ထာဝရ အရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကြီး ၏ အနှိုင်းမဲ့ဂုဏ်တော်များ အား အစမာအိုလ်အွစ်နာ (اسماء الحسنی) ဟုခေါ်ဆိုပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ၏ စူရဟ် သွာဟာ အာယသ်တော်အမှတ် ၈ ၊ စူရဟ် ဟရှ်ရ် အာယသ်တော်အမှတ် ၂၄ ၊ စူရဟ် အအ်ရာဖ် အာယသ်တော် အမှတ် ၁၈၅ နှင့် စူရဟ် အစ်စရာအ် အာယသ်တော် အမှတ် ၁၁၅ တို့ တွင် လာရှိပါတယ်။ စူရဟ် အအ်ရာဖ်တွင် ဤ ထာဝရ အရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကြီး ၏ အနှိုင်းမဲ့ဂုဏ်တော်များ ဖြင့် အလ္လာဟ် အား တမ်းတ ရန် လာရှိပါတယ်။ ထာဝရ အရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကြီး ၏ အနှိုင်းမဲ့ဂုဏ်တော်များ နှင့် စွမ်းရည်သတ္တိတော်များ ကို Abna ချစ်ပရိတ်သတ်ကြီး အတွက် မူရင်း ပြုစု ရေးသားသီးကုံးသည့် မောင်လာနာ ၏ ခွင့်ပြုချင်ဖြင့် တင်ပြအပ်ပါတယ်။
ထာဝရ အရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကြီး ၏ အနှိုင်းမဲ့ဂုဏ်တော်များ နှင့် စွမ်းရည်သတ္တိတော်များ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ထာဝရ အရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကြီး ၏ အနှိုင်းမဲ့ဂုဏ်တော်များ
နှစ်ဘဝသခင်ကျေးဇူးတော်ရှင်မဟာတမန် တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) သခင်သည် အလ္လာဟ်ဟိုအရှင်မြတ် သခင်ကြီး၏ အနှိုင်းမဲ့ ဂုဏ် တော်များ ကိုအောက်ပါ အတိုင်း မိန့်ကြား တော်မူ ထားပါတယ်။
قال رسول الله صلی الله علیه وآله :
الله، الإله، الواحد، الأحد، الصّمد، الأوّل، الآخر، السّمیع، البصیر، القدیر، القاهر، العلی، الأعلی، الباقی، البدیع، الباریء، الأکرم، الظّاهر، الباطن، الحی،الحکیم، العلیم، الحلیم، الحفیظ، الحقّ، الحسیب، الحمید، الحَفِی، الرّبّ، الرّحمن، الرّحیم، الذّاری، الرّازق، الرّقیب، الرّؤوف، الرّائی، السّلام، المؤمن، المهیمن، العزیز، الجبّار، المتکبّر، السید، السبوح، الشهید، الصّادق، الصانع، الطّاهر، العدل، العَفُوّ، الغفور، الغنی، الغیاث، الفاطر، الفرد، الفتّاح، الفالق، القدیم، الملک، القدّوس، القوی، القریب، القیوم، القابض، الباسط، قاضی الحاجات، المجید، المولی، المنّان، المحیط، المبین، المقیت، المصوّر، الکریم، الکبیر، الکافی، کاشف الضّر، الوتر، النّور، الوهاب، النّاصر، الواسع، الودود، الهادی، الوفی، الوکیل، الوارث، البرّ، الباعث، التّواب، الجلیل، الجواد، الخبیر، الخالق، خیر النّاصرین، الدّیان، الشکور، العظیم، اللطیف، الشافی .
توحید صدوق ص 194
ကျမ်းကိုး - သောင်ဟီးဒ်ကျမ်း၊ရှိက်္ခ ဆဒူးက် (ရ.ဟ) ၊စာမျက်နှာ၁၉၄
၁။((အလ္လာဟ်ဟို))الله
အဓိပ္ပာယ် - အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉၈၀ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။မောင်လာအလီ (အ.စ) မိန့်တော်မူထားပါတယ်။ ဒီးန် ကိစ္စအတွက် ဘဲဖြစ်ဖြစ်၊ လောကီကိစ္စ အတွက် ဘဲဖြစ်ဖြစ် အခက်အခဲ အကြပ်၊အတည်းနှင့် ရင်ဆိုင် လာရပြီ ဆိုလျှင် ဝဇူပြုလုပ်ပြီး ကောင်းကင် ဖက်သို့ လက်နှစ်ဖက် မြှောက်ပြီး((ယာအလ္လာဟ်ဟို)) ဂုဏ် တော် အား ၇ ကြိမ် ဖတ်ရွတ်ပြီး မိမိ၊လိုအင်ဆန္ဒ ကို တောင်း ဆိုပါလေ။
၂။မိမိဘဝရှိ အခက်အခဲ အကြပ်၊အတည်း၊ ဒုက္ခများ အားလုံး အောင်မြင်ရန် အတွက် နေ့စဉ်၊နေ့တိုင်း ဤ ဂုဏ်တော်အား အကြိမ်၁၀၀ ဖတ်ရွတ်ရပါမယ်။
၃။အခက်အခဲ အကြပ်၊အတည်းများ ဒုက္ခများကို အောင်မြင်ရန်၊ ကြီးမားသည့် အန္တရာယ်ဘဝတွင် ရင် ဆိုင်မှုမှ အောင်မြင်ရန် ((ယာအလ္လာဟ်ဟို)) ဆို သည့် ဂုဏ်တော်အား တစ်ထိုင်တည်း အကြိမ် ၁၀၀၁ ကြိမ် ဖတ်ရွတ်ရပါမယ်။
၎။မရ်ဟွန် ခါသွန်အဗါဒီ ပြောကြား ချက်အရ ((အလ္လာဟ်ဟို)) ဆိုသည့် ဂုဏ်တော်အား ၊စဲရီ အချိန်၊ ဖဂျရ် အချိန်နှင့် အစဲရ်အချိန်တို့ တွင်၆၆ ကြိမ် ဖတ်ရွတ်ခြင်းဖြင့် ရှရီအသ်မှ ခွင့်ပြုထား သည့် လို အင် ဆန္ဒများ ကိုဆွတ်ခူးနိုင် မည်ဖြစ်ပါ တယ်။
၅။မည်သူမဆိုဤဂုဏ်တော် (( အလ္လာဟ်ဟို)) အား (ဝဇူနှင့်တကွ) ရေးသားပြီး မိမိဆီတွင်ထား မည်ဆို လျှင် မည်သည့် အလုပ်မှ ၎င်းအတွက် ခက်ခဲ လိမ့် မည် မဟုတ်ပါ။၎င်း ဂုဏ်တော်ကြောင့် အခက်၊ အခဲ များသည် ၎င်းအတွက် လွယ်ကူသွားပါလိမ့်မည်။
၆။မောင်လာအလီ (အ.စ) မိန့်တော်မူထား ပါတယ်။ ရောဂါ ပျောက်ကင်းရန်နှင့်ဆရာဝန်၊ သမားတော် များ လက်လွတ် ထားသည့် ရောဂါသည်၏ရောဂါ ကို ကုသရန် အတွက် ကျမ်းတော်မြတ် ကုရ်အာန်မှ (မိမိ ကြိုက် သည့်နေရာမှ) စပြီးအာယသ် တော်အခု ၁၀၀ ပြည့်သည့်အထိ ဖတ်ရွတ်ပါ။ပြီးနောက် ((ယာ အလ္လာဟ်ဟို))ဂုဏ်တော်အား ၇ကြိမ် ဖတ်ပါလေ။ ယုတ်စွ ကွယ်လွန်ဖို့ အချိန်ကျနေသူဆိုလျှင် လည်း ရက်အချို့ကွယ်လွန်ရန် နောက်ဆုတ်သွား ပါလိမ့် မည်။
***
၂။ ((အေလာဟွန်း(န))) إله
အဓိပ္ပာယ် - အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - အချို့
စွမ်းရည် သတ္တိတော်များ
((خواص اسماء الحسنی ))ကျမ်းရှင် H.I ဂျဗေရ် ရေဇ်ဝါနီဆပ် အနေဖြင့် ဤဂုဏ်တော် အားတင်ပြ ထားပြီး ဂုဏ်တော်၏ စွမ်းရည် သတ္တိကို မဖော်ပြ ထားချေ။
***
၃။(( ဝါဟေဒွန်း(န))) واحدٌ
အဓိပ္ပာယ် -အနှိုင်းမဲ့အရှင်၊ပမာမဲ့အရှင် ၊တစ်ပါးတည်း အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂၁ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ် ရေဇာ (အ.စ) မိန့်တော်မူထား ပါတယ်။ မည်သူမဆို ပြင်းထန်သည့် ရောဂါဝေဒနာကိုခံစား နေမည်ဆိုလျှင် နေ့စဉ်၊နေ့တိုင်း ((ယာဝါဟေဒို ))ဆို သည့်ဂုဏ်တော်အား (၁၀၁)ကြိမ် ဖတ်ရွတ်မည်ဆို လျှင်ထိုရောဂါသည် ပြန်လည် ကျန်းမာ ကောင်းမွန် လာပေမည်။
၂။နှလုံးသားများကို မိမိဖက် ဂရုပြုလာစေရန် နေ့စဉ် ၁၀ကြိမ် ((ယာဝါဟေဒို )) ဆိုသည့် ဂုဏ်တော်အား ဖတ်ရွတ်ရပေမည်။
၃။ဤဂုဏ်တော်အား စားသောက်ဖွယ်ရာ(ဟလာလ်) အပေါ်၌ ဖတ်ရွတ်ပြီးသုံး ဆောင်မည် ဆိုလျှင် ထို ဖတ်ရွတ်သူ၏ နှလုံးသား သည် နူးရ် ရှိလာပေမည်။
၎။တစ်ဦး၊တစ်ယောက်တည်းရှိ၍ ကြောက်လန့်နေ ချိန်တွင် ((ယာဝါဟေဒို )) ၁၀၀၁ ကြိမ် ဖတ်ရွတ် ခြင်းဖြင့် လုံခြုံ မှုကို ရရှိမည် ဖြစ်ပါတယ်။
၅။မည်သူ မဆို မပျက်မကွက်ဘဲ နေ့စဉ်၊နေ့တိုင်း ဤ ဂုဏ်တော်အား အကြိမ် ၁၀၀ ဖတ်မည်ဆိုလျှင် ရင်းနှီး၊ချစ်ခင်၊တွယ်တာခြင်းခံရမှု၊သိက္ခာရှိမှုကို ရရှိ မှာ ဖြစ်ပါတယ်။
***
၎။ (( အဟဒွန်း(န))) أحدٌ
အဓိပ္ပာယ် -အနှိုင်းမဲ့အရှင်၊ပမာမဲ့အရှင် ၊တစ်ပါးတည်း အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁
စွမ်းရည် သတ္တိတော်များ
၁။((ယာအဟဒို)) ၁၃ကြိမ် ရွတ်ဆို ခြင်းဖြင့် အီမာန် သက်ဝင် ယုံကြည်မှုကို ခိုင်မာစေပြီး၊ ဘဝတစ် လျှောက်လုံး တွင် မှန်ကန်သည့် အကီဒါများ အပေါ် ခိုင်မြဲ မှုကို ဖြစ်စေပါတယ်။
၂။ဘဝသက်တမ်း၏ နေရာတိုင်း ၊အဆင့်တိုင်းတွင် အနှိမ်ခံ ဘဝ၊မရောက်စေရန် တစ်ထိုင်တည်း ၁၀၀၁ ကြိမ် ((ယာအဟဒို)) ဖတ်ရွတ် ရပါမယ်။
၃။ အချိန်တိုင်း သန့်စင်မှု နှင့် အထီးကျန်မှု အတွက် နေ့စဉ်၊နေ့တိုင်း ဤဂုဏ်တော်အား ၁၃ ကြိမ် ရွတ်ဆိုခြင်းဖြင့် ကြီးမားသည့် အကျိုးအမြတ် ကိုရနိုင် မည်ဖြစ်ပါတယ်။
***
၅။ (( ဆွမဒ်ဒွန်း(န)))صّمدٌ
အဓိပ္ပာယ် - လိုအင်ဆန္ဒကင်းမဲ့သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁
စွမ်းရည် သတ္တိတော်များ
၁။မည်သူမဆို ဆာလောင်ခြင်း ဒဏ်မခံနိုင်လျှင် နေ့ စဉ်၊နေ့တိုင်း ဤဂုဏ်တော်အား ၁၃၄ ကြိမ်ဖတ် ရွတ်ရမည် ဖြစ်ပါတယ်။
၂။ သောက၊အပူအပင်နှင့် ဒုက္ခ၊ပင်လယ်ဝေချိန် ၊လို အင်၊ဆန္ဒရှိချိန်၊အလုပ်များ မငြိမ်မသက်ဖြစ်ချိန်(အ လုပ်ရှားချိန်)တွင် ဤဂုဏ်တော်အားရွတ်ဖတ်ခြင်း ဖြင့် လွတ်မြောက်မှု ကို ရရှိပေမည်။
၃။ဤဂုဏ်တော်အား စာရွက် (အသန့်) တစ်ရွက်ပေါ် တွင် ရေးမည် ၊ပြီးနောက် သံလွင်ဆီတွင် စိမ်ပြီး ၊ ၎င်းဆီကို မြွေ အပေါက် ခံရသူ (သို့မဟုတ်)ကင်းမြီး ကောက် အကိုက်ခံရသူ ကို ကျွေးမည်ဆိုလျှင် မြွေ (သို့မဟုတ်) ကင်းမြီးကောက်၏ အဆိပ် ပြေသွား မည် ဖြစ်ပေသည်။
၎။ရန်သူကို နှုတ်ပိတ်နိုင်ရန် (( အလ်ဆွမဒ်ဒို)) ဟု ရွတ်ဆိုရပေမည်။
၅။ မည်သူ မဆို ဤဂုဏ်တော်အား အမြောက်အများ ဖတ်ရွတ်မည်ဆိုလျှင် မည်သူကိုမျှ ကြောက်လန့် တော့ မည်မဟုတ်ပေ။
၆။ အခက်၊အခဲ အကြပ်၊အတည်းများမှ အောင်မြင် ရန် နေ့စဉ် ၊နေ့တိုင်း ၁၂၄ ကြိမ် (( ယာ ဆွမဒ်ဒို )) ဟု ဖတ်ရပါမည်။
***
၆။ (( အောင်ဝလ်လွန်း(န))) أوّلٌ
အဓိပ္ပာယ် - ပထမဦးဆုံး အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၆၂ (ပုံစံမျိုးစုံ)
စွမ်းရည် သတ္တိတော်များ
၁။ မိမိဘဝရှိ အလုပ် အားလုံးအတွက် အထူးသဖြင့် အလုပ်အကိုင် ၊စီးပွားရေး ..ကိစ္စများတွင် ဘရ်ကသ် (ကျက်သရေ မင်္ဂလာ ) ရှိရန် အတွက် နေ့စဉ် ၃၇ ကြိမ် (( ယာအောင်ဝလ်လို)) ဟုဖတ် ဆိုရပါမည်။
၂။ အလုပ်တိုင်း အရင်း နှင့် အကြံပေးမှုတိုင်းအလျင် ဤဂုဏ်တော်အား ဖတ်ရွတ်ခြင်းဖြင့် လုံခြုံမှုနှင့် မင်္ဂလာ ရှိမှု ကို ဖြစ်စေ ပါတယ်။
၃။ ရန်သူရန်မှ လွတ်ကင်းရန် ဤဂုဏ်တော်အား ၄၃ ကြိမ်ဖတ်ရွတ်ရန် အဆိုလာ ရှိပေသည်။
၎။ ကိုယ်ဝန် ပျက်ကျခြင်းမှ ကာကွယ်ရန် ၊ရန်သူ၏ ရန်ကို ချေဖျက်နိုင်ရန် ၊ လောကီ၊ လောကုတ္တရာဆိုင် ရာအလုပ်များ အဆင်ပြေချောမွေ့ ၊ချောမွတ် စေရန် ၊ကောင်းမြတ်သည့် လုပ်ရပ်တိုင်း အတွက် အကျိုး ဖြစ်ထွန်းစေရန် ဤဂုဏ်တော်အား ဖတ်ရွတ်သင့်ပါ သည်။
