?>

အစ္စရေး နဲ့ သံတမန် ဆက်ဆံရေး ထူထောင်ရင် ဒေါ်လာ ဘီလီယံနဲ့ချီ အကျိုးအမြတ် ရမယ် လို့ အမေရိကန် က အင်ဒိုနီးရှားကို မက်လုံးပေးဆွယ်

အစ္စရေး နဲ့  သံတမန် ဆက်ဆံရေး ထူထောင်ရင် ဒေါ်လာ ဘီလီယံနဲ့ချီ အကျိုးအမြတ် ရမယ် လို့ အမေရိကန် က အင်ဒိုနီးရှားကို မက်လုံးပေးဆွယ်


သမ္မတထရန့်ရဲ့ ကြားဝင်စေ့စပ်မှုတွေအတိုင်း အစ္စရေးနဲ့ဆက်ဆံရေးထူထောင်ရင် အင်ဒိုနီးရှားဟာ အမေရိကန်ရဲ့ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုတွေနဲ့ ဒေါ်လာဘီလီယံနဲ့ချီ အကျိုးအမြတ်တွေရနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ဆွယ်စကားပြောကြားလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သမ္မတထရန့်ရဲ့ ကြားဝင်စေ့စပ်မှုတွေအတိုင်း အစ္စရေးနဲ့ဆက်ဆံရေးထူထောင်ရင် အင်ဒိုနီးရှားဟာ အမေရိကန်ရဲ့ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုတွေနဲ့ ဒေါ်လာဘီလီယံနဲ့ချီ အကျိုးအမြတ်တွေရနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ဆွယ်စကားပြောကြားလိုက်ပါတယ်။


အင်ဒိုနီးရှားသာ အစ္စရေးနဲ့ဆက်ဆံရေးထူထောင်မယ်ဆိုရင် လက်ရှိရင်းနှီးမြုပ်နှံမှုအစုစုရဲ့နှစ်ဆကျော် အစိုးရအေဂျင်စီဖြစ်တဲ့ အမေရိကန်နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးဘဏ္ဍာရေးကော်ပိုရေးရှင်းကြီး(DFC)က ရင်းနှီးမြုပ်နှံသွားမှာဖြစ်ကြောင်း  DFC တာဝန်ခံအကြီးအကဲအရာရှိ အဒမ်ဘိုဟ်လာက တနင်္လာနေ့က ဂျေရုဆလင်မြို့ ကင်းဒေးဗစ်ဟိုတယ်မှာပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။


“ဒါနဲ့ပတ်သက်ပြီးသူတို့ကိုကျွန်တော်တို့ပြောဆိုနေပါတယ်။ သူတို့အဆင်သင့်ပဲဆိုရင် ကျွန်တော်တို့ကပျော်ပျော်ကြီး ဘဏ္ဍာရေးထောက်ပံ့မှုတွေပိုမိုလုပ်ဆောင်သွားမှာပါ” လို့ ဘိုဟ်လာကဆိုပါတယ်။ သူ့အဖွဲ့အစည်းကြီးက ကမ္ဘာပေါ်မှာမွတ်စလင်လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားအတွက် ရန်ပုံငွေကို နောက်ထပ် တစ်ဘီလီယံ ဒါမှမဟုတ် နှစ်ဘီလီယံရင်းနှီးမြုပ်နှံသွားမယ်ဆိုရင် အံ့သြမိမှာမဟုတ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။


နောက်ထပ်မွတ်စလင်နိုင်ငံတွေ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်တွေကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ယူအေအီး ဘာရိန်း ဆူဒန်နဲ့ မော်ရိုကိုတို့ဟာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြပါတယ်။ အိုမန်နဲ့ဆော်ဒီတို့လည်း ပါဝင်လာဖို့ အမေရိကန်ကမျှော်လင့်နေပါတယ်။ ဘိုဟ်လာဟာ ထရန့်ရဲ့သားမက်နဲ့စီနီယာအကြံပေး ဂျာရက်ကူရှ်နာတို့အတူ အစ္စရေးကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုနဲ့ပတ်သက်ပြီး ဘိုဟ်လာက အမေရိကန်နဲ့အာဖရိကကြား စီးပွားရေးတိုးမြှင့်သွားဖို့ ပဏာမလုပ်ငန်းစဉ်အနေနဲ့ စီးပွားဖွံဖြိုးအာဖရိကရဲ့ အာဖရိကမြောက်ပိုင်းရုံးခွဲဖွင့်လှစ်မှုကို ကြေငြာသွားမယ်လို့ဆိုပါတယ်။


သံတမန်ထူထောင်မှုသဘောတူညီချက်တွေရဲ့ အစိတ်အပိုင်းအနေနဲ့ ဘိုဟ်လာက ဂျေရုဆလင်အခြေစိုက် အစ္စရေး-အမ်းမရိတ်-အမေရိကန်ပူးတွဲဒေသတွင်းရင်းနှီးမြုပ်နှံရေးအတွက် ဒေါ်လာ၃ဘီလီယံမတည် ထူထောင်သွားဖို့ ကူညီပေးခဲ့ပါတယ်။ အမေရိကန်ဟာနောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်၁၀ခုရဖို့လည်း ကြိုးပမ်းနေကြောင်း အမေရိကန်သံရုံး စီနီယာအကြံပေး အာယာဟ်လိုက်စတုန်းက ပြောကြားခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကတော့ အစ္စရေးမှာ ရေနံပိုက်လိုင်းချသွားဖို့ဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့တရုတ်ရဲ့လွှမ်းမိုးမှုတွေကို တုံ့ပြန်နိုင်ဖို့ နိုင်ငံရဲ့သဘာဝဓာတ်ငွေ့တွေကို အလယ်အာရှ ဒါမှမဟုတ် ဥရောပဆီတိုးချဲ့တင်ပို့နိုင်ဖို့ နည်းလမ်းတွေရှာဖွေနေတယ်လို့ ဘိုဟ်လာကဆိုပါတယ်။
Al Jazeera သတင်းဌာနပါ “US dangles billion for Indonesia normalising ties with Israel” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*********************************************
END /251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*