?>

ကဘူးလ် မြို့ ရှိ ဆရက်ဒ် ဒိုရှ်ရှိုဟဒါအ် မိန်းကလေး ကျောင်း အပေါ် တိုက်ခိုက်မှု ဖြစ်ပွား ၇၅ဦးသေဆုံး ဒဏ်ရာရ

အာဖဂန်နိစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူးလ် မြို့ ရှိ ဆရက်ဒ် ဒိုရှ်ရှိုဟဒါအ် အမည်ရှိ မိန်းကလေး ကျောင်းတစ်ကျောင်း အနီးတွင် ဗုံး ပေါက်ကွဲမှု ကြောင့် အယောက် ၃၀ သေဆုံး ရှဟီးဒ် ဖြစ် သွားကြောင်း သိရှိ ရပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အာဖဂန်နိစ္စတန် နိုင်ငံ ၏ မြို့တော် ကဘူးလ် မြို့ ရှိ ဆရက်ဒ် ဒိုရှှ်ိုဟဒါအ် အမည်ရှိ မိန်းကလေး ကျောင်းတစ်ကျောင်း အနီးတွင် ဗုံး ပေါက်ကွဲမှု ကြောင့် အယောက် ၃၀ သေဆုံး ရှဟီးဒ် ဖြစ် သွားကြောင်း သိရှိ ရပါတယ် ။

 

အာဖဂန် နိစ္စတန် ပြည်ထဲရေး ဝန်ကြီး ဌာန ၏ အဆိုအရ ကဘူးလ် မြို့ အနောက်ဘက်ရှိ ဒရှ် ဘရာချီ ခရိုင်ရှိ ကျဲဟ်ဒွတ်ခ်သရန် ဒေသရှိ ဆရက်ဒ် ဒိုရှှ်ိုဟဒါအ် အမည်ရှိမိန်းကလေး ကျောင်း တစ် ကျောင်း၏ ရှေ့ တွင် ပေါက်ကွဲ မှု ၃ ခါ ဖြစ်ပွား ခဲ့ပါတယ်။ ပေါက်ကွဲ မှု ကြောင့် အယောက် ၃၀ ထက်မနည်း ရှဟီးဒ် ဖြစ်ခဲ့ပြီး ၄၅ ဦး ဒဏ်ရာ ရခဲ့ပါတယ် ။

 

 

ကျောင်း ဆင်းချိန် ကျောင်းသူများ အနေဖြင့် မိမိတို့ နေအိမ် များသို့ ပြန်နေ ချိန် ကျောင်းအပြင် သို့ ထွက် နေချိန် ပေါက်ကွဲ ခဲ့ကြောင်း သိရှိရပါတယ် ။

 

ကျောင်းအုပ်ချုပ်ရေး ၏ ပြောပြချက်အရ ပထမ ကား တစ်စီးတွင် ဗုံး တစ်လုံး ပေါက်ကွဲ ခဲ့ပြီးနောက် မြေမြှုပ်မိုင်းဗုံး နှစ်လုံး ထပ်မံ ပေါက်ကွဲ ခဲ့ကြောင်း သိရှိ ခဲ့ရပါတယ်။

 

ရှဟီးဒ် ဖြစ်သူများ နှင့် ဒဏ်ရာ ရသူများ တွင် အများစု မှာ ကျောင်းသူများ ဖြစ်ကြောင်း သိရှိရပါတယ်။

 

အာဖဂန် နိစ္စတန် သမ္မတ အရှ်ရဖ် ဃနီ အနေဖြင့် ကဘူးလ် မြို့ ရှိ ဆရက်ဒ် ဒိုရှှ်ိုဟဒါအ် မိန်းကလေး ကျောင်း ၏ အပြင် ဘက် တွင် ဖြစ်ပွား ခဲ့သည် ဗုံးပေါက်ကွဲမှု အား ပြစ်တငှ်ုတ်ချ ပြီး လူသားမဆန့် သည့် ရာဇဝတ် မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

လက်ရှိ အခြေအနေထိ ပုဂိုလ် တစ်ဦး တစ်ယောက်ယောက် မှ ဖြစ်စေ အဖွဲ့ အစည်း တစ်ခုခု မှ ဖြစ်စေ ဖောက်ခွဲမှု ကို တာဝန် ယူထား ခြင်း မရှိသေးချေ။ ဒေသခံများ မှ အမေရိကန် စစ်တပ် နှင့် အာဖဂန် လုံခြုံရေး တပ်ဖွဲ့များ ၏ အရည် အချင်း မရှိမှု ၊ သတိမဲ့မှု ၏ ရလာဒ် ဖြစ်ကြောင်း ပြောဆို ကြပါတယ်။

 

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အနေဖြင့် ကဘူးလ် မြို့ တွင် ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှု ကို ပြစ်တငှ်ုတ်ချ ပြီး သက်ငယ်ကျောင်းသူလေးများ ၏ ရှဟီးဒ် ဖြစ် သွား မှု အတွက် အာဖဂန် အစိုးရနှင့်ပြည်သူ လူထု အား ဝမ်းနည်း ကြေကွဲ စိတ်မကောင်းရကြောင်း ပြောကြားခဲ့ပါတယ်။

*******************************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*