***
၇။ (( အာခေရွန်း(န))) آخرٌ
အဓိပ္ပာယ် - အဆုံးမရှိသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။မည်သူမဆိုမိမိဘဝအဆုံးသတ်မလှမည်ကိုစိုးရိမ်လျှင်ဤဂုဏ်တော်အားဖတ်ရွတ်ရန်အသင့်တော်ဆုံးပင်ဖြစ်ပါသည်။
၂။အကြင်မည်သူမဆို မိမိလောကုတ္တရာ ခရီးလှပ ကောင်းမွန်စေရန်အလိုရှိပါက((ယာအာခေရို)) ဂုဏ် တော်အား ၈၀၁ ကြိမ်ဖတ် ရန်လိုပေသည်။
၃။ရန်သူ၏ရန်ကိုကာကွယ်ရန်အင်အားမရှိပါကဤ ((ယာအာခေရို))ဂုဏ်တော်အား ၈၀၁ ကြိမ်ဖတ်ပြီး ကာကွယ်မှုကိုရယူနိုင်ပေသည်။
၎။မိမိဆန်ကျင့်ဖက်များ၊ရန်သူများကိုအောင်နိုင်ရန်၊လူထုအတွင်းရိုသေလေးစားမှုကိုပိုင်ဆိုင်ရန်ဤဂုဏ်တော်အားများများဖတ်ရွတ်ပေးရပေမည်။
***
၈။ (( စမီးအွန်း(န))) سمیعٌ
အဓိပ္ပာယ် - အလွန်တရာအကြွင်းမဲ့ကြားသိသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄၄ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော် မူလေ၏။ မည် သူမဆို မနက် နမာဇ်ဇေ ဖဂ်ျရ်ဝတ်ပြုပြီး (မည်သူနဲ့မှ) စကား မပြောမီအလျင် ((ဖစယက်ဖီ ကွမ်မိုလ်လ္လာဟ် ဝဟို ဝစ်စမီးအွလ် အလီးမ် )) ဟုဖတ်ရွတ် မည်ဆို လျှင် အလ္လာဟ်ဟို အရှင်မြတ်သခင် သည် ကျမ်း တော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်ရဲ့ဘရ် ကသ် ဖြင့်ဖတ်ရွတ်သူ၏ထိုနေ့တာအရေးကြီး အလုပ် များအားလုံးအတွက် လုံလောက်မှု ကိုချီးမြှင့်မည်ဖြစ် ပေသည်။ (အောင်မြင်မှုကို ပေးသနား မည်ဖြစ်ပေ သည်။)
၂။အမြဲမပျက်မကွက်ဤဂုဏ်တော်အားဖတ်ရွတ်ခြင်း ဖြင့်တောင်းဆုဒိုအာအား မြတ်အလ္လာဟ်လက်ခံပေးမှု ကိုရရှိမှာဖြစ်ပါတယ်။
၃။မည်သူမဆို ((ယာစမီးအို)) ဂုဏ်တော် အား ကြာသ ပတေးနေ့ ဖဂျရ် နမာဇ်အပြီး အကြိမ် ၅၀၀ ဖတ်မည် ပြီးနောက် ဒိုအာပြုမည်ဆိုလျှင် ၎င်း၏ ဒိုအာကို အလ္လာဟ်ဟို အရှင်မြတ်သခင် လက်ခံ တော် မူပေမည်။
၎။မိမိဒိုအာ ကဘူလ်ဖြစ်စေရန် မနက်နမာဇ်စေ ဖဂ်ျရ် အဇာန်မတိုင်မီ သို့မဟုတ် နာဖေလာယေ နမာဇ်စေ ဖဂ်ျရ် ဖတ်အပြီး ((ယာစမီးအို)) ဂုဏ်တော်အား အကြိမ် ၁၈၀ ဖတ်ရွတ်ရပေမည်။
၅။နေ့စဉ်၊နေ့တိုင်း ((ယာစမီးအို)) နှင့်((ယာဗဆွီးရို)) ဂုဏ်တော်အား အကြိမ် ၄၀၀ ဖတ်ရွတ်မည်ဆိုလျှင် လုံးဝလိုအပ်မှုရှိခြင်း(ဆင်းရဲခြင်း)ဖြစ်မည်မဟုတ်ပါ။အခက်၊အခဲရှိမည်မဟုတ်ပါ။အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်၎င်းအားသောက၊အပူအပင်မှကာကွယ် စောင့်ရှောက်တော် မူမည်ဖြစ်ပါတယ်။၎င်းဟာ ကိုယ် ခန္ဓာသန့်စင်မှုနှင့် နှလုံးသားတောက်ပမှုကို ဆွတ်ခူး နိုင်မှာ ဖြစ်ပါတယ်။
***
၉။ (( ဗဆွီးရွန်း(န))) بصیرٌ
အဓိပ္ပာယ် - လုပ်ရပ်တိုင်းကိုအကြွင်းမဲ့သိမြင် သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။နေ့စဉ်၊နေ့တိုင်း ((ယာဗဆွီးရို)) ၁၀၁ကြိမ်ဖတ်ရွတ် ခြင်းဖြင့် လျှို့ဝှက်အလုပ်များ အတွက် လမ်းတွေ့ရှိ ခြင်းနှင့် ထိုးထွင်း သိမြင်နိုင်ခြင်းတို့ကို ရရှိမှာ ဖြစ်ပါ တယ်။
၂။အကောင်းဆုံးနဲ့ အလျင်၊အမြန်ရလာဒ် ရရှိရန်ဂျွန်မာ ၁၀ ပတ်တိုင်း မပျက်တန်း နာဖေလာယေ ဖဂျရ် နမာဇ်ဖတ်ပြီး အချိန်မှစ၍ ဇဟိုရ်အချိန် မတိုင်မီ အထိ((ယာဗဆွီးရို)) ၃၀၂ ကြိမ်ဖတ်ရွတ်ရပေမည်။
၃။လောကီ၊လောကုတ္တရာ ကိစ္စများတွင် ထိုးထွင်းသိ မြင်နိုင်မှု ကိုရရှိရန်အတွက် ဤဂုဏ်တော်အား အမြဲ တစေ ဖတ်ရွတ် ရပါ မည်။
၎။ အကြင်မည်သူမဆို သောကြာနေ့ တွင် ဤဂုဏ် တော်အား ၁၀၁ ကြိမ်ဖတ်ပါက အဲဟ်လေယကီးန် (မြတ်အလ္လာဟ် လုံးဝ ယုံကြည်၊စိတ်ချသူများ)မှ ဖြစ်လာမည်။
***
၁၀။((ကဒီးရွန်း(န))) قدیرٌ
အဓိပ္ပာယ် - အလွန်တရာစွမ်းနိုင် သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄၅ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။မည်သူမဆို ((အလ်ကဒီးရွန်း)) ဂုဏ်တော်အား ဝဇူပြုချိန် အကြိမ်များစွာ ဖတ်ရွတ်မည်ဆိုလျှင် ရန်သူ အပေါ် အေင်နိုင်မည် ဖြစ်ပါတယ်။
၂။ နှလုံးအားကောင်းစေရန်၊အလုပ်များကို ပိုင်နိုင်ရန် စသည်ဖြင့် အတွက် ဤဂုဏ်တော်အား ဖတ်ရွတ်ရ ပေမည်။
၃။ နှလုံးအားကောင်းစေရန်၊အလုပ်များကို ပိုင်နိုင်ရန် ဤဂုဏ်တော်အား ၃၁၄ ကြိမ်၊၁၀ရက်တိုင် ဖတ်ရွတ် မည်ဆိုလျှင် အလွန် ထိရောက်မှု ရှိပေသည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( ကလေးငယ်အတွက် မိခင်နို့ချိုထက်ကောင်းမြတ် သည့် မည်သည့် နို့ရည်မှ မရှိချေ။ ))
အိုယူနိုအဖ်ဗာ အရ်ရေဇာကျမ်း၊ အတွဲ၁ ၊ စ.မ ၈
***
၁၁။((ကာဟေရွန်း(န))) قاهرٌ
အဓိပ္ပာယ် - အလွန်တရာ စိုးပိုင်တော်မူ သည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ဤဂုဏ်တော်အားအမြဲရွတ်ဆိုခြင်းကြောင့်နှလုံး တွင်လောကီ စွဲမက်ခြင်းကို ကင်းစေပါမည်။
၂။ရန်သူအပေါ်အနိုင်ရရန် ဤဂုဏ်တော်အားများများ ရွတ်ဆိုရပါမည်။
၃။((ယာကာဟေရဟ်အဒူဝေ))ဆိုသည့်ဝါကျကို အ ကြိမ်၁၁၀ ဖတ်ရွတ်ခြင်းဖြင့် ရန်သူကို ချက်ချင်းကုန် စေပါတယ်။
၎။ပျောက်ဆုံးသွားသည့် မိမိပိုင် ပစ္စည်းအတွက် ၅ ကြိမ်နမာဇ်အတွင်းမှနမာဇ်တစ်ခုခုအပြီး((ယာကာ ဟေရို)) ကိုအကြိမ်၂၀၀ဖတ်ရွတ်ရမည်ဖြစ်ပါတယ်။
၅။နေ့စဉ်နေ့တိုင်း((ယာကာဟေရို)) ကိုအကြိမ်ပေါင်း ၃၀၆ ကြိမ် ဖတ်ရွတ်ခြင်းဖြင့် ရန်သူကို ငြိမ်သက်စေ ပါတယ်။
***
၁၂။((အလီယွန်း(န))) علیٌ
အဓိပ္ပာယ်-ကြီးကျယ်မြင့်မြတ် သည့်အရှင်၊ အရာရာ ကိုအောင်နိုင် သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အကြင် မည်သူမဆို နေ့စဉ်၊နေ့တိုင်း ဤဂုဏ် တော် အား အကြိမ် (၁၀၀) ဖတ်ရွတ် မည်ဆို လျှင် ပစ္စည်း ၊ဥစ္စာပေါများမှု ကို ပိုင်ဆိုင်ရမည် ဖြစ်ပါတယ်။
၂။ (၁၀)ညတိုင်း အတွက် အချိန်တစ်ခုကိုသတ်မှတ် ပါ။ပြီးနောက်ညစဉ်၊ညတိုင်း သတ်မှတ်ချိန် အတွင်း နမာဇ် ၂ရကတ် ဖတ်ပါ။ နမာဇ်ဖတ် ပြီးနောက် မည်သူ တစ်ဦး၊တစ်ယောက်နှင့်မျှ စကားမပြောပဲ စလ်ဝသ် အကြိမ် (၁၁၀) ဖတ်ရွတ်ပါ။ ထိုနောက် ချက်ချင်း (ယာအလီယို) (အကြိမ် ပေါင်း ၁၅၇၀ ) ဖတ်ရွတ်ပါလေ။ပြီးနောက် မိမိ လိုအင်ဆန္ဒကို အလ္လာဟ်ဟိုအရှင်မြတ် ထံတော်တွင် တောင်းခံပါ လေ။ပြီးနောက် ၃ကြိမ် စလ်ဝသ် ပြန်လည်ဖတ်ရွတ် ပါလေ။ဤနည်းအတိုင်း ၁၀ ညကျင့်ရမည် ဖြစ်ပါ တယ်။ အင်ရှာအလ္လာဟ် အောင်မြင် ပါလိမ့် မည်။
၃။မိမိ အလိုဆန္ဒပြည့်ဝရန် အတွက် တစ်ယောက် တည်း ရှိသည့်နေရာ (သို့) ဗလီအတွင်း (ယာအလီ ယို) ဆိုသည့် ဂုဏ်တော်အား တစ်ထိုင်တည်း အကြိမ် ၁၂၀၀၀ ဖတ်ရွတ်ရမည် ဖြစ်ပါတယ်။ အင်ရှာအလ္လာဟ် ရက်အနည်းငယ်အတွင်းအောင်မြင် ပါလိမ့်မည်။
***
၁၃။((အအ်လာ)) أعلی
အဓိပ္ပာယ် - အမြင့်မြတ်ဆုံးဖြစ်တော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။မိမိ စကား ထိရောက်ရန်၊သာသနာ့ ညီနောင် များ ၏ ချစ်ခင်မူကို ရရှိရန် ဤဂုဏ်တော် အားနေ့စဉ်၊ နေ့တိုင်း ၁၁၁ ကြိမ်ဖတ်ရွတ်ရပါမည်။
၂။မည်သူမဆို ခရီးထွက်ချိန်တွင် ၃ကြိမ် ၃ခါဤဂုဏ် တော်အား ဖတ်ရွတ်သင့်ပေသည်။ ဤသို့ပြု ခြင်း ကြောင့်ချောမောစွာနေရပ်သို့ပြန် လည်ရောက်ရှိ ပေ မည်။
၃။မိမိအား ဆန်ကျင့်သူများ၏ သဘောတူမှုကိုရရှိ ရန် ဤဂုဏ်တော်အား ၁၁၁ ကြိမ်ရေးသားပြီးဆောင် ထားရပါမည်။
***
၁၄။((ဗာကီယွန်း(န))) باقیٌ
အဓိပ္ပာယ် - ထာဝရ တည်ရှိနေမည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
ဤဂုဏ်တော်သည် ကျမ်းတော်မြတ် ကုရ်အာန်တွင် တိုက်ရိုက်မလာရှိဘဲ (یبقی ) နှင့် (أبقی) အသွင်ဖြင့် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ မည်သူ မဆို ညတိုင်း ဤဂုဏ်တော်အား အကြိမ် (၁၀၀) ဖတ်ရွတ် မည်ဆိုရင် ၎င်း၏ ကောင်းမှု ၊ကုသိုလ်များ ကို မြတ်အလ္လာဟ် သဘောတူ လက်ခံ တော်မူ ပေမည်။
၂။အသက်ရှည်ရန် ၊ သားသမီး အဖတ်တင်ရန် ၊ လုပ် ငန်း ၊ကိုင်ငန်း ခိုင်မာစေရန် ၊ ဒိုအာ ကဘူလ်ဖြစ် ရန် ၊ ကောင်းမှု ကုသိုလ်များ ကဘူလ် ဖြစ်စေရန် အတွက် ဤ ဂုဏ်တော်အား အမြဲ ဖတ်ရွတ် ရပါ မည်။
၃။အသက်ရှည် စေရန် ၊ သားသမီးအဖတ်တင်ရန် ၊ လုပ်ငန်း၊ကိုင်ငန်း ခိုင်မာစေရန် ရက်၄၀ တိုင်တိုင် (ယာဗာကီယို) အကြိမ်ပေါင်း ၁၁၃ ကြိမ် ဖတ်ရွတ်ရ ပါမည်။
***
၁၅။((ဗဒီးအွန်း(န))) بدیعٌ
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ အကြင် မည်သူမဆို ဒိုအာ တောင်းဆိုချိန် ဤဂုဏ်တော်အား အကြိမ်ပေါင်း (၇၀) ဖတ်ရွတ်မည် ဆိုရင်၎င်း၏ဒိုအာ ကို မြတ်အလ္လာဟ် လက်ခံတော်မူမည်ဖြစ်ပါတယ်။
၂။အလုပ်အကိုင် မှန်ကန်ရန်၊ အကျဉ်း ထောင်မှ လွတ် မြောက်ရန်၊ သောက၊ ဝမ်းနည်းခြင်းမှ လွတ် မြောက်ရန် ဤဂုဏ်တော်အား (၈၆) ကြိမ်ရွတ် ဆိုရ ပါမည်။
၃။မည်သူမဆို သောက၊ ဝမ်းနည်းစရာနှင့် တွေ့ကြုံ နေရချိန် တွင်၂ရကတ်သ် နမာဇ် ဝတ်ပြုရပါ မည်။ ပြီးနောက်အကြိမ်၇၀အတိ(ဗဒီးအွန်စ်စမာဝါသေဝလ်အရ်သွေ) (بدیع السماوات والارض) ကိုဖတ်ရွတ် ရပါ မည်။ ထိုနောက် (အလ်ဗဒီးအို) ဟုအကြိမ်(၁၀၀၀) ဖတ်ရပါမည်။ ပြီး နောက်ဆဒ်ကာ ပေးကမ်းရပါ မည်။ အင်ရှာအလ္လာဟ် အောင်မြင်မှုကိုရှရှိပါလိမ့်မည်။
***
၁၆။((ဗရီးအွန်း(န))) باریءٌ
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ အကြင် မည်သူမဆိုသောကြာနေ့တိုင်း ဤဂုဏ်တော်အား အကြိမ် (၁၀၀) ဖတ်ရွတ်မည်ဆိုရင် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ၎င်းဖတ်ရွတ်သူအား သေ ဆုံးချိန်တွင် ကဗရ်တွင်းတွင် တစ်ဦးတည်း ဖြစ်စေ တော်မူမည်မဟုတ်ချေ။ မိတ်ဆွေမွန်ကို ပို့ပေး သနား တော်မူမည်။
