီးစဉ်တွေဟာ ဒီနှစ်အတွင်း ယူအေအီး ဘာရိန်း ဆူဒန်တို့နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေးထူထောင်ဖို့သဘောတူညီချက်ရရှိခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီသံတမန်ဆက်ဆံရေးကနေ ယူအေအီးရရှိခဲ့တဲ့အကျိုးအမြတ်တွေက ခေတ်မှီတိုက်ရဟတ်ယာဉ်တွေအပါအဝင် အိမ်ဖြူတော်က ပင်လယ်ကွေ့နိုင်ငံအတွက် လက်နက်ရောင်းချမှုတွေ တိုးမြှင့်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ “အစ္စရေးက ခရီးသည်တွေတင်ဆောင်လာတဲ့လေယာဉ်တွေဟာ ယူအေအီးနဲ့ ဘာရိန်းတို့ဆီ အသွားအပြန်သွားလာနိုင်မှုနဲ့အတူ ဘယ်အရေးကိစ္စမဆိုဖြေရှင်းသွားမှာဖြစ်ပါတယ်” လို့ အိမ်ဖြူတော်တာဝန်ရှိသူက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။


ဒီတစ်ပတ်အတွင်းမှာပဲ ကူရှ်နာနဲ့သူ့အဖွဲ့ဟာ ကာတာစော်ဘွားရှိတ်တာမင်ဘင်ဟာမက်ဒ်အယ်လ်တာနီ၊ ဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆလ်မန်နဲ့ ကူဝိတ်စော်ဘွားးတို့နဲ့ပါ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ရဲ့ရည်မှန်းချက်တစ်ခုကတော့ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့အစည်း(GCC) နိုင်ငံတွေအနေနဲ့ ကာတာအပေါ် သုံးနှစ်ကြာပိတ်ဆို့ထားမှုတွေကို အဆုံးသတ်ဖို့ ဖြောင်းဖျနိုင်ဖို့ကြိုးစားသွားဖို့ဖြစ်ပါတယ်။


၂၀၁၇ခုနှစ် ဇွန်လကတည်းက ကာတာဟာ GCC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ ယူအေအီး ဘာရိန်းနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ အီဂျစ်တို့ရဲ့ လေကြောင်း ရေကြောင်း ကုန်းကြောင်းပိတ်ဆို့မှုတွေ ခံထားရတာဖြစ်ပါတယ်။ ကာတာဟာ အကြမ်းဖက်ဝါဒကိုအားပေးထောက်ပံ့နေတယ်ဆိုပြီး သူတို့က ဒိုဟာနဲ့ ဆက်ဆံရေးဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ကာတာကတော့ ဒီစွပ်စွဲချက်တွေကိုငြင်းဆန်ပယ်ချထားပါတယ်။


Al Jazeera သတင်းဌာနပါ “Saudi Arabia allows Israeli commercial planes to use its airspace” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*