?>

အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီး ထားသူ အားလုံး ကို အမြန် ပြန်လွှတ်ပေး ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထပ်မံတိုက်တွန်း

အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီး ထားသူ အားလုံး ကို အမြန် ပြန်လွှတ်ပေး  ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထပ်မံတိုက်တွန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်က တပ်မတော်ကိုထပ်မံ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်က တပ်မတော်ကိုထပ်မံ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်းကို ထပ်လောင်းပြောလိုကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတားရတ်စ်၏ တွဲဖက်ပြောခွင့်ရ အမျိုးသမီးပုဂ္ဂိုလ် အယ်ရီကာနီကိုက ကုလသမဂ္ဂရုံးချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ အကျဉ်းသား ၂၂၉၆ ဦးကို ဇွန် ၃၀ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီးနောက်တစ်ရက်တွင် ကုလသမဂ္ဂ၏ တိုက်တွန်းတောင်းဆိုမှုထွက် ပေါ်လာခြင်းဖြစ်သည်။ အယ်ရီကာနီကိုက ပဋိပက္ခများအတွင်း အမျိုးသမီးများသေဆုံး မှုမြင့်တက်လာကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မေနှင့် ဇွန်လအကြား သေဆုံးသူအမျိုးသမီးဦးရေ မြင့်တက်လာသည့်အတွက် စိုးရိမ်ကြောင်း U.N.Country Team (UNCT) မှ လုပ်ဖော်ကိုင်ဖက်များက ပြောကြောင်း၊ မြေပြင်အဖွဲ့များ၏ အဆိုအရ ဖြစ်စဉ်အများစုမှာ အမျိုးသမီးများသည် တိုက် ရိုက်ပစ်မှတ်မဟုတ်သော်လည်း အပြန်အလှန် ပစ်ခတ်မှုများနှင့် အခြားသောတိုက်ခိုက်မှုများ ကြားတွင်  ကြားညှပ်မြေစာပင်ဖြစ်ရကြောင်း အယ်ရီကာနီကိုက သတင်းထောက်များကို ပြောကြားသည်။
****************************************************************

END / 251



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*