ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေး ဇီယွန် ရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေး ဇီယွန် ရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။
၂၀၂၁ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေး ဇီယွန် က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို သုံးသပ်ခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်မှာ ပြည်ပကဂျူးတွေ ၀င်ရောက်ပြီး လက်နက်ကိုင်သိမ်းပိုက်ကာ အစ္စရေး ဇီယါန် နိုင်ငံ ထူထောင်မှုမှာ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ကုလရဲ့ထုတ်ပြန်ချက်မှာ အရင်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး နှစ်ဖက်သဘောတူထားတဲ့ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးဖက်က အပြည့်အ၀ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာကို တွေ့ရပြီး ရပ်တန့်မယ့်အလားအလာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒီလို ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပါလက်စတိုင်းတွေအပေါ် ညှင်းပမ်းမှုတွေ၊ ဂျူးတွေများလာပြီး ပါလက်စတိုင်းတွေနည်းသွားအောင်လုပ်တာတွေ ရပ်တန့်ဖို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။
အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအရေအတွက် ၇ သိန်းကျော်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအိမ်ယာတွေ ဆောက်လုပ်မှုကို ကန့်ကွက်ထားပါတယ်။
ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့က ကုလရဲ့ ဒီအစီရင်ခံစာကို ချီးကျူးကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။
အစ္စရေး ဇီယွန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကော်မရှင်ဟာ အချိန်နဲ့ ငွေကို ဖြုန်းတီးပစ်တာသာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။
ကုလလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့်တစ်ပတ်အစည်းအဝေးမှာ ဒီအစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
====================================
END /251