၂။ ဤဂုဏ်တော်အား ၂၁၃ ကြိမ် ဖတ်ရွတ်ခြင်း ကြောင့် သေဆုံးပြီးနောက် ကေယာမသ်နေ့ အထိ ကိုယ်ခန္ဓာ မဖျက်၊မစီးဘဲ၊သန့်ရှင်းစွာ ရှိနေမည့် ဖြစ် ပါတယ်။
၃။ နေ့စဉ်၊နေ့တိုင်း ဤဂုဏ်တော်အားအကြိမ် (၁၀၀) ရွတ် ဆိုမည်ဆိုရင် အလ္လာဟ်ဟို အရှင်မြတ် သခင် သည် ၎င်းအတွက် ကေယာမသ်တိုင် အတူ ရှိ နေမည့် ဖရေရှ်သာ တစ်ပါး ကို ဖန်ဆင်းပေးသနား တော်မူပေမည်။
***
၁၇။((အက္က်ရမွန်း(န))) أکرمٌ
အဓိပ္ပာယ် - အလွန်တရာ ရက်ရောစွာ ပေးကမ်း ချီး မြှင့်တော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ဤ ဂုဏ်တော်အား အစဉ်၊ အမြဲ ဖတ်ရွတ်ခြင်း ကြောင့် ဂုဏ်၊သိက္ခာ ရှိသူ ဖြစ်ပေမည်။
၂။ ရိုဇီနှင့် ဘရ်ကသ်အတွက်လည်း ဤ ဂုဏ်တော် အား ဖတ် ရွတ်သင့်ပေသည်။
***
၁၈။((ဇာဟေရွန်း(န))) ظّاهرٌ
အဓိပ္ပာယ် - ထင်ရှားတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော် မူသည်။အကြင် မည်သူ မဆို နေမထွက်မီ အရင် ဤဂုဏ်တော်အား အကြိမ်ပေါင်း (၁၀၀၀) ဖတ်ရွတ် မည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ် သခင် သည် ၎င်းဖတ်ရွတ်သူ မျက်စိကွယ်ခြင်းမှ ကာကွယ်ပေးတော်မူမည်။
၂။ လှို့ဝှက်ကိစ္စ ကို သိမြင်လိုပါက (အာရဘီ လ တိုင်း၏၁၃၊၁၄၊၁၅ရက်) များကို ရိုဇာထားပြီးနေ့တိုင်း ဤဂုဏ်တော်အား အကြိမ် ၁၀၀၀ ဖတ်ရွတ်ရပါမည်။ (အင်ရှာအလ္လာဟ်) အိမ်မက် (သို့) နိုးနေသည့် အချိန်တွင် ထိုကိစ္စ နှင့် ပက်သတ်ပြီး သတင်းရရှိမည် ဖြစ်ပါသည်။
***
၁၉။((ဗါသွေနွန်(န))) باطنٌ
အဓိပ္ပာယ် - မမြင်တွေ့နိုင်သည့် အရှင်၊အမြင်များတွင် ပုန်းကွယ်နေသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ရန်သူ၏ရန်မှ ကာကွယ်ရန် ၆၂ ကြိမ်ဖတ်ရွတ် ရပါမည် ။
၂။ အမြဲတမ်း ဖတ်ရွတ်ခြင်း ဖြင့် နှလုံးသားအတွင်း နူးရ် ကိုဖြစ်ထွန်းစေပြီး လမ်းမှားမှ ကာကွယ်ခြင်း ၊ ထိန်းသိမ်းစောင့်ရှောက် ခြင်းကို ဖြစ်စေပါသည် ။
***
၂၀။((ဟိုင်ယွန်(န))) حیٌ
အဓိပ္ပာယ် - ထာဝရ အစဉ်အမြဲ ရှင်သန်နေသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၅ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ရောဂါမှ ပျောက်ကင်းရန်အတွက် ရောဂါ သည်၏ ဘေးတွင် ဤဂုဏ်တော်အား ၁၉ ကြိမ် ဖတ်ရွတ် ရပါမည် ။
၂။ လက်စွပ်၏ ကျောက်တွင် ဤဂုဏ်တော်အား ထွင်းပြီး အမြဲ ဝတ်ဆင်ထားခြင်း ဖြင့် အသက်ရှည်မှု ကို ဖြစ်စေပါသည် ။
၃ ။ နှလုံးသား ၏ သောက ၊ဝေဒနာ ကို ပျောက် ကင်းချမ်းသာ ရစေရန် တစ်ထိုင်တည်း ဤဂုဏ် တော်အား ၁၀၀၁ ကြိမ် ဖတ်ရွတ်ရပါမည် ။
၎။ ဆရာဝန် လက်လျော့ လိုက်သည့်ရောဂါ သည် အတွက် ရေခွက်တစ်ခုအား ဤ ဂုဏ်တော် အား အကြိမ် ၁၀၀၁ ဖတ်ရွတ်ရပါမယ် ။ပြီးနောက် ၎င်းရေ ကို ရောဂါသည်၏ နဖူးပြင်နှင့် ခံစားနေရသည့်နေရာ ကို ပွတ်သပ်လိမ်းပေးရပါမည် ။ အနည်းငယ် ကို လည်း တိုက်ကျွေးရပါမည် ။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( လူအများ အကြား သိက္ခာအရှိဆုံး၊ဂုဏ်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်လိုလျှင် မြတ်အလ္လာဟ် အားကြောက်ရွံ့ ရိုသေလေးစားပါလေ။ ))
အမါလီယိုစူဒူက် ကျမ်း ၊ စ.မ ၃၈၁
***
၂၁။((ဟကီးမွန်(န))) حکیمٌ
အဓိပ္ပာယ် - ဆင်ခြင်တုံတရားရှိသည့် အရှင် ၊မှန်ကန် စွာပြောကြားတော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင် မည်သူမဆို ညအချိန် သန့်ရှင်း သန့်ပြန့် သည့်နေရာ ပြီးနောက် တစ်ယောက်တည်း ဤဂုဏ် တော် အား ဖတ်ရွတ်မည် ဆိုလျှင် ၎င်း၏ နှလုံးသား သည် လှို့ဝှက် မှု၏ ရတနာသိုက် ဖြစ်ပေမည်။
၂။ ဆင်ခြင်တုံတရား ၏တံခါးများပွင့်စေရန် ညသန်း ခေါင် ပြီးနောက်၇၈ ကြိမ် ဤ ဂုဏ်တော် (ယာဟ ကီးမို) အား ဖတ်ရွတ်ရပါမည်။
***
၂၂။((အလီးမွန်(န))) علیمٌ
အဓိပ္ပာယ် - အကြွင်းမဲ့ သိရှိတော်မူသည့် အရှင် ၊(အနှိုင်းမရှိ ၊အတုမရှိ) ပညာရှိတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၅၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူမဆို အရေးကြီးကိစ္စ၊ အရေးကြီး လိုအင်၊ ဆန္ဒ အောင်မြင်ရန်အတွက်နေ့စဉ်၊နေ့တိုင်း (အလ်အလီးမို) ဂုဏ်တော်အား ဖတ်ရွတ်ရပါမည်။
၂ ။ အကြင်မည်သူမဆို ဤဂုဏ်တော်အား များများ ရွတ်ဖတ် ခြင်းဖြင့် ပညာရပ်များဆိုင်ရာ အသေးစိတ် အချက်အလက်များ ၊အမှန်တရား၏ လှို့ ဝှက်ချက် များကို သိရှိရပေမည်။
***
၂၃။((ဟလီးမွန်(န))) حلیمٌ
အဓိပ္ပာယ် - အလွန်တရာ ကြင်နာထောက်ထား သည့်အရှင်၊အလွန်တရာသည်းခံတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်ထားတော်မူသည် ။ မည်သူမဆို မင်းဆိုး၊မင်းညစ်၏ အမျက်ဒေါသ ကို ကြင်နာမှု၊စာနာမှုအဖြစ် ပြောင်းသွားစေရန် (အလ်ဟ ကီးမို) ဂုဏ်တော်အား အကြိမ် ၁၀၀ ဖတ်ရွတ်ရ ပါမည်။
၂။ အိပ်မပျော်သည့်သူ အနေဖြင့် ဤဂုဏ်တော် အား များများ ဖတ်ပေးခြင်းဖြစ် အိပ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သက်သောင့် သက်သာ ရှိစေရန် ၊ ကြင်နာမှု နှင့် သည်းခံမှု ဂုဏ်သတ္တိကို ပိုင်ဆိုင်ရန် ၊ အခက်အခဲ ဒုက္ခများ ကို ရင်ဆိုင်ကျော်ဖြတ် နိုင်ရန် (ယာဟ လီးမို) ဂုဏ်တော်အား နေ့စဉ် ၈၈ ကြိမ်ဖတ် ရွတ်ရ ပါမည်။
၎ ။ အလုပ်များ မှန်ကန်ကောင်းမွန်ရန် ၊ မသိ ရှိသေး သည့်အရာများ သိရှိလာစေရန် အတွက် နေ့စဉ် ၇၈ ကြိမ် ဤဂုဏ်တော်အားဖတ်ရွတ်ရပါမည် ။ တစ်ထိုင် တည်း ၄၄၅ကြိမ် ဖတ်နိုင်လျှင် ပို၍အဆင် ပြေပါ သည်။
***
၂၄။((ဟဖီးဇွန်(န))) حفیظٌ
အဓိပ္ပာယ် - ထာဝရထိန်းသိမ်းစောင့်ရှောက်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ရေကြောင်းခရီးသည် အနေဖြင့် (အလ်ဟဖီးဇို) ဂုဏ်တော်အား (ခရီးစဉ်တစ်လျောက်လုံး ) ဖတ်ရွတ် နေမည်ဆိုလျင် အန္တရာယ်ကင်းစွာ ကမ်းဆိုက်နိုင် မည် ဖြစ်ပါသည်။ (သဘောင်္သားများ အထူးဖတ် ရွတ် သင့်ပေသည်။ )
၂။ ကိုယ်ဝန်ဆောင် အမျိုးသမီး ကိုယ်ဝန် မပျက် ကြရန် ၊ကလေး မသေဆုံးရန် အတွက် (အလ် ဟဖီးဇို) ဂုဏ်တော်အား အာရဘီ စကားဖြင့် ငွေပြား ပေါ်တွင်ထွင်းပြီး ဝတ်ဆင်ထားရပါမည်။ မွေးဖွားပြီး နောက် ကလေး ငယ် ကိုချိတ်ဆွဲထားပေးရမည်။
၃ ။ မည်သူမဆို ဤဂုဏ်တော်အား သောကြာနေ့ နမာဇ်စေ ဖဂျရ်(သို့) ဇဟိုရ် (သို့) အစဲရ် အပြီး သန့်ရှင်းသည့် စာရွက် ပါးပါးလေး ပေါ်တွင် ၉၉၈ ကြိမ် ရေးပြီး သေချာခေါက်၍ လက်မောင်းတွင် ချည် ထား မည်ဆိုလျင် ရှိုင်တွာန်၏ နှောက်ယှက် ဖျက် စီးမှု ၊ အာဏာပိုင်များကို ကြောက်လန့်မှု ၊ မြွေ၊ ကင်းမှီးကောက်၏ အန္တရာယ် နှင့် မကောင်းသည့် အတွေးများ မှ ကင်း လွတ်မည် ဖြစ်ပါသည်။
၎။ အကြင်မည်သူမဆို ဤဂုဏ်တော်အား ၉၉၈ ကြိမ် ဖတ်ရွတ်မည်ဆိုလျင် မည်သည့် အကျိုးပျက်စေမှု မှ ထိရောက်မည် မဟုတ်ပေ။
***
၂၅။((ဟက္က်ကွန်(န))) حقٌّ
အဓိပ္ပာယ် - မှန်ကန် တိကျတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြွေးမဆပ်နိုင်သည့် အခြေအနေတွင် ပြန် လည် ပေးဆပ်နိုင်ရန် အတွက် ဖဂျရ်နမာဇ် အဇန် မတိုင်မီ (ယာဟက္က်ကို) ဂုဏ်တော်အား ၁၀၈ ကြိမ် ဖတ်ရွတ်ရပါမည်။
၂ ။ ပျောက်သွားသည့် အရာ၊လူ ပြန်လည်တွေ့ရှိရန် ဤ ဂုဏ်တော်အား ဖတ်ရွတ်ရပေမည် ။
***
၂၆။((ဟစီးဗွန်(န))) حسیبٌ
အဓိပ္ပာယ် - စိစစ်၊စစ်ဆေးတော်မူ သည့် အရှင် ၊ (အနှိုင်းမဲ့ ၊အတုမရှိ) ပညာအရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ကိုယ်တော်မြတ်မိုဟမ္မဒ် (ဆွ)၏ အနွယ်တော်မွန် အေမာမ် အလီရေဇာ (အ.စ) မိန့်တော် မူသည်။ မည်သူမဆို အင်အား ကြီး ရန်သူ ၊ရန်အား ကာကွယ် နိုင်ရန် အတွက် ကြာသပတေးနေ့မှ စပြီး နောက် တစ်ပတ် ကြာသ ပတေးနေ့ အထိ နေ့စဉ် ဤ ဂုဏ် တော် အား အကြိမ် ၈၀ ဖတ်ရွတ်ရပါမည်။
၂။ လုပ်ငန်း ကိုင်ငန်းများတွင် စည်းစနစ် ကျလာ စေရန် (ယာဟစီးဗို ) ဂုဏ်တော် အား နေ့စဉ်အကြိမ် ၈၀ ဖတ်ရွတ်ရပါမည်။
၃။ ငွေကြေးဖူလုံရန် ၊ကြောက်လန့် မှုမှ လွတ်မြောက် ရန် ၊ ရန်သူရန်မှ ကာကွယ်နိုင်ရန် ၊ ပစ္စည်း၊ဥစ္စာ နှင့် သား၊သမီးများ ကို လုံခြုံမှု ရစေရန် ဤဂုဏ်တော် အားရွတ်ဖတ် ရပါမည်။
***
၂၇။((ဟမီးဒွန်(န))) حمیدٌ
အဓိပ္ပာယ် - (အခြေအနေတိုင်းတွင်) ချီးမွမ်း ထောမနာ ခြင်းခံထိုက် သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ပြုပြင် ၊ပြောင်းလဲ ပေးလို့ မရသည့် သူအား (ယာဟမီးဒွန်) ဂုဏ်တော် အား ၆၂ကြိမ် ၎င်းစားမည့် အစား (သန့်ရမည်၊ ဟလာလ်ဖြစ်ရမည်) အပေါ် ဖတ် ရွတ် ၍ ၎င်း အားကျွေးရပါမည်။
၂။ စာရိတ္တကောင်းမွန်ရန် ၊အကျိုးမဲ့ စကားပြောခြင်း ၊ဆဲရေး၊တိုင်းထွာခြင်းမှ ကင်းဝေးရန် နေ့စဉ် (ယာဟ မီးဒွန်) ဂုဏ်တော်အား ၆၂ ကြိမ် ဖတ်ရွတ်ရပါမည်။
***
၂၈။((ဟဖီးယွန်(န))) حَفِیٌ
အဓိပ္ပာယ် - အလွန်တရာသနားကြင်နာတော်မူသည့် အရှင် ၊ အလွန်တရာ တယုတယ ထွေးပိုက် တော် မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ခင်မင်မှု ၊ချစ်ခင်မှု ရရန် ဤ ဂုဏ်တော်အား ဖတ်ရွတ်သင့်ပါသည်။
၂။ တစ်ဦး၊တစ်ယောက်၏ နှလုံးသားတွင် မိမိ အတွက် အချစ်၊မေတ္တာ ကိန်းအောင်လာစေရန် တစ် ထိုင်တည်း (အလ်ဟဖီးယို) ဂုဏ်တော်အား ၉၈ ကြိမ် ဖတ်ရွတ် ရပါမည်။ (နီယသ်သန့်ဖို့လိုပါသည်။)
***
၂၉။((ရဗ်ဗွန်(န))) رّبٌّ
အဓိပ္ပာယ် - ပြုစုပျိုးထောင်တော်မူသည့် အရှင် ၊ကွပ်ကဲကြီးမှူး၊စိုးမိုး အုပ်ချုပ်တော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉၇၀ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ဆွာဒစ် (အ.စ)မိန့်တော်မူသည်။ မည်သူ မဆို (ယာရဗ်ဗေ) အား သုံးကြိမ်၊သုံးခါ ဖတ်ရွတ် မည်ဆိုလျင် အလ္လာဟ်ဟိုအရှင်မြတ်သခင်အနေဖြင့် ကောင်းပြီး အသင်၏ လိုအင်ဆန္ဒ အဘယ်နည်း ဟု မိန့်တော် မူလေမည်။ (လိုချင်သည့် ဒိုအာတောင်း ခံ စေဟုဆိုလို ခြင်း ဖြစ်ပါသည်။ )
၂။ အရေးကြီးသည့် လုပ်ငန်း အတွက် (စလာမွန် ကောင်လန်(န) မင်ရဗ်ဗေရဟီးမ် ) ၈၁၈ ကြိမ်ဖတ် ရွတ်မည်ဆိုလျှင် ထိုအရေးကြီးလုပ်ငန်း အောင်မြင် မည် ဖြစ်ပါသည်။
၃။ သောက၊ဒုက္ခ၊ အခက်အခဲ အကြပ်အတည်း နှင့် ရင်ဆိုင် ရချိန်တွင် မိမိနှလုံးသား အား မြတ်အလ္လာဟ် ဖက်သို့ အာရုံပြုပြီး အသက် ရှုနိုင်သလောက် ရှုပြီး (ယာရဗ်ဗေ) ဂုဏ်တော်အား ရသလောက် ဖတ်ရပါ မည်။
***
၃၀။((ရဟ်မန်နွန်(န))) رّحمنٌ
အဓိပ္ပာယ် - (အဖန်ဆင်းခံ လူသား တိုင်းအပေါ်) သနား ကြင်နာတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၅၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ)မိန့်တော်မူ သည်။ အကြင် မည်သူ မဆို နမာဇ် တိုင်း ဝတ်ပြုအပြီး (အရ်ရဟ်မန် အရ်ရဟီးမ် ) ဂုဏ်တော်အား ၂၉၈ ကြိမ် ရွတ်ဖတ် မည်ဆိုလျှင် အဖန်ဆင်းခံအားလုံး၏ ချစ်ခင်မှု ကို ရရှိမည် ဖြစ်ပါသည်။ ထိုပြင် အမှန် တရား ဖက်ရှိ သူများ စာရင်းတွင် ဝင်သွား ပါ မည်။
၂ ။ မိမိမတတ်နိုင်သည့် ကိစ္စနှင့်ကြုံတွေလာပါက အောင်မြင်ရန် သောကြာနေ့ အစဲရ်နမာဇ်အပြီး မှ နေဝင်ချိန်အထိ(ယာအလ္လာဟ်ဟို၊ယာရဟ်မန်နို)ဂုဏ် တော် အားဖတ်ရွတ် ရမည်၊ထိုနောက် စဂ်ျဒါ တွင် ၎င်းကိစ္စ အတွက်ဒိုအာပြုရမည်။
၃။ နေ့စဉ်၊နေ့တိုင်း နမာဇ်ပြီးတိုင်း (ယာရဟ်မန်နို) ဂုဏ်တော်အား အကြိမ် ၁၀၀ဖတ်ရွတ်မည်ဆိုလျှင် မေ့လျော့ခြင်း ၊အခက်အခဲများ တွေ့ရခြင်းကို ၎င်း၏ နှလုံးသားမှ ဖယ်ရှားပေးသနားတော်မူပေမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( လေးစားဂုဏ်ပေးမှုကို ပိုင်ဆိုင်လိုလျှင်ပျော့ပျောင်း စွာဆက်ဆံမှု ပြုပါလေ။ အစော်ကားခံ လိုလျှင် ကြမ်း ကြမ်း၊တမ်းတမ်းဆဲရေး၊ တိုင်းထွာပြီး ဆက်ဆံပါ လေ။))
သိုဟ်ဖိုလ်အိုကူလ်ကျမ်း ၊ စ.မ ၅၅
၃၁။((ရဟီးမွန်(န))) رّحیمٌ
အဓိပ္ပာယ် - သနားကြင်နာတော်မူသည့် အရှင် (အဖန်ဆင်းခံ မိုအ်မင် မိုအ်မေနသ်များအတွက်သာ)
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁၇ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အလုပ် အကိုင် အဆင်ပြေ တိုးတက် စေရန် အတွက် နေ့စဉ် ဤဂုဏ်တော် အား ၂၅၈ ကြိမ်ဖတ် ရွတ် ရပါမည်။
၂ ။ (အရ်ရဟ်မန်) ဂုဏ်တော်အား အာရဘီလို ၂၁ကြိမ်ရေးသားပြီး ခေါင်းကို ချည်ထားမည်ဆိုလျှင် ခေါင်းကိုက်ပျောက်ကင်းမည် ဖြစ်ပါသည်။
***
၃၂။((ဇာရီယွန်(န))) ذّاریٌ
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင် ၊ခန့်အပ် တော်မူသည့် အရှင် ၊ထင်ရှားစေတော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ذّرأအသွင်ဖြစ် ၂ကြိမ်လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ ပျောက်နေသူ (သို့) သတင်းမရှိသူ (သို့) ပျောက် နေ သည့်ပစ္စည်း တစ်ခုခု နှင့်ပတ်သက်ပြီး သတင်းရ ရှိရန် ညဥ့်တစ်ဝက် (နမာဇ်ဖဂ်ျအချိန် နှင့်မဂ်ရိဘ် အချိန် တို့အကွာအဝေးတစ်ဝက် ) ထပြီး မိမိနေအိမ် ၏ အခန်းထောင့် တစ်နေရာတွင် မတ်တပ်ရပ်ပြီး အကြိမ် ၇၀ (ယာဇာရီအို ယာမိုအီဒို ရွတ်ဒ်ဒါ အလိုင်း ယဖိုလန်) (یاذاریء یا معید ردّ علّی فلانا ) (ဖိုလန်) ဆိုသည့် နေရာတွင်လူ(သို့) ပစ္စည်း အမည်)ကိုထည့် ပြီးဖတ်ရွတ်ပါ ။ အင်ရှာအလ္လာဟ်ဖတ်ပြီး တစ်ပတ် အတွင်း သတင်း ရလာ ပါလိမ့်မည်။
၂။ သတင်းမရှိသည့် ကိစ္စအတွက် သတင်းအမြန် ရောက်လာစေရန် အတွက် ဤဂုဏ်တော်အား ၉၁၁ ကြိမ် ဖတ်ရွတ်ရပါမည်။
***
၃၃။((ရာဇက်ကွန်(န))) رّازقٌ
အဓိပ္ပာယ် - အလွန်တရာ စားနပ်ရိက္ခာ ပေးသနား တော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူမဆို မိမိ နေအိမ်၏ ထောင့်လေး ထောင့်စလုံး တွင် (ယာရာဇက်ကွန်) ဂုဏ်တော်အား အကြိမ် ၁၀၀ စီဖတ်ရွတ် ပေးမည်ဆိုလျင် အကြပ် အတည်း အခက်အခဲ ၊ဒုက္ခ ထိုအိမ်သို့ ဝင်ရောက် နိုင်မည် မဟုတ်ချေ။
၂။ ဤဂုဏ်တော် အား များများ ရွတ်ဆိုခြင်း ဖြင့် စားနပ်ရိက္ခာ ၊စားရေရိက္ခာ တိုးပွားမည် ဖြစ်ပါသည်။
***
၃၄။((ရကီးဗွန်(န))) رّقیبٌ
အဓိပ္ပာယ် - ထိန်းသိမ်းစောင့်ရှောက်တော်မူ သည့် အရှင် ၊ ကွပ်ကဲတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ)မိန့်တော် မူ၏။ အကြင် မည်သူ မဆို တစ်ဦးတစ်ယောက်နှင့် ရန်ငြိုးရန်စကြီး နေလျှင် ဤဂုဏ်တော်အား ၇ ကြိမ်ဖတ်ရွတ် မည်ဆို လျှင် ၎င်းရန်သူ၏ ရန်ငြိုးရန်စွယ်၊ အန္တရာယ် မှလုံခြုံ မှု ကိုရပေမည်။
၂။ ပစ္စည်းဥစ္စာနှင့် မိသားစု အပေါ် ဤဂုဏ်တော် အား ၇ ကြိမ် ဖတ်ရွတ်မည်ဆိုလျှင် လုံခြုံ စိတ်ချရမှု ကိုရရှိမည် ဖြစ်ပါသည်။
***
၃၅။((ရအူဖွန်(န))) رّؤوفٌ
အဓိပ္ပာယ် - အလွန်တရာသနားကြင်နာတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မည်သူမဆို ဤဂုဏ်တော်အား များများ ဖတ်ရွတ် မည်ဆိုလျှင် အခက်အခဲ၊စိတ်နှလုံးညစ်ပေမှု မှလွတ် မြောက် မည် ဖြစ်ပါသည်။
၂။ ဤဂုဏ်တော်အား အမြောက်အများ ဖတ်ရွတ် ခြင်းဖြင့် ကြောက်လန့်မှု မှန်သမျှ မှ လုံခြုံမည် ဖြစ် ပါသည်။
၃။ ကိုယ်တော်မြတ်(ဆွ) သည် အခက်အခဲ အကြပ် တည်းနှင့် ရင်ဆိုင်ရ ချိန်တွင် (ယာရအူဖို) နှင့် (ယာရဟီးမို) ဂုဏ်တော်အား အလွန်တရာ ဖတ်ရွတ် လေ၏။
၎။ လိုအင်ဆန္ဒပြည့်ဝ စေရန် ၊ အန္တရာယ် ပေးနိုင် သည့်အရာများ ၏ အန္တရာယ် မှ လွတ်မြောက် စေရန် (ယာရအူဖို) နှင့် (ယာရဟီးမို) ဂုဏ်တော်အား ၅၄၄ ကြိမ် ရွတ်ဆိုရပါမည်။
***
၃၆။((ရာအေယွန်(န))) رّائیٌ
အဓိပ္ပာယ် - ကြည့်မြင်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ဝ
စွမ်းရည် သတ္တိတော်များ
၁။ နှလုံးသားတွင် အလင်းရောင်ရရန် ၊ ထိုးထွင်း သိမြင် တတ်ရန် ၊နှလုံးသားမျက်စိဖွင့်ရန် စိတ်များကို သိမြင်လာစေရန် ဤဂုဏ်တော်အား ၂၂၁ ကြိမ် ရွတ်ဆို ရပါမည်။
၂။ ဤဂုဏ်တော်အား (ရာဖေအွန်) ဆိုသည့် ဂုဏ်တော် နှင့်တွဲပြီး အမြဲဖတ်ရွတ်ခြင်းဖြင့် သိက္ခာ နှင့်အောင်မြင်မှု ကို ရရှိမည် ဖြစ်ပါသည်။
***
၃၇။((စလာမ်မွန်(န))) سّلامٌ
အဓိပ္ပာယ် - အပြစ်အနာအဆာ(လုံးဝ) ကင်းသည့် အရှင် ၊ငြိမ်းချမ်းမှု မင်္ဂလာ (အပေါင်းကို) ချီးမြှင့်တော် မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ နေ့စဉ်နေ့တိုင်း ဤဂုဏ်တော်အား ၁၁၁ကြိမ် ဖတ်ရွတ်ခြင်းဖြင့် ရောဂါဝေဒနာမှ ကင်းဝေပေမည်။
၂ ။ အေမာမ်ရေဇာ (အ.စ)မိန့်တော်မူ၏။ အကြင် မည်သူ မဆို မနာမကျန်းသူ ၏ခေါင်းပေါ်တွင် ဤ ဂုဏ်တော်အား ၁၃၁ ကြိမ်ဖတ်ပေးမည်ဆိုလျင် ၎င်း မနာ မကျန်းသူသည် အခက်အခဲများ မှလွတ်မြောက် မည်၊ပြန်လည်ကျန်းမာလာပေမည်။
***
၃၈။((မိုအ်မေနွန်(န))) مؤمنٌ
အဓိပ္ပာယ် - အန္တရာယ် (အသွယ်သွယ်)မှ ကင်းဝေး စေတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အစွဲအလန်း၊ဒွိဟသံသယမှ ကင်းရန် ဤ ဂုဏ် တော်အား အကြိမ် ၁၂၀ ဖတ်ရပါမည်။
၂။ နေ့စဉ်နေ့တိုင်း ဤဂုဏ်တော်အား ၁၆၇ ကြိမ် ဖတ်ရွတ် မည်ဆိုလျင် ရုပ်နမ်ဆိုင်ရာ လှည့်စားမှု ၊သံသယ ဖြစ်အောင် လုပ်ဆောင် မှုမှ ကင်းလွတ် ပေမည်။ ရန်သူလည်း ၎င်း ဖတ်ရွတ်သူအပေါ်အောင် နိုင် မည် မဟုတ်ချေ။
***
၃၉။((မိုဟိုင်မေနွန်(န))) مهیمنٌ
အဓိပ္ပာယ် - မှန်ကန် တိကျသည့် သက်သေ ဖြစ် တော်မူ သည့် အရှင် ၊
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ နေ့ နှင့် ညတိုင်း (ယာမိုဟိုင်မေနို ) ဂုဏ်တော် အား ၁၄၅ကြိမ် ရွတ်ဆိုမည်ဆိုလျှင် အတွင်းပိုင်းဆိုင် ရာ သန့်စင်မှုကို ရရှိမှာ ဖြစ်ပါသည်။
၂။ အကြင်မည်သူ မဆို (တရားတော်နှင့်အညီ) ရေချိုးပြီး ဤဂုဏ်တော် အား အကြိမ် ၁၀၀ ဖတ်ရွတ် မည်ဆို လျှင်ရုပ်နာမ် ၊အတွင်းပိုင်းနှင့် အပြင်ပိုင်း သန့်စင် မှုကို ရရှိမည် ဖြစ်ပါသည်။
***
၄၀။((အဇီးဇွန်(န))) عزیزٌ
အဓိပ္ပာယ် - စွမ်းအား(ကြီးမား)သည့် အရှင် ၊ (စစ်မှန်ပြီးမည်သူမျှ အနိုင်မရမည့် ) အာဏာရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၈၈ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူ သည်။ အကြင် မည်သူ မဆို နေ့စဉ်နေ့တိုင်း နမာဇ်စေ ဖဂ်ျရ် ပြီးတိုင်း (အလ်အဇီးဇို) ဂုဏ်တော်အား ၄၁ကြိမ် ရွတ် ဖတ် မည်ဆိုလျင် မည်သည့် အဖန်ဆင်းခံကိုမှ မှီခို ရန် လိုမည် မဟုတ်ချေ။ မည်သူမဆို ဤ ဂုဏ်တော် အား အစဉ်အမြဲ ဖတ်ရွတ် နေမည်ဆိုလျင် လူထု၏ ချစ်ခင်မှု နှင့် သိက္ခာပေး လေးစားမှု ကိုရ ရှိမည် ဖြစ်ပါသည်။
၂ ။ မည်သူ မဆိုနေ့စဉ် နေ့တိုင်း ဤဂုဏ်တော် အား အကြိမ် ၄၀ ဖတ်မည်ဆိုလျှင် ကြီးမားသည့် စည်းစိမ်း ကို ပိုင်ဆိုင်မည်ဖြစ် ပါသည်။
၃။ လူချစ် လူခင်များရန် နေ့တိုင်း ဤ ဂုဏ်တော် (ယာ အဇီဇို ) အားအကြိမ် ၁၀၀ ဖတ်ရွတ်ရပါမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
((အလုပ်လက်မဲ့ ဖြစ်မှုသည် နှလုံးသားကို မာကျော စေပါသည်။ ))
မွတ်စ်နဒ်ဒွရှ် ရှဟာဗ် ကျမ်း ၊အတွဲ ၁ ၊ စ.မ၁၈၈
***
၄၁။((ဂျက်ဗ်ဗာရွန်(န))) جبّارٌ
အဓိပ္ပာယ် - အရှိန်အဝါကြီးတော်မူ သည့် အရှင် ၊ကောင်းမှုကိုသာ အမိန့်ပေးတော် မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူ မဆို နေ့စဉ်နေ့တိုင်း ၂၁ကြိမ် (ယာ ဂျက်ဗ်ဗာရို) အား ဖတ်ရွတ် မည်ဆို လျှင်ရက် စက် ညှဉ်းပန်းမှု မှ လုံခြုံမှုရရှိမည် ဖြစ်ပါသည်။
၂။ ရန်သူ၏ ရန်ငြိုး အန္တရာယ် ၊ရှိုင်တွာန် စိတ်ဓာတ် ပါနေသည့် လူနှင့်ဂျင်န်များ၏အန္တရာယ်မှ ကင်းလွတ် ရန်နေ့စဉ် အမြဲ(ယာဂျက်ဗ်ဗာရို) ဂုဏ်တော် အား ၂၁ ကြိမ်ဖတ်ရွတ်ရပါမည်။
***
၄၂။((မိုသကဗ်ဗေရွန်(န))) متکبّرٌ
အဓိပ္ပာယ် - ဘုန်းတန်ခိုး(ကြီးမား) သည့် အရှင် ၊ ကြီးကျယ်မြင့်မြတ်တော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူမဆို ဤဂုဏ်တော်အားညှဉ်းပန်း နှိပ်စက်သူ ၊ ရက်စက်သူ ရှေ့ တွင် ဖတ်ရွတ်တော် မူမည် ဆိုလျှင် ထိုသူ ညှဉ်းပန်း နှိပ်စက် သူ၊ရက်စက် သူသည် သိက္ခာမဲ့သူဖြစ်လတ္တံ ။
၂။ တစ်ဦးဦး တစ်ယောက်ယောက် ကို ကြောက် သည့် စိတ် ၊၎င်း အန္တရာယ် ပြုမည်ဆိုသည့် စိတ် မှ လွတ်မြောက်ရန် (ယာမိုသကဗ်ဗေရို )ဆိုသည့် ဂုဏ် တော် အား ၆၆၂ ကြိမ် ဖတ်ရွတ်ရပါမည် ။
၃။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။မည်သူ မဆို မိမိ၏ တရားဝင်ဇနီးမယား နှင့် လိင်ဆက်ဆံမှု မပြုမည်အရင် (အလ် မိုသကဗ်ဗေရို )ဆိုသည့် ဂုဏ် တော်အား ၁၀ ကြိမ်ဖတ်ရွတ် ဆိုလျှင် မြတ်အလ္လာဟ် သည် ၎င်းဖတ်ရွတ်သူအား ကောင်းမြတ် သည့် သား သမီး ရတနာ ပေးသနားတော်မူပေမည်။
***
၄၃။((ဆယက်ဒွန်(န))) سیدٌ
အဓိပ္ပာယ် - (စစ်မှန်သည့်)အရှင်သခင် ၊ခေါင်း ဆာင်၊ ဦးသျှောင် ၊အကြီးအကဲ
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - မရှိ
စွမ်းရည် သတ္တိတော်များ
၁။ကြီးကျယ်မှု ၊ လောကီ လောကုတ္တရာတွင် ဂုဏ် သိက္ခာ ရှိမှု အတွက် ဤဂုဏ်တော်အား အမြဲတစေ ဖတ်ရွတ်ရပါမည်။
***
၄၄။((စွဗ်ဗူဟွန်(န))) سبوحٌ
အဓိပ္ပာယ် - အလွန်တရာ သန့်ရှင်း စင်ကြယ်ပြီး ချွတ်ယွင်းမှု အပြစ် အနာဆာ (လုံးဝ) ကင်းစင်တော် မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (فعل) ပုံစံဖြစ်သာအကြိမ်များစွာ လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။အကြင်မည်သူမဆို ဤဂုဏ်တော်အား (မိမိ အိမ်လုပ်) ချာပါတီ တစ်ချပ်ချပ် ပေါ်တွင် သောကြာ နမာဇ်အပြီး ရေးသားပြီး စားသုံးမည်ဆိုလျှင် ကောင်း ကင်တမန် (ဖရေရှ်သာ) ကဲ့သို့ အရည် အသွေး များ ထွန်းကား လာပါ မည်။
၂။ မည်သူမဆို ဇဟိုရ် အချိန် တွင် ဤဂုဏ်တော် အား ဖတ်ရွတ် မည်ဆိုလျှင် (မကောင်း)စိတ်နှင့် ရှိုင်တွာန် ၏သံသယ ဖြစ်အောင် လုပ်ဆောင်မှု ၊ လမ်းမှားသို့ ရောက် အောင် ပို့ဆောင်မှု မှ ကင်း လွတ်မည် ဖြစ် ပါ သည်။
၃။ ချွတ်ယွင်းမှု ၊အပြစ်အနာအဆာများ ကင်းစေရန် အစဉ်အမြဲ ဤဂုဏ်တော် အား ဖတ်ရွတ်ရပါမည်။
***
၄၅။((ရှဟီးဒ်ဒွန်(န))) شهیدٌ
အဓိပ္ပာယ် - သက်သေ ဖြစ်တော်မူ သည့် အရှင် ၊(အရာရာတိုင်းကို) အကြွင်းမဲ့သိရှိတော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အောင်မြင်မှုရရှိရန် နှင့် ပြုပြင်တည့်မတ် ပြောင်း လဲ နိုင်ရန် ဤ ဂုဏ်တော်အားဖတ်ရွတ် ရပါ မည်။
၂။ လှို့ဝှက်ကိစ္စများ နှင့်ပတ်သက်သည့် သတင်း ရရှိရန် အတွက် (ယာရှဟီးဒ်ဒို) ဂုဏ်တော်အား နေ့နှင့်ည အကြိမ် ၇၀ ဖတ်ဆို ရပါမည်။
***
၄၆။((ဆွာဒေကွန်(န))) صادقٌ
အဓိပ္ပာယ် - မှန်ကန် တိကျစွာပြောဆိုတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မှန်ကန်မှု နှင့် ပြတ်သားရှင်းလင်း သန့်စင်မှု ဂုဏ် ကိုပိုင်ဆိုင်ရန် အစဉ်အမြဲ ဤဂုဏ်တော်ကိုရွတ် ဆို ရပါမည်။
၂။ စိတ်နှလုံးမှ အညစ်အကြေး ကင်းစေရန် ၊အတွင်း သန့်ရှင်းရန် ၊မုဆိုးမှ ရှောင်ကြဉ်နိုင်ရန် နေ့စဉ် (ယာ ဆွာ ဒေကို ) ၁၉၅ ကြိမ်ဖတ်ရွတ် ရပါမည်။
***
၄၇။((ဆွာနေအွန်(န))) صانعٌ
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (صُنع) ပုံစံဖြင့် ၁ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အလုပ်တိုင်းနှင့် စက်မှုလက်မှု လုပ်ငန်းတိုင်းတွင် တိုးတက်ရန် အဆုံးတိုင် အောင်မြင်ရန် ချွတ်ယွင်း ချက်ပြဿနာ ရှာလို့မရစေရန် အလုပ် မစမည် အလျှင် (ယာဆွာနေအို) ဂုဏ်တော် အား ၂၁၁ ကြိမ်ဖတ်ရွတ်ရပါမည်။
၂။ စက်မှုလက်မှု လုပ်ငန်းများ ချောမွတ် အဆင် ပြေစေရန် အစဉ် ဤ ဂုဏ်တော်အား ဖတ်ရွတ် ရပါမည်။
***
၄၈။((သွာဟေရွန်(န) )) طاهرٌ
အဓိပ္ပာယ် - သန့်ရှင်းစင်ကြယ်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (طهر) ပုံစံဖြင့် ၁ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ ကောင်းမွန် ကောင်းမြတ်သည့် စာရိတ္တတော်များ ပိုင်ဆိုင်ရန် ၊ မကောင်းသည့်အကျင့်ဆိုး စာရိတ္တများ မှ ကင်းလွတ်နိုင်ရန် ဤဂုဏ်တော် အား ဖတ်ရွတ် ခြင်းသည် အလွန် အသုံးဝင် ပါသည်။
***
၄၉။((အဲဒ်လွန်(န))) عدلٌ
အဓိပ္ပာယ် - ဖက်မလိုက်တော်မူ သည့် အရှင် ၊အရာရာ တိုင်းကို သူ့နေရာ နှင့်သူထားတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ဒိုအာ မတောင်းမီ (ယာအဲဒ်လို) ဂုဏ်တော်အား ၄ ကြိမ်ဖတ်ရွတ်ပြီး ဒိုအာတောင်းဆိုမည်ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ် သခင် ၎င်း ၏ ဒိုအာကို လက်ခံ တော်မူမည်။
၂။ အလုပ်နှင့်အပြော တစ်ထပ်တည်းကျရန် ဤ ဂုဏ်တော် အား အစဉ်အမြဲ ဖတ်ရွတ်ရပါမည်။
***
၅၀။((အဖူဝန်(န))) عَفُوّ
အဓိပ္ပာယ် - အလွန်တရာ ခွင့်လွတ်ပေးတော်မူ သည့် အရှင် ၊ အလွန်တရာ လွတ်ငြိမ်းချမ်းသာ ခွင့်ပေး တော် မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၅ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ဂိုနာအပြစ်ဒုစရိုက်များကို ခွင့်လွတ်ပေးရန် နှင့် သောင်ဗာပြု နိုင်ဖို့ စွမ်းအင်ရရှိရန် ဤဂုဏ်တော် အား အမြဲ ဖတ်ရွတ်ရပါမည်။
၂။ အေဗါဒသ်များ နေဂျာစသ် (တရားတော် အရ မသန့် သည့် အရာများ ) နှင့်ပတ်သတ်ပြီး ဒွိဟ သံသယ စိတ်မပေါ်လာစေရန် ဤဂုဏ်တော် အား များများ ဖတ်ရွတ်ရပါမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
((မနက်အချိန် အိပ်စက်ခြင်းသည် စားနပ်ရိက္ခာ အတွက် တားဆီးမှု ကို ဖြစ်စေပါသည်။ ))
ကန်ဇွလ်အာမါလ်ကျမ်း ၊ဟဒီးစ်တော် အမှတ် ၂၁၃၉၉
***
၅၁။((ဂဖူရွန်(န))) غفورٌ
အဓိပ္ပာယ် - အလွန်တရာ လွတ်ငြိမ်းချမ်းသာ ခွင့်ပေး တော် မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉၀ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော် မူတော်သည်။ အန္တရာယ် ကိုဖုံးကွယ်ရန်နှင့် လုပ်ရပ်အားလုံး ကိုဖုံး ကွယ်ထားရန် ကျောက်တုံးအမဲ ပေါ်တွင် ဤ ဂုဏ်တော် အား ၁၂၀၉ ကြိမ် ရွတ်ဆိုပြီး ရေတွင်း ထဲသို့ ချထားရပါမည်။
၂။ အကယ်၍ ဂိုနာအပြစ်ကို ကျူးလွန် ထားပြီး နောင်တရမည်။ ပြီးနောက် လောကီ ၊ဗရ်ဇက်္ခ၊နှင့် လောကုတ္တရာ တွင် အခက်အခဲ နှင့်မရင်ဆိုင်ရ စေရန် သောကြာနေ့ ဇဟိုရ်အချိန် ဤဂုဏ်တော် (အလ်ဂဖူရို ) အား ၁၂၈၆ ကြိမ် ရွတ်ဆိုရပါမည်။
၃။ ရှိုင်တွာန် ၏ မကောင်းကြံစည်မှု ၊ ယုတ်စွ အဆုံး နမာဇ် ဖတ်ရာတွင် သံသယဝင်မှု မှ ကာကွယ်ရန် နေ့စဉ် နေ့တိုင်း (အလ်ဂဖူရို ) ဂုဏ်တော် အား အကြိမ် ၁၀၀ ဖတ်ဆိုရပါမည်။
၎။ မည်သူမဆို ဤဂုဏ်တော် (အလ်ဂဖူရို ) အား အစဉ်အမြဲ ဖတ်ရွတ်မည်ဆိုလျင် သောက စိတ်ဆင်း ရဲမှု မှ စိတ်ချမ်းသာမှု သို့ ချက်ချင်း ပြောင်းသွား ပါ မည်။
***
၅၂။((ဂနီယွန်(န))) غنیٌ
အဓိပ္ပာယ် - လိုလားတောင့်တခြင်းမှ ကင်းတော်မူ သည့် အရှင် ၊(အလုံးစုံ) ကြွယ်ဝ ချမ်းသာ တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၈ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ နေ့စဉ် နေ့တိုင်းရွတ်ဖတ်ခြင်းဖြင့် စားရေရိက္ခာ ပေါများ စေမည်။
၂။ မည်သူမဆို နမာဇ်စေအေရှာ နှင့်မအိပ်မည် အကြား (သို့) နမာစေမဂ်ရိဗ် နှင့်အေရှာ အကြား (ယာဂနီယို) ဂုဏ်တော်အား အကြိမ် ၁၀၆၀ ဖတ်ရွတ် မည်ဆိုလျှင် သူဌေး ဖြစ်မည် ဖြစ်ပါသည်။
၃။ ဆင်းရဲမှုမှ ကာကွယ်ရန် နေ့စဉ် (ယာဂနီယို) ဂုဏ် တော်အား အကြိမ် ၁၀၀ ဖတ်ရွတ်ရပါမည်။
၎။ အကြင်မည်သူမဆို စနေနေ့တွင် ပထမဆုံး အချိန် (ယာဂနီယို)ဂုဏ်တော် အား အကြိမ် ၁၀၆၀ ဖတ် ရွတ် မည်ဆိုလျင် ငွေကြေးပြည့်စုံသူ ဖြစ်ပေ လိမ့်မည်။
၅။ ငွေရေးကြေးရေအဆင်ပြေ သူဌေးဖြစ်ရန် ၊စားနပ် ရိက္ခာ ပေါများစေရန် စနေနေ့ နေမထွက်မှ အရင် ဤ ဂုဏ်တော်အား အကြိမ် ၆၀၆၀ ဖတ်ရွတ်ရပါမည်။
***
၅၃။((ဂရာစွန်(န))) غیاثٌ
အဓိပ္ပာယ် - တမ်းတမှုကို လက်ခံတော်မူ သည့် အရှင် ၊ အကာအကွယ် ပေးတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (تستغیثن) ပုံစံဖြင့် ၁ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အချိန်တိုင်း ဤဂုဏ်တော်အား ဖတ်ရွတ် ခြင်းဖြင့် ကြပ်တည်းမှု ၊ခက်ခဲမှုများ ၊ စိတ်ဆင်းရဲမှုများ မှလွတ် မြောက် မည် ဖြစ်ပါသည်။
၂။ (အဘ်ဂရာစို ) ဂုဏ်တော်အား ၁၅၁၁ ကြိမ် ဖတ်ခြင်း ကြောင့် ကြောက်လန့်မှု စိုးရိမ်ပူပင် ရမှု၊ စိတ်ဆင်းရဲ ရမှု မှ လွတ်မြောက်မည် ဖြစ်ပါ သည်။
***
၅၄။((ဖွာသွေရွန်(န))) فاطرٌ
အဓိပ္ပာယ် - မရှိရာမှ ရှိအောင်သို့ ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အရေးကြီး ကိစ္စ အောင်မြင်ရန် (ယာဖွာသွေရို ) ဂုဏ်တော်အား ၂၉၀ ကြိမ် ဖတ်ရွတ်ရပါမည်။
၂။ အရေးကြီး အလုပ်အကိုင်များ အောင်မြင်ရန် ၊တိုး တက်ရန် ၊အကျိုး ဖြစ်ထွန်းစေရန် ဤ ဂုဏ်တော် အား အစဉ်အမြဲ ဖတ်ရွတ်ရပါမည် ။
***
၅၅။((ဖရ်ဒွန်(န))) فردٌ
အဓိပ္ပာယ် - တစ်ပါး တည်းတည်ရှိနေတော်မူ သည့် အရှင် ၊ ပြိုင်ဖက် (လုံးဝ) ကင်းတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၀ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အုပ်ဖွဲ့တိုက်ခိုက်မှု ကို ချေဖျက်နိုင်ရန် ဤဂုဏ် တော် အား အစဉ်အမြဲ ဖတ်ရွတ်ရပါမည်။
***
၅၆။((ဖသာဟွန်(န))) فتّاحٌ
အဓိပ္ပာယ် - စားနပ်ရိက္ခာ နှင့်ရဲဟ်မသ် တံခါးများ ကို ဖွင်လှစ်ပေးတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အခက်အခဲ၊အကြပ်အတည်းများ ကို အောင်နိုင် ရန် ဤဂုဏ်တော်အား ဖတ်ရွတ် ရန် တိုက်တွန်းထား ပါသည်။
၂။ လက်ဖဝါး နှစ်ဖက်ကို ရင်ပေါ်တင်ပြီး မလှုပ်ရှား စေပဲ (ယာဖသာဟို ) ဂုဏ်တော်အား အကြိမ် ၇၀ ဖတ်ရွတ် ခြင်း ဖြင့် မိမိ နှင့်အလ္လာဟ် ကြားတွင် ရှိသည့် လိုအင်ဆန္ဒများပြည့်ဝမည်ဖြစ်ပါသည်။
***
၅၇။((ဖာလေကွန်(န))) فالقٌ
အဓိပ္ပာယ် - ထိုးဖောက်စေတော်မူ သည့် အရှင်၊ ဖန်ဆင်းရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။လူ သို့မဟုတ် အရာတစ်ခုခု ပျောက်သွား ၍ပြန် လည် တွေ့ရှိရန် စတင်ရှာဖွေ ချိန် မှ စပြီး ဤဂုဏ် တော် (ယာဖာလေကို ) အား ၂၁ ကြိမ် ဖတ်ရွတ် ရပါ မည်။
၂။ ပျောက်သွားသည့် လမ်းပြန်လည်တွေ့ရှိရန် ဤ ဂုဏ် တော်အား အစဉ်အမြဲ ဖတ်ရွတ်ရမည်။ (စစ်မှန် သည့် လမ်း ရရှိရန်နီယသ် ဖြင့်လည်း အစဉ်အမြဲ ဖတ်သင့် ပါသည်။ အင်ရှာအလ္လာဟ့် ... )
***
၅၈။((ကဒီးမွန်(န)))قدیمٌ
အဓိပ္ပာယ် - နိစ္စထာဝရ တည်ရှိနေ မည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - မရှိ
စွမ်းရည် သတ္တိတော်များ
၁။ အသက်ရှည်စေရန် အတွက် ဤဂုဏ်တော် အား အမြဲတမ်းနေ့စဉ် နေ့တိုင်း ဖတ်ရွတ်ရပါမည်။
***
၅၉။((မလေကွန်(န))) ملکٌ
အဓိပ္ပာယ် - အရာအားလုံးကို စိုးပိုင်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ အကြင် မည်သူ မဆို ဤဂုဏ်တော်အား နေ့စဉ် ၉ ကြိမ်ဖတ် ရွတ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင် သည် ၎င်းအား လိုလား တောင့်တခြင်းမှ ကင်း ဝေး စေမည်။ လောကီလောကုတ္တရာ အတွက်စည်းစိမ် ပေး သနားတော်မူမည်။
၂။ အကြင် မည်သူမဆို သောကြာနေ့ နေ့မထွက်မီ အရင် ဤဂုဏ်တော်အား အကြိမ် ၁၀၀၀ဖတ်လျှင် လောကီ၊လောကုတ္တရာ ဆိုင်ရာဆန္ဒများ အားလုံး ပြည့်ဝ မည်ဖြစ်ပါသည်။
၃။ မည်သူမဆို ဤ ဂုဏ်တော်အား ၆၄ ကြိမ်ဖတ် ရွတ် မည်ဆိုလျင် ဥစ္စာပစ္စည်း နှင့်သိက္ခာမကုန်နိုင် မခမ်းနိုင် ရရှိမည် ဖြစ်ပါသည်။
***
၆၀။((ကွဒ်ဒူစွန်(န))) قدّوسٌ
အဓိပ္ပာယ် - အလွန်အလွန် သန့်ရှင်းစင်ကြယ်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မည်သူမဆို ဤ ဂုဏ်တော် အား သောကြာ နေ့များ တွင် အကြိမ် ၁၇၀ ဖတ်ရွတ်မည်ဆိုလျှင် ၎င်း၏ အတွင်း စိတ်တွင် ရှေးရ်က် ( အလ္လာဟ် အရှင်မြတ် နှင့် တွဲဖက် ကိုးကွယ်ခြင်း ) နှင့် သံသယ တို့ မှ လုံခြုံမှု ရရှိ ပေမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
((အကြင်မည်သူမဆို မည်သည့် မွတ်စလင်မ် နှင့်ဖြစ်စေ အလွဲ သုံးစား ပြုလုပ်မည်၊ ခေယာ နသ်ပြု လိုလျှင် ၎င်းသာလျှင် ဆုံးရှုံးမှုနှင့်ရင်ဆိုင် ရပေ မည်။ (သို့မဟုတ်) လိမ်ညာ လှည့်ဖျားသူသည် ကျွန်ုပ်တို့မှ မဖြစ်နိုင် ချေ။))
အဝါလီယိုလ်လာလီ ကျမ်း ၊အတွဲ ၂ ၊ စ.မ၂၄၅
***
၆၁။((ကဝီးယွန်(န))) قویٌ
အဓိပ္ပာယ် - တန်ခိုးအာဏာကြီးမား သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကြင်မည်သူမဆို (ယာကဝီးယို၊ယာဂနီယို ၊ယာဝဖီးယို ) အကြိမ် ၁၀၀၀၀ ဖတ်ရွတ်မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ်သခင်သည် ၎င်း အား ဟလာလ်စားနပ်ရိက္ခာ အမြောက် အများပေး သနား တော်မူမည်။
၂။ ရန်သူရန် ၊ရန်သူ၏အန္တရာယ်မှ ကာကွယ် ရန် ဂျုံ အနည်း ငယ်ကို နှယ်ရမည်။ပြီးနောက် သစ်အယ် သီးခန့် အလုံးလေး ၁၀၀၀ ကိုပြုလုပ်ရ ပါမည်။ အလုံး လေးတစ်လုံး လုပ်တိုင်းအလုံး လေးအပေါ် (အလ်ကဝီးယို) တစ်ကြိမ် ဖတ် ရွတ်ရပါမည်။ ပြီးနောက် ဟလာလ်ငှက်(တရား တော်အရ စားခွင့်ရှိ သည့် ငှက်) တစ်ကောင် (သို့မဟုတ်) သုံးလေး ကောင် ကို ဖြည်းဖြည်းခြင်းကျွေးရ ပါမည်။
၃။ အားနည်းခြင်းမှ အားကောင်းလာစေရန် ၊ ရန်သူ အပေါ် တတ်စွမ်းနိုင်ပြီး ၊စွမ်းအား ရှိရန် ဤဂုဏ်တော် အား အမြဲတစေ ရွတ်ဆိုရပါမည်။
၎။ အကြင်မည်သူမဆို (ယာကဝီးယို၊ယာဂနီယို ၊ယာမလီယို၊ယာဝလီယို) အကြိမ် ၁၂၀၀၀ မည်သူ နှင့်မျှ စကား မပြောပဲ ဖတ်ရွတ်မည်ဆိုလျှင် ဥစ္စာ ပစ္စည်း ရရှိမည် ဖြစ်ပါသည်။
၅။ ၁၁၆ ကြိမ် ဤဂုဏ်တော်အား ဖတ်ရွတ်ခြင်း ဖြင့် ရန်သူကျဆုံးမည် ဖြစ်ပြီး ၊၎င်းရန်သူအား ထောက်ခံ သူများ မည်သည့် အရေးမှ ပါကြမည် မဟုတ်ချေ။
***
၆၂။((ကရီးဗွန်(န))) قریبٌ
အဓိပ္ပာယ် -(အဖန်ဆင်းခံများနှင့်လုံးဝ) အနီးကပ် တည်ရှိ တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ သောကဒုက္ခမှ လုံခြုံစေရန် ၊အခက်အခဲ အကြပ် အတည်း များ ချောမွတ် အောင်မြင်စေရန် ဤဂုဏ် တော်အား အစဉ်အမြဲ ဖတ်ရွတ်ရပါမည်။
၂။ အခက်အခဲ အကြပ်အတည်း အားလုံး အဆင် ပြေစေရန် (ယာကရီးဗို ) ဂုဏ်တော်အား ၃၁၂ ကြိမ် (သို့မဟုတ်) အနည်းဆုံး အကြိမ် ၃၀ (သို့မဟုတ်) အနည်းဆုံး ၅၅ ကြိမ် နေ့စဉ် ဖတ်ရွတ်ရပါမည်။
***
၆၃။((ကိုင်းယွန်းမွန်(န))) قیّومٌ
အဓိပ္ပာယ် - ထာဝရ ရပ်တည် နေမည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အစဉ်အမြဲဖတ်ရွတ်ခြင်း ဖြင့် နှလုံးသား သန့်စင် မှု ကို ရရှိမည် ဖြစ်ပါသည်။
၂။ မည်သည့် အခက်အခဲ မဆို အဆင်ပြေရန်လမ်းမ တွေ့ တော့သည့် အချိန်တွင် (ယာကိုင်းယွန်းမို ) ဂုဏ်တော် အား ၁၅၆ ကြိမ် ဖတ်ရွတ် ရပါမည်။
၃။ အခက်အခဲ အကြပ်အတည်း များကို ကြိုတင် ကာကွယ် နိုင်ရန် အတွက် ဝါဂျစ်ဗ်နမာဇ် ပြီးတိုင်း (ယာကိုင်းယွန်းမို ) ဂုဏ်တော် အား ၁၉ ကြိမ် ဖတ်ရွတ် ရပါမည်။
၎ ။အေမာမ်ဂျအ်ဖွရ်ဆွာဒစ် (အ.စ) မိန့်တော်မူ သည်။ အသက်ရှည် ရန် ၊ (တရားတော် မှခွင့်ပြုထား သည့် ) လိုအင် ဆန္ဒ ပြည့်ဝစေရန် ၊ နှလုံးသား များ တွင် ကိန်းအောင်း စေရန် (လူချစ် လူခင်များ စေ ရန်) ရန်သူကို အောင်နိုင်ရန် ဤ ဂုဏ်တော် အား ဖတ်ရွတ် ရပါမည်။
***
၆၄။((ကာဗေဆွန်(န)))قابضٌ
အဓိပ္ပာယ် - (အရာရာကို) ဖမ်းချုပ်၊ ဆုပ်ကိုင် တော်မူ သည့် အရှင်၊(အသက်များကိုပြန်လည် နုတ်သိမ်း တော် မူမည့်အရှင် )
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (قبض) ပုံစံဖြင့်၂ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ မည်သူ မဆို အတွက် ခွန်အား (ငွေ၊အာဏာ) ကြီးမား သည့် ရန်သူ ရှိပြီး ၎င်း၏ ရန်မှ စိုးရိမ်ရမည်ဆိုလျင် ၃ ည ဆက်တိုက် (အလ်ကာဗေဆို) (القابض) ဂုဏ် တော် အား အကြိမ် ပေါင်း ၁၀၀၀ ၎င်းအပေါ် အောင်နိုင် ရန်ဆိုသည့် နီယသ်နှင့်ဖတ်ရွတ် ရပါမည်။ (အင်ရှာ အလ္လာဟ့် ) ၎င်းရန်သူသည် ဖတ်ရွတ်သူ၏ မိတ်ဆွေ ဖြစ်လျင်ဖြစ်မည် ၊ (သို့) ဖျက်စီး သေကြေ သွားမည် ၊(သို့) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပေမည်။
၂ ။ လူထုအကြား တည်ကြည် ခံ့ညားရန် ၊လူလေး ရန် ၊ရန်သူ၏ အန္တရာယ် ကို အာနိသင် မဲ့အောင်ပြု ရန် ဤ ဂုဏ်တော် အားဖတ် ရွတ်သင့် ပါသည်။
၃။ အတင်း အဓမ္မ၊ မတရား သိမ်းပိုက်ထား သူထံ မှ မိမိ ဟက် (မိမိပိုင်ဆိုင်သည့်အရာ ) ပြန်လည် ရရှိ ရန် (ယာကာဗေဆို ) ဂုဏ်တော်အား ၉၀၃ ကြိမ် ဖတ် ရွတ်ရပါမည်။
***
၆၅။((ဗာစေသွန်(န))باسطٌ
အဓိပ္ပာယ် - ဖွင့်လှစ်ပေးတော်မူ သည့် အရှင် ၊ချောင်လည် ကျယ်ဝ စေတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (یبسط) ပုံစံဖြင့် ၁၀ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ)မိန့်တော် မူ၏ ။ အကြင် မည်သူ မဆို ဇဲဟ်ရီအချိန် သွာဟာရသ် (ဝဇူ (သို့) ဂိုစ် (သို့) သယာမွန် ) ဖြင့် လက်နှစ် ဖက်အား အပေါ်မြှောက်ပြီး (ယာဗာစေသို) ၁၀ ကြိမ် ဖတ်ရွတ် ပြီး မိမိ၏ မျက်နှာ အားပွတ်သပ်ပေး မည်ဆို လျင် လိုလားတောင့်တ ခြင်း ကင်းမဲ့ မည် ဖြစ်ပါ သည်။
၂။ ဤဂုဏ်တော် သည် ဟဇရသ် မီကာအီးလ် (အ.စ) အမြဲ ဖတ်ရွတ်နေသည့် ဇေက်ရ်တော်များ မှတစ်ခု ဖြစ်ပါသည်။ အမြဲအစဉ် ဖတ်ရွတ်ခြင်း ဖြင့် နှလုံးသားကို လင်းဝင်းစေပါသည်။
၃။ အစဉ်အမြဲ ဖတ်ရွတ်ခြင်း ဖြင့် ဥစ္စာပစ္စည်း ပေါများမှု ၊သားသမီးများစွာ ထွန်းကားမှု ၊ စားနပ် ရိက္ခာ ချောင်လည်မှု ကို ဖြစ်စေပါသည်။
***
၆၆။((ကာဆွီယိုလ်ဟာဂျာသ်))قاضی الحاجاتٌ
အဓိပ္ပာယ် - လိုအင်န္ဒများကို ပေးသနားတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - မလာရှိပါ။
စွမ်းရည် သတ္တိတော်များ
၁။ မိမိ၏ (တရားတော်မှ ခွင့်ပြုထားသည့် ) လိုအင် ဆန္ဒများ ပြည့်စေရန် (ယာကာဆွီ ယိုလ် ဟာဂျာသ် )( یاقاضی الحاجات) ဂုဏ်တော်အား ၉၁၁ ကြိမ် ဖတ် ရွတ်ရပါမည်။
၂။ အချိန်တိုင်း (ယာကာဆွီ ယိုလ် ဟာဂျာသ် ) ( یاقاضی الحاجات) ဂုဏ်တော်အား ရွတ်ဆိုနေ ခြင်း ဖြင့် (တရားတော်မှခွင့်ပြုထားသည့်) လိုအင်ဆန္ဒများ အလျင်အမြန် ပြည့်ဝ မည် ဖြစ်ပါသည်။
***
၆၇။((မဂျီးဒ်ဒွန် (န)))مجیدٌ
အဓိပ္ပာယ်- ကြီးကျယ်မြင့်မြတ်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ဝေဒနာ တိုင်းမှ ပျောက်ကင်းချမ်းသာ ရရန် ဤ ဂုဏ်တော်အား အစဉ်အမြဲ ဖတ်ရွတ် ရပါမည်။
၂။ သိက္ခာမဲ့မှု မှ ပြန်လည် သိက္ခာ ရှိလာစေ ရန် နေ့စဉ် နေ့တိုင်း ဤဂုဏ်တော်အား ၉၉ ကြိမ် ဖတ် ရွတ်ရပါမည်။
၃။ ဤဂုဏ်တော် အား တစ်ဦီးတစ်ယောက် တည်း ရှိ နေချိန် (များ) တွင် ဖတ်ရွတ် ခြင်းဖြင့် နှလုံးသား တွင်လင်းဝင်း တောက်ပ မှု ကို ဖြစ်စေပါသည်။
***
၆၈။((မောင်လာ)) مولی
အဓိပ္ပာယ် - အရှင်သခင် ၊ကူညီဖေးမတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အဖန်ဆင်း ခံများနှင့် မိတ်ဆွေ ဖြစ်ရန် ၊အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ကူညီဖေးမ မှု ကို ရရှိရန် ၊ အတွင်းစိတ် သန့်ရှင်း စင်ကြယ်စေရန် ၊ အလ္လာဟ် ဟိုအရှင်မြတ် သခင်အပေါ်ယုံကြည် ၊စိတ်ချမှု နှင့် အဲဟ်လေ့ ဝေလာယသ် တို့၏ အမိန့် နာခံမှု တို့တွင် တိုးတက် ၊တိုးပွားမှု ရှိလာစေရန် အတွက် ဤဂုဏ် တော်အား ရွတ်ဆိုရပါမည်။
***
၆၉။((မန်(န)နန်နွန်(န) )) منّانٌ
အဓိပ္ပာယ် - မိမိအဖန်ဆင်းခံများ အပေါ် နေအ်မသ် တော်များ အလွန်တရာ ပေးသနားတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (یمُنّ)،(منّ)ပုံစံဖြင့် ၁၀ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အလ္လာဟ် ဟို အရှင်မြတ်တော်၏ နေအ်မသ်တော် များ ကို ပိုမို၍ အသုံးပြုနိုင်ရန် နေ့စဉ်နေ့တိုင်း (ယာမန်(န)နန်နို ) ဂုဏ်တော် အား ၁၄၁ ကြိမ်ဖတ် ရွတ် ရမည်။ အင်ရှာ အလ္လာဟ့် ရက်ပေါင်း ၄၀ မပြည့် မည် ထူးခြားမှု ကိုတွေ့ ရှိမည် ဖြစ်ပါသည်။
၂။ ကြောက်လန့်၊ကြောက်ကန်မှုမှ လုံခြုံစေရန် ၊ဆင်း ရဲ နွမ်းပါးမှု မှ လွတ်မြောက်ရန် ဤ ဂုဏ်တော် အား ဖတ်ရွတ်သင့် ပါသည်။
***
၇၀။((မိုဟီသွန်)) محیطٌ
အဓိပ္ပာယ် - အရာရာတိုင်း ကို ထိန်းချုပ်၊ ဝန်းရံ ထား တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၈ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ပညာသင်ကြားချိန်တွင် အတိုင်းထက်အလွန် ပညာ သင်ယူ ဆည်းပူး နိုင်ရန် အတွက် နေ့စဉ် (ယာ မိုဟီသို) ဂုဏ်တော် အား ၆၈ ကြိမ် ဖတ်ရွတ် ရ ပါမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( မနုဿ လူသား အနေဖြင့် မိမိ၏ ဧည့်သည် နှင့် အတူ တံခါးဝ အထိ လိုက်ပို့ ပေးခြင်းသည် စွန္နသ် တော် တစ်ခုဖြစ်ပါသည်။။ ))
ကန်ဇွလ်အာမါလ်ကျမ်း၊ ဟဒီးစ်တော် အမှတ် ၂၅၈၇၁
***
၇၁။((မိုဘီးန်နွန်(န)))مبینٌ
အဓိပ္ပာယ် - မိမိ၏ စွမ်းအား ၊ဘုန်းတန်ခိုးဆိုင်ရာ လက္ခဏာများ၊ အမှတ်အသားများ ကိုထင်ရှားစွာ ပြသ တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အတားအဆီး ၊အခက်အခဲ၊အကြပ်အတည်းများ မှ လွတ်မြောက်ရန် နေ့စဉ် ဂုဏ်တော် (ယာ မိုဘီးန် နို) အား ၁၀၂ ကြိမ်ဖတ်ရွတ်ရပါမည်။
၂။ မိမိ၏ ရပိုင်ခွင့်ကို ဖျက်စီးခံလိုက်ရသဖြင့် မိမိ ရပိုင်ခွင့် ပြန်လည် ရရှိရန် (ယာ မိုဘီးန် နို) ဂုဏ် တော်အား ၁၀၂ ကြိမ်ဖတ်ရွတ်ရပါမည်။
***
၇၂။((မိုကီးသွန်(န)))مقیتٌ
အဓိပ္ပာယ် - ဖန်ဆင်းခံများ၏ လုပ်ရပ်တိုင်းကို စောင့်ကြည့်နေတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မျှော်လင့်ချက် ကင်းမဲ့ သွားပြီးဖြစ်သည့် လူနာ အား ရှဖာ ရရှိရန် အတွက် သန့်ပြန် သည့်ပန်းကန် ပြား တစ်ချပ်အတွင်း ရသလောက် (အလ်မိုကီးသို) (المقیت)အား ဇာဖရန်း နှင့်ရေးပြီး ၊ရေးထား သည် ကိုရေသန့်သန့် နှင့်ဆေးပြီး တိုက်ကျွေးရပါမည်။
၂။ စားနပ်ရိက္ခာ ပေါများစေရန်နေ့နှင်ည (အလ်မိုကီး သို) ဂုဏ်တော်အား ၅၅ ကြိမ် ဖတ်ရွတ် ရ ပါမည်။
***
၇၃။((မိုစောက်ဝေရွန်(န)))مصوّرٌ
အဓိပ္ပာယ် - အဖန်ဆင်းခံများ ၏ ရုပ်သဏ္ဍာန် ကို ချယ်သ ပေးတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ တရားတော်နှင့်အညီ ထမ်းမြားထား ပြီး ခင်ပွန်း သည်အနေဖြင့် မိမိဇနီးနှင့် မေထုန်မမှီဝဲမည် အရင် (ယာမိုစောက်ဝေရို) ဂုဏ် တော် အား ၃၃၆ ကြိမ် ဖတ်ရွတ်ရပါမည်။ အကယ်၍ သုက်ပိုး တည် ခဲ့လျင် လှပသည့်ကလေး ထွန်းကားမည်ဖြစ်ပါသည်။
၂။ အကြင်မည်သူမဆို စကားပြောဆိုရာ တွင် အာဝဇ္ဇန်းရွှင်ပြီး ၊ကျွမ်းကျင်ရန် ဤဂုဏ်တော်အား ၂၀၈၂ ကြိမ် ဖတ်ရွတ်ရပါမည်။
***
၇၄။((ကရီးမွန်(န)))کریمٌ
အဓိပ္ပာယ် - ပေးကမ်းရက်ရောတော်မူ သည့် အရှင် ၊ချစ်ခင် မြတ် နိုးတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။အေမာမ်ရေဇာ (အ.စ)မိန့်တော်မူသည်။ အကြင် မည်သူမဆို ဤဂုဏ်တော်အား နှလုံးသား တွင် အလွန် တရာ ရွတ်ဖတ် မည်ဆိုလျင် ၎င်း၏ လောကီ ၊လောကုတ္တရာ ဆိုင်ရာ ရည်ရွယ်ချက် များကို အလ္လာဟ် ဟို အရှင်မြတ်သခင် လုံလောက် စေတော် မူမည်။ (ပြည့်စေတော်မူမည်။)
၂။ စားနပ်ရိက္ခာ ကြပ်တည်းနေလျင် ချောင်လည် လာစေရန် (ယာကရီးမို) ဂုဏ်တော်အား အကြိမ် ပေါင်း ၂၇၀ ရွတ်ဆိုရမည် ဖြစ်ပါသည်။
၃။ (အလ်ကရီးမို) ဂုဏ်တော်အား အစဉ်အမြဲ ရွတ်ဆို ခြင်းဖြင့် သိက္ခာ တိုးပွားမှု ၊ သဒ္ဓါတရားနှင့် စေတနာ ပွားများ မှုကို ဖြစ်စေပါသည်။
***
၇၅။((ကဗီးရွန်(န)))کبیرٌ
အဓိပ္ပာယ် - (အနှိုင်းမဲ့) ကြီးကျယ် ၊ကြီးမားတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ (တရားဝင်) လိုအင်ဆန္ဒ၊မည်သို့မျှ မပြည့်ဝသူ အနေဖြင့် မိမိ လိုအင် ဆန္ဒပြည့်ဝရန် လူသူကင်း သည့် နေရာတွင် တစ် ကိုယ်တည်း ကဗ်လာ ဖက် မျက်နှာ မူပြီး (အလ်က ဗီးရို) ဂုဏ်တော်အား အကြိမ် ပေါင်း ၂၃၂ ဖတ် ရွတ်ရပါမည်။
၂။ လူထု အမြင်တွင် ဂုဏ်သိက္ခာ ရှိသူဖြစ်စေရန် နေ့စဉ် ဤဂုဏ်တော်အား ၂၃၂ ကြိမ်ဖတ် ရွတ် ရပါ မည်။
***
၇၆။((ကာဖီးရွန်း(န)))کافیٌ
အဓိပ္ပာယ် - မိမိအပေါ် ယုံကြည် အားကိုးသူအတွက် လုံလောက်ပြည့်စုံမှု ပေးတော်မူသည့် အရှင် ၊ အဖန် ဆင်းခံများ အတွက် လုံလောက်တော်မူ သည့် အရှင် (အားကိုးတိုက်တော်မူသည့်အရှင် )
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ရန်သူကို ကာကွယ်နိုင်ရန် အတွက် (ယာကာ ဖီးရို) ဂုဏ်တော်အား ၁၁၁ ကြိမ် ရွတ်ဆိုရပါမည်။
၂။ မိမိဘဝအတွက် အရေးကြီး သည့် အလုပ်ဖြစ် မည်၊ဖြေရှင်းဖို့ နည်းလမ်းလည်း ရှာ မရဖြစ်နေ မည် ဆို လျင် နမာဇ်အပြီး အနောက်ဖက် (ကဗ်လာဖက်) သို့ မျက်နှာမူထိုင်ပြီး တစ်ထိုင်တည်း (ယာကာ ဖီးရို) ဂုဏ်တော်အား ၁၁၁ ကြိမ် ရွတ်ဆိုရပါမည်။
***
၇၇။((ကာရှေဖွေဇ်ဇွတ်ရို)) کاشف الضّرٌ
အဓိပ္ပာယ် - အခက်အခဲ ၊အကြပ်အတည်းများကို ဖြေရှင်းပေးတော်မူသည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - တွဲပြီးမလာရှိပါ။ သို့သော် ကာရှေ တစ်ကြိမ် ဇွတ်ရို တစ်ကြိမ် ကွဲပြီး လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ သောက၊ဒုက္ခ၊ဆင်းရဲမှု၊ ရောဂါဝေဒနာ မှ လွတ် မြောက် ရန် ဤဂုဏ်တော်အား အစဉ်အမြဲ ဖတ်ရွတ် ရပါမည်။
၂။ ပျောက်ကင်းဖို့ မျှော်လင့်ချက် ကင်းသွား သည့် ရောဂါသည် အနေဖြင့် မိမိကိုယ်တိုင် ဤ ဂုဏ်တော် အား ကောင်းလာသည့်အထိ ဖတ်ရွတ်ရပါမည်။ ရောဂါသည် မဖတ်ပေးနိုင်လျင် ဖတ်ပေးနိုင်သူ အနေ ဖြင့် ၎င်းဘေးတွင်ထိုင်ပြီး ကောင်းလာသည့်အထိ ဖတ်ရွတ်ပေးရပါမည်။
***
၇၈။((ဝေသ်ရွန် (န)))وترٌ
အဓိပ္ပာယ် - တစ်ပါးတည်း၊တစ်ဆူတည်းအရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ လူထုအကြား တည်ကြည်ပြီးဂုဏ်သိက္ခာ ရှိသူ ဖြစ်ရန်အတွက် နေ့စဉ် ဤဂုဏ်တော်အား ၆၀၆ ကြိမ် ဖတ်ရွတ်ရပါမည်။
***
၇၉။((နူရွန်း(န)))نّورٌ
အဓိပ္ပာယ် - အလင်းတော်ပေးတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မည်သူမဆို ညစဉ်ညတိုင်း စူရဟ် နူးရ် အား သေလာဝသ်ပြုမည် ။ ဤဂုဏ်တော် အား ၂၅၆ ကြိမ် ဖတ်ရွတ် မည်ဆိုလျင် ၎င်းဖတ်ရွတ် သူ အပြင် နှင့် အတွင်း ကိုလင်းဝင်း တောက်ပမှု ကို ရရှိမည် ဖြစ်ပါသည်။
၂။ နှလုံးသား သန့်စင်မှုရရှိရန် ၊ဘဝ၏ မှောင်မိုက် မှုများ ကို လင်းဝင်းစေရန် နေ့စဉ်နေ့တိုင်း ဤ ဂုဏ် တော် အား ၂၅၆ ကြိမ်ဖတ်ရွတ်ရပါမည်။
***
၈၀။((ဝဟာဗွန်း(န)))وهابٌ
အဓိပ္ပာယ် - အလွန်တရာခွင့်လွတ်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ နေအ်မသ် တော်များ အဆက်မဖြတ် ဆွတ်ခူးနိုင်ရန်အတွက် ဤ ဂုဏ်တော် အား ဖတ်ရွတ် ရပါမည်။
၂။ ရီဝါယသ်တော် တွင် လာရှိပါသည်။ မည်သူမဆို (ယာဝဟာဗို ) ဂုဏ်တော်အား စဂ်ျဒါတွင် ၁၄ ကြိမ်ဖတ်ရွတ်မည်ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ၎င်း အား ကြွယ်ဝ ချမ်းသာ စေတော် မူမည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
((မိမိ၏ ဝန်ထုပ်၊ဝန်ပိုး အား လူထုပခုံး အပေါ်တင် စေ သူသည် မလ်အူးန် ဖြစ်ပါသည်။ ))
အလ်ကာဖီးကျမ်း၊ အတွဲ ၁၊ စ.မ၄၁၂
***
၈၁။((နာစေရွန်း(န)))نّاصرٌ
အဓိပ္ပာယ် - ကူညီဖေးမတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၄ ကြိမ်၊ ကျမ်းတော်မြတ်ကုရ်အာန်တွင်၁၄ကြိမ်မှာ(( نصیر)) အဖြစ်လာရှိခြင်းဖြစ်ပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ ရန်သူအပေါ် လွမ်းမိုးနိုင်ရန် ၊ လူနှင့်ဂျင်န် ရှိုင် တွာန်များ ၏ အပေါ် လွမ်းမိုး နိုင်ရန် (ယာနာစေရို) ဂုဏ် တော် အားဖတ်ရွတ် ရပါမည်။
၂။ အချိန်တိုင်း ၊အထူးသဖြင့် တစ်ဦးတည်း ရှိနေချိန် တွင် ဤ ဂုဏ်တော်အား ရွတ်ဖတ် နေခြင်း ဖြင့် ရန်သူကို အောင်နိုင်မည် ဖြစ်ပါသည်။
***
၈၂။((ဝါစေအွန်း(န)))واسعٌ
အဓိပ္ပာယ် - အသက်မွေးဝမ်းကျောင်းကို ဖွင့်တော် မူပေးသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အလ္လာဟ်ဟို အရှင်မြတ်သခင် ဥစ္စာပစ္စည်းပေး ထား ပါလျက် လောဘ မသတ်နိုင်သေးများ အနေ ဖြင့် ဤ ဂုဏ်တော်အား အစဉ်အမြဲ ဖတ်ရွတ် ခြင်း ဖြင့် လောဘ ရပ်တန့်သွားမည် ဖြစ်ပါသည်။
၂။ ပညာတိုးတက်ပွားများရန် အတွက် နေ့စဉ် (ယာ ဝါစေ အို) ဂုဏ်တော်အား ၁၃၇ ကြိမ်ဖတ် ရွတ် ရပါမည်။
***
၈၃။((ဝဒူဒွန်း(န)))ودودٌ
အဓိပ္ပာယ် - အလွန်တရာကြင်နာ၊ဖော်ရွေတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ တရားတော် ကခွင့်ပြုထားသည့် အချစ်၊ မေတ္တာ တရား အတွက် အစဉ်အမြဲ ဤဂုဏ်တော် အား ဖတ် ရွတ် ရပါမည်။
၂။ အခက်အခဲ ၊အကြပ် အတည်းများ အဆင်ပြေ စေရန် နေ့စဉ် ဤဂုဏ်တော် အား ၇၇ကြိမ်ဖတ်ရွတ် ရပါမည်။
***
၈၄။((ဟာဒီရွန်း(န)))هادیٌ
အဓိပ္ပာယ် - လမ်းမှန်ကိုညွှန်ပြတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၂ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ မအ်ရေဖသ်(معرفت) တွင်တိုးတက်မှု ရရှိရန် ဤ ဂုဏ်တော် အား အစဉ်အမြဲ ဖတ် ရွတ် ရပါမည်။
၂။ အကြင်မည်သူမဆို အလ္လာဟ် ဟိုအရှင်မြတ် ၊ ရစူလ်လေခိုဒါ (ဆွ) ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ ) တို့ ၏ မအ်ရေဖသ်(معرفت) နှင့်လမ်းညွှန်မှု ရရှိရန် အတွက် နေ့တိုင်းနှင့်ညတိုင်း (ယာဟာဒီရို ) ဂုဏ် တော်အား အကြိမ် ၂၀ ဖတ်ရွတ်ရပါမည်။
***
၈၅။((ဝဖီးရွန်း(န)))وفیٌ
အဓိပ္ပာယ် - ကတိ၊ကဝတ်တည်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄ကြိမ် (ဤ ဂုဏ်တော် သည် ကျမ်းတော်မြတ်ကုရ် အာန်တွင် တိုက်ရိုက် ပုံစံ ဖြစ်မလာရှိပဲ အမိန့် ပုံစံဖြစ်လာ ရှိပါတယ်။)
စွမ်းရည် သတ္တိတော်များ
၁။ ကတိ၊ကဝတ်တည်စေရန် အတွက် အစဉ်အမြဲ ဖတ် ရွတ်ရပါမည်။
၂။ အကြွေးမဆပ်နိုင်သူ မျာအနေဖြင့်ကြာသပတေး နေ့မှ အစပြုပြီး ရက် ၄၀ တိုင်တိုင် (အလ် ဝဖီရို ) ဂုဏ်တော်အား ၉၆ ကြိမ် ဖတ်နေ့ တိုင်းဖတ် ရွတ်ရ ပါမည်။
***
၈၆။((ဝကီးလွန်း(န)))وکیلٌ
အဓိပ္ပာယ် - စားနပ်ရိက္ခာကိုဖူလုံစေတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အရေးကြီးကိစ္စများ အတွက် ဤဂုဏ်တော်အား ၆၆ ကြိမ်ဖတ်ရွတ်ရပါမည်။
၂။ ဤ ဂုဏ်တော်အား အလွန်အမင်း ဖတ်ရွတ် ခြင်း ကြောင့် ဆင်းရဲခြင်း မှ ချမ်းသာခြင်းသို့ ကူးပြောင်း သွားပေမည်။
***
၈၇။((ဝါရေဆွန်း(န)))وارثٌ
အဓိပ္ပာယ် - အားလုံးဖျက်စီးသွားပြီး နောက်တွင် လည်း ကျန် တော် မူမည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၃ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အသက်ရှည်ရန် အတွက် နေ့တိုင်း (ယာဝါရေဆို) ဂုဏ်တော်အား ၇၀၇ ကြိမ် ဖတ်ရွတ် ရပါ မည်။
၂။ ကဗရ်အတွင်း ကြောက်လန့်မှုမှ ကင်းစေရန် (သို့) မရောက်ဖူး သေးသည့် နေရာသို့ သွားရာ တွင် ကြောက်လန့် မှု မရှိစေရန် (ယာဝါရေဆို) ဂုဏ် တော် အား ၇၀၇ ကြိမ် ဖတ်ရွတ် ရပါ မည်။
***
၈၈။((ဗာအေဆွန်း(န)))باعثٌ
အဓိပ္ပာယ် - သေဆုံးသူများ ကိုပြန်လည်ရှင် စေတော် မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (بعث، یبعث) ပုံစံဖြစ်၂၈ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အကြင် မည်သူ မဆို အိပ်ရာဝင်ချိန်တွင် (ယာဗာ အေဆို ) ဂုဏ်တော် အား အကြိမ် ၁၀၀ ဖတ်ရွတ် မည်ပြီးနောက် လက်ကို ရင်ဘတ်ပေါ်တွင် ပွတ်သပ် ပေး မည် ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သခင် သည် ၎င်း၏ နှလုံးသားကို မအ်ရေဖသ်(معرفت) ဖြင့် ဝင်းလင်း စေတော်မူပြီး ရှင်သန် စေတော် မူမည်ဖြစ် ပါ သည်။
၂။ မည်သူမဆို နေ့စဉ်နေ့တိုင်း အခက်အခဲများ အဆင် ပြေပြီး အကြပ်အတည်းများကိုပြို နိုင်ရန် ဤ ဂုဏ်တော် အား အကြိမ် ၅၀၀ ဖတ်ရွတ် ရပါမည်။
***
၈၉။((ဗေရ်ရွန်း(န)))برٌّ
အဓိပ္ပာယ် - ကောင်းမှုကိုလိုလားတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ ဤ ဂုဏ် တော်အား ကလေးငယ် အပေါ် ဖတ်ရွတ် ပေး မည် ဆိုလျှင်၎င်း ကလေးငယ်သည် တရား တော် အရ အရွယ်ရောက်သည့် အချိန်အထိ ဒုက္ခ၊ သောက မှ ကင်းဝေပေမည်။
၂။ အလ္လာဟ် ဟို အရှင်မြတ် သခင်ဖက်မှ ကောင်းမူ ကုသိုလ်များကို ဆောင်ရွက်နိုင်ဖို့ သောက်ဖီးက် စွမ်း အင် ရရှိရန် ဝါဂျစ်ဗ်နမာဇ် ပြီးတိုင်း ဤဂုဏ် တော် အား ၂၀၂ ကြိမ် ဖတ်ရွတ်ရပါမည်။
***
၉၀။((သောင်ဝါဗွန်း(န)))تّوابٌ
အဓိပ္ပာယ် - ဝန်ချအသနားခံမှုကို လက်ခံပေးသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ မည်သူ မဆို နေ့စဉ်နေ့တိုင်း (ယာသောင်ဝါဗို ) ဂုဏ် တော် အား အကြိမ် ၃၀ ဖတ်ရွတ်မည်ဆိုလျင် ၎င်း ဖတ် ရွတ်သူ ၏ နှလုံးသားမှ သံသယ(များ)ကို ကင်းစေ တော်မူမည်။၎င်း ဖတ်ရွတ်သူ၏ သောင်ဗာ ကို လက်ခံ သဘောတူတော်မူမည် ဖြစ်ပါသည်။
၂။ နေ့စဉ်နေ့တိုင်း (ယာသောင်ဝါဗို ) ဂုဏ်တော် အား ဖတ်ရွတ် ခြင်း ဖြင့် သောင်ဗာ (ဝန်ချ တောင်း ပန်ရန် ) စွမ်းအား အပြစ်ရှောင်နိုင်မည့် အင်အား ၊ သောင်ဗာ (ဝန်ချ တောင်း ပန်ရန် )ကို အလ္လာဟ် ဟို အရှင်မြတ် သခင် လက်ခံ ခြင်း ဆိုသည့် အကျိုး ကျေးဇူး ကို ရရှိမည် ဖြစ်ပါ သည်။
***
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( ကေယာမသ်နေ့တွင် မိမိလောကုတ္တရာ ကို အခြား သူများ ၏လောကီ အတွက်ဖျက် စီးလိုက်သူ သည် အလ္လာဟ်ဟို ရှင်မြတ် သခင်အနီး တွင် မကောင်း တကာ မကောင်းဆုံးသူ ဖြစ်ပေသည်။ ))
စိုနန်အေဗ်နေမာဂျဟ် ကျမ်း၊ အတွဲ၂ ၊ စ.မ၁၃၁၂
***
၉၁။((ဂျလီလွန်း(န)))جلیلٌ
အဓိပ္ပာယ် - ကြီးကျယ်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (اسم مشتق)အဖြစ် ၂ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အကြင် မည်သူမဆို (ယာ ဂျလီလို ) ဂုဏ်တော် အား အလွန်အမင်း ရွတ်ဆိုမည်ဆိုလျင် ၎င်း အား တွေ့ သူ မြင်သူတိုင်း လေးစား ဂုဏ်ပေးမည် ဖြစ် ပါ သည်။
***
၉၂။((ဂျဝါဒွန်း(န)))جوادٌ
အဓိပ္ပာယ် - ပေးကမ်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - မရှိ
စွမ်းရည် သတ္တိတော်များ
၁။ အမြဲ ဤဂုဏ်တော်အား ဖတ်ရွတ်ခြင်းဖြင့် စေးနှဲ တွန့်တို ခြင်းဆိုသည့် မကောင်းသည့် ဂုဏ် ပျောက် ကင်း မည် ဖြစ်ပါသည်။
၂။ (ယာဂျဝါဒို) ဂုဏ်တော်အား စားနပ် ရိက္ခာ ပေါ များ ရန် နီယသ်ဖြစ် ဖတ်ရွတ် နိုင် ပါ သည်။
***
၉၃။((ခဘီရွန်း(န)))خبیرٌ
အဓိပ္ပာယ် - အကြွင်းမဲ့သိရှိတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄၅ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ နေ့စဉ် အကြိမ်ပေါင်း ၂၄၃၆ ဖတ်ရွတ်ခြင်း ဖြင့် ရှိုင်တွာန် ၊ အာဏာရှင်၊ ရုတ်တရက် ကျရောက် လာ သည့် အဖြစ်ဆိုးများ မှ ကင်းဝေမည် ဖြစ်ပါ သည်။
၂။ ဖုံးကွယ်ထားသည့် အလုပ်များ ကိုယ်သိလာရန် အတွက် နေ့စဉ် (ယာ ခဗီးရို ) ဂုဏ်တော် အား အကြိမ် ၁၀၀ ဖတ်ရွတ်ရပါမည်။
၃။ မုသားလိမ်ညာမှုကို ကာကွယ်ရန် ၊ အမှန်တရား ထင်ရှား လာစေရန် ၊ပေးထားသည့် ကတိများအပေါ် တည်ပြ နိုင်ရန် ၊သစ္စာ ရှိပြ နိုင်ရန် ဤဂုဏ်တော်အား အမြဲ ဖတ်ရွတ်ရပါမည်။
***
၉၄။((ခါလေကွန်း(န))) خالقٌ
အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အကီဒါ ခိုင်မြဲစေရန် နှင့် နှလုံးသား လင်းဝင်း စေရန် ဤဂုဏ်တော်အား အမြဲ ဖတ်ရွတ်ရပါမည်။
၂။ အရေးကြီး သည့် အလုပ်၊ယုတ်စွ နဇဲရ်လုပ်ပြီး တာတောင် မအောင်မြင်သည့် အလုပ် အတွက် တစ် ထိုင်တည်း (ယာခါလေကို ) ဂုဏ်တော်အား ကြိမ် ပေါင်း ၅၁၁၀ ဖတ်ရွတ် ရပါမည်။
၃။ ကဗဲရ်အတွက် အေးချမ်းမှု ရရန် တစ်ပတ်ကို အကြိမ် ၁၀၀ (ယာခါလေကို ) ဂုဏ်တော်အားဖတ် ရွတ်ရပါမည်။
***
၉၅။((ခိုင်ရွန်းနစေရီး(န)))خیر النّاصرینٌ
အဓိပ္ပာယ် -အကောင်းတကာ အကောင်းဆုံး ကူညီ ဖေးမသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ လွမ်းမိုး နိုင်ရန် ၊ ရန်သူအပေါ် အဆုံးသတ် အောင်နိုင်မှုရနိုင်ရန် နေ့စဉ် ဤဂုဏ်တော်အား အကြိမ် ပေါင်း ၁၂၄၂ ဖတ်ရွတ် ရပါမည်။
***
၉၆။(( ဒရန်းနွန်း(န))) دّیانٌ
အဓိပ္ပာယ်- အလွန်တရာ အစား ပေးတော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၀ ကြိမ်၊ ကျမ်းတော်မြတ် ကုရ်အာန်တွင် ဤ ဂုဏ်တော် ဖြစ် တိုက်ရိုက်မပါ ရှိသော်လည်း စူရဟ်ဟမ်ဒ် ၏ မာ လေကေယောင်မစ်ဒ် ဒီးန်ကို ဤဂုဏ်တော် နှင့်နွယ် နေပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ ရက်မပျက်တိုင်း ရက်၇၀ တိုင်တိုင် နေ့စဉ်အကြိမ် ပေါင်း ၅၀၀၀ ဤဂုဏ်တော်အား ဖတ်ရွတ် ခြင်းဖြင့် အတွင်းနှလုံးသား သန့်စင်မှု ကို ရရှိမည် ဖြစ်ပါသည်။
***
၉၇။((ရှကူရွန်း(န))) شکورٌ
အဓိပ္ပာယ် - ဆုလာဒ်တော် ချီးမြှင့်တော်မူမည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၄ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော် မူသည်။သောက၊ အပူအပင် ကင်းငြိမ်းစေရန် ဤ ဂုဏ် တော် အား သောက်ရေသန့် ပေါ်တွင်ဖတ်ရွတ်ရပါမည်။ပြီးနောက်သောက်ရပါမည်။(အင်ရှာအလ္လာဟ့်) သော က၊ အပူအပင်)များ) ကင်းငြိမ်းသွားပါမည်။
၂။ အလုပ်အကိုင်ဝမ်းရေး နှင့် စားနပ်ရိက္ခာ ပေါများ စေရန် အတွက် နမာဇ်စေဖဂျရ် အပြီး တစ်ထိုင် တည်း ဤ ဂုဏ်တော်အား ၅၂၆ ကြိမ် ဖတ် ရွတ် ရ ပါမည်။
***
၉၈။((အဇီးမွန်း(န)) عظیمٌ
အဓိပ္ပာယ် - အလွန်တရာကြီး ကျယ်မြင့်မြတ် တော်မူ သည့်အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၉ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ကြီးမား၊လေးလံသည့် အကြွေး ကို ချက်ချင်း ပြန် လည် ဆပ်နