အာဖဂန် နိစ္စတန် နိုင်ငံ မဇာရေရှရီးဖ် မြို့ ရှိ ကာန်သီနရ် ကားမှတ်တိုင် နှင့် စဂျာဒီယဟ် ကားမှတ်တိုင် နှစ်ခု တွင် ဗုံး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန် နိစ္စတန် နိုင်ငံ၏ မရ်ကဇ် ဇေဝေလာယသ် ဗလ်ခ် ပြည်နယ်၏ မြို့တော် မဇာရေရှရီးဖ် မြို့ တွင် အီရန် ဒေသစံတော်ချိန် ၈နာရီ ကျော်ခန့် တွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပါတယ်။
ဗလ်ခ်ပြည်နယ် ရှိ တာလီဘန် လုံခြုံရေးကွပ်ကဲမှု ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အာစေဖ် ဝဇီရီ မှ ဤ ဗုံးပေါက်ကွဲမှုအား အတည်ပြု ခဲ့ပါတယ်။ ပြီးနောက် မဇာရေရှရီးဖ် မြို့ ရှိ ကာန်သီနရ် ကားမှတ်တိုင် တွင် ဖြစ်ပွား ခဲ့ကြောင်း ၎င်း မှ ပြောဆိုခဲ့ပါတယ်။
မိုဟမ္မဒ် အာစေဖ် ဝဇီရီ မှ အသေးစိတ်အချက်အလက်များ ကို မပြောခဲ့ချေ။
တစ်ချိန်တည်းမှာပင် ဗလ်ခ် ပြည်နယ်ရှိ သတင်း ဌာန အချို့ မှ နှင့် စဂျာဒီယဟ် ကားမှတ်တိုင် နှစ်ခု တွင်လည်း ဗုံး တပ်၍ ပေါက်ကွဲ ခဲ့ကြောင်း တင်ပြထားကြပါတယ်။
အဆိုပါ ပေါက်ကွဲ မှု နှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေ အသေးစိတ် သတင်းအချက်အလက် များ ကို မသိရသေးပေ။
ဗုံးပေါက်ကွဲ ခဲ့သည့် ဧရိယာ သည် ရှီအာ မွတ်စလင်မ် အများစု ရှိသည့် နေရာများ ဖြစ်ပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်တွင် လည်း ကဘူးလ် မြို့ တွင် အကြမ်းဖက် ဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး အာဖဂန် နိုင်ငံ သား ရှီအာ မွတ်စလင်မ် အများအပြား သေဆုံးခဲ့ ရ ကြောင်း ဝမ်းနည်း စွာ တင်ပြအပ်ပါတယ် ။
****************************************************************
END / 251