?>

အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ ကြားဝင် စေ့စပ်ရေးမှာ တရုတ် ကပိုမိုကြီးမား တဲ့ အခန်းကဏ္ဍ က နေပါဝင်ဖို့ လိုလား ?

 အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ ကြားဝင် စေ့စပ်ရေးမှာ တရုတ် ကပိုမိုကြီးမား တဲ့ အခန်းကဏ္ဍ က နေပါဝင်ဖို့ လိုလား ?

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဖြေရှင်းဖို့ ကြားဝင်စေ့စပ်ရေးမှာပါဝင်သွားဖို့ တရုတ်ရဲ့ကြံရွယ်မှုတွေဟာ အမေရိကန်ကို စိန်ခေါ်မှုတစ်ခုအဖြစ် သုံးသပ်လေ့လာသူတွေကမြင်ထားကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဖြေရှင်းဖို့ ကြားဝင်စေ့စပ်ရေးမှာပါဝင်သွားဖို့ တရုတ်ရဲ့ကြံရွယ်မှုတွေဟာ အမေရိကန်ကို စိန်ခေါ်မှုတစ်ခုအဖြစ် သုံးသပ်လေ့လာသူတွေကမြင်ထားကြပါတယ်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကကြီးမှူးကျင်းပတဲ့ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးစာတမ်း ဗီဒီယိုညီလာခံအတွင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်အနေနဲ့ ငြိမ်းချမ်းရေးဆွေနွေးမှုတွေအတွက် အကြံဉာဏ်အသစ်တွေကို အဆိုပြုသွားဖို့အသင့်ရှိနေကြောင်းနဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေကို ဘေဂျင်းသို့ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။


ငြိမ်းချမ်းရေးဆုံးဖြတ်ချက်အတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့ နှစ်နိုင်ငံဖြေရှင်းချက်အပေါ်မှာ တရုတ်အနေနဲ့ ထပ်လောင်းအတည်ပြုခဲ့ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့လိုလားကြောင်း ဝမ်ယိကပြောကြားခဲ့ပါတယ်။ “ယခင်ကာလကော ယခုကာလမှာပါ နှစ်နိုင်ငံဖြေရှင်းချက်ဟာ ပဋိပက္ခကိုအဆုံးသတ်ဖို့ ပါလက်စတိုင်းတွေမေးခွန်းထုတ်ထားတဲ့ နိုင်ငံတကာသဘောတူညီချက်ကိုယ်စားပြု တရားမျှတမှုရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်” လို့ဝမ်ယိက အစည်းအဝေးအတွင်းပြောကြားခဲ့ပါတယ်။


ဒီညီလာခံမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA) ရဲ့လူမှုရေးရာဝန်ကြီး အာမက်မက်ဂ်ျဒါလာနီက PA အနေနဲ့ ပြည်သူတွေကြားယုံကြည်မှုတွေတည်ဆောက်သွားဖို့ နည်းလမ်းတွေကိုဆောင်ရွက်ဖို့ရည်ရွယ်ထားကြောင်းနဲ့ လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေ တိုးတက်စေရေးနဲ့ ပဋိပက္ခကိုအဆုံးသတ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် အမှန်တကယ်တံခါးဖွင့်ဖို့ ရည်ရွယ်ထားကြောင်းပြေကြားခဲ့ပါတယ်။ တရုတ်ဟာ ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ကွန်မြူနစ်ပါတီ(CPC) ရဲ့တိုးတက်လာမှုတွေဟာ အမေရိကရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုတွေအတွက် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း တရုတ်နဲ့အစ္စရေးဟာ ရင်းနှီးမြုပ်နှံ့မှုနဲ့ စီးပွားရေးဆက်ဆံရေးတွေအပေါ်မှာ အခြေခံပြီး နှစ်နိုင်ငံကြားရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပါတယ်။ အဲဒီကာလအတွင်း ဘေဂျင်းဟာ အမေရိကန်ပြီးနောက် အစ္စရေးရဲ့ ဒုတိယမြောက်အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း CPC ဟာ ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့လေသံသာသုံးနှုံးထားပါတယ်။ ၂၀၁၇ခုနှစ်တုန်းက တရုတ်ဟာ အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသမှာ တရားမဝင်ကျူးကျော်အခြေချမှုတွေတည်ဆောက်ရေးမှာ မပါဝင်ဖို့ သူ့နိုင်ငံသားတွေကိုပိတ်ပင်ခဲ့ပေမယ့် တရုတ်ကန်ထရိုက်သမားတွေဟာ အစ္စရေးက အဆောက်အဦးပရောက်ဂျက်တွေမှာ အလုပ်လုပ်ရင်း အလုပ်ရှုတ်နေခဲ့ပါတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၅၀ကျော်သေဆုံးခဲ့ရတဲ့ ဂါဇာကိုအစ္စရေးရဲ့ ၁၁ရက်ကြာဗုံးကျဲတိုက်ခိုက်မှုတွေအတွင်း တရုတ်က ပါလက်စတိုင်းခုခံရေးလှုပ်ရှားမှုဟားမက်စ်အဖွဲ့ကို အခိုင်အမာထောက်ခံခဲ့ပြီး ဂါဇာမှာအစ္စရေးရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီးကုလလုံခြုံရေးကောင်စီမှာ ထုတ်ဖော်မှုတွေကို အမေရိကန်ရဲ့နှောက်ယှက်မှုအတွက် ရှုတ်ချခဲ့ပါတယ်။


ပါလက်စတိုင်းအရေးဘေဂျင်းရဲ့ထောက်ခံမှုဟာ အမေရိကန်ကို ကမ္ဘာ့စင်မြင့်ထက်မှာ စိန်ခေါ်ဖို့ကြိုးပမ်းမှု တစ်ခုအဖြစ် တစ်ချို့သုတေသီတွေက ထောက်ပြခဲ့ပါတယ်။
Middle East Monitor သတင်းဌာနပါ “China wants to play bigger role in Israel-Palestine mediation” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*