?>

အစ္စရေး ရဲ့ ဗုံးကျဲ တိုက်ခိုက်မှု တွေကြောင့် ဂါဇာရဲ့ စီးပွားရေး အခြေအနေ အများကြီး ထိခိုက် အားနည်း သွားခဲ့ကြောင်း အစီရင်ခံ စာဖော်ပြ

အစ္စရေး ရဲ့ ဗုံးကျဲ တိုက်ခိုက်မှု တွေကြောင့် ဂါဇာရဲ့ စီးပွားရေး အခြေအနေ အများကြီး ထိခိုက် အားနည်း သွားခဲ့ကြောင်း အစီရင်ခံ စာဖော်ပြ


မေလတုန်းကအစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရဲ့ရလဒ်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသက လူမှုစီးပွားရေးအခြေအနေအများကြီးအားနည်းသွားကြောင်း ကုလ အီးယူနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မေလတုန်းကအစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရဲ့ရလဒ်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသက လူမှုစီးပွားရေးအခြေအနေအများကြီးအားနည်းသွားကြောင်း ကုလ အီးယူနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


အင်္ဂါနေ့ကထုတ်ပြန်ခဲ့တဲ့ “ဂါဇာထိခိုက်မှုအလျင်အမြန်ကုစားရေးနဲ့ ခန့်မှန်းခြေလိုအပ်ချက်များ” (RDNA) ရဲ့ အစီရင်ခံစာထဲမှာ အစ္စရေးရဲ့ ၁၁ရက်ကြာဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေါ်လာသန်း၂၉၀နဲ့ ဒေါ်လာသန်း၃၈၀ကြား ထိခိုက်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းနဲ့ ပြန်လည်ထူထောင်ရေးပရောဂျက်တွေအတွက် လိုအပ်ငွေဟာ ဒေါ်လာ၃၄၅သန်းနဲ့ ဒေါ်လာ ၄၈၅သန်းကြားရှိတယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ ဒီဗုံးကျဲ တိုက်ခိုက်မှုတွေရဲ့နောက်ဆက်တွဲအနေနဲ့ ဂါဇာလူဦးရေ၆၂%ခန့်ဟာ အစားအသောက်လုံခြုံဘေးကင်းမှုမရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာထဲမှာဆိုပါတယ်။ ဒါ့အပြင် အစ္စရေး ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမတိုင်ခင် အလုပ်လက်မဲ့နှုန်း၄၈%နဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာလည်း ၅၀% အထက်ရှိနှင့်ပြီးသားဖြစ်ကြောင်း အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။


အစ္စရေးရဲ့ထိုးစစ်ကြောင့် ကလေးငယ်၆၆ဦးအပါအဝင် ပါလက်စတိုင်း၂၆၀ထက်မနည်းသေဆုံးခဲ့ရပြီး အခြေခံအဆောက်အဦးတွေနဲ့ လူနေထိုင်ရာအဆောက်အဦးအများအပြားထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရောကတ်ဒုံးကျည်နဲ့ပစ်ခတ်မှုကြောင့် အစ္စရေးဘက်က ကလေးငယ်နှစ်ဦးအပါအဝင် ၁၃ဦးသေဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသဟာ ကမ္ဘာပေါ်မှာလူဦးရေ အထူထပ်ဆုံး နယ်မြေဒေသတွေထဲကတစ်ခုဖြစ်ပြီး လူဦးရေနှစ်သန်းခန့်နေထိုင်နေပါတယ်။ အဲဒီထဲကတစ်ဝက်ဟာ ၁၈နှစ်အောက်တွေဖြစ်ပြီး ကမ်းရိုးတန်းနယ်မြေ ၃၆၅စတုရန်းကီလိုမီတာ(၁၄၁စတုရန်းမိုင်)အတွင်း နေထိုင်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် အီဂျစ်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ဆို့မှုခံထားရတာ ၁၄နှစ်ကြာမြင့်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့ခံထားရတဲ့ရလဒ်အနေနဲ့ အလွန်ဆိုးရွားတဲ့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကျပ်အတည်းတွေဖြစ်နေကြောင်း ကုလအစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


လူပေါင်း၈သိန်းထက်မနည်းဟာလည်း သန့်ရှင်းတဲ့ရေမရရှိသလို တစ်ရက်ကိုနာရီအနည်းငယ်လောက်ပဲ လျှပ်စစ်မီးရရှိပါတယ်။ ဒါ့အပြင်ကိုရိုနာဗိုင်းရပ်စ်ကလည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေလုံလောက်မှုမရှိပဲ အားနည်းနေပြီး သား ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထပ်တိုးထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။မေလတုန်းက အစ္စရေးရဲ့ဗုံးကျဲ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာထိခိုက်မှုအများဆုံးက အိမ်ရာတွေ ကျန်းမာရေး ပညာရေး လူမှု ကာကွယ်ရေးနဲ့ အလုပ်အကိုင်တွေစတဲ့ လူမှုရေးကဏ္ဍတွေကို အများဆုံးထိခိုက်မှုဖြစ်စေခဲ့ပြီး ခန့်မှန်းခြေသန်း၁၈၀ခန့်ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ RDNA ရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


လူမှုရေးကဏ္ဍတွေမှာအလုံးစုံထိခိုက်မှုတွေရဲ့ ၉၃%ဟာ အိမ်ရာကဏ္ဍပိုင်းပဲဖြစ်ပါတယ်။ လို့အစီရင်ခံစာထဲမှာဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဂါဇာကပါလက်စတိုင်းအတွက် ငွေကြေးထောက်ပံ့ရေးပရိုဂရမ်တွေမှာသူတို့ရဲ့ ထောက်ပံ့မှုတွေကိုတိုးမြှင့်ပေးသွားဖို့နဲ့ လူသားချင်းစာနာထောက်ပံ့ရေးပေးပို့ဖို့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ဖို့လိုအပ်နေတဲ့လူနာတွေကို ဂါဇာပြင်ပထွက်ခွာခွင့်ရအောင် ကူညီပေးဖို့ အစီရင်ခံစာထဲမှာအကြံပြုထားပါတယ်။


Al Jazeera သတင်းဌာနပါ “Israeli bombardment severely weakened Gaza economy: Report” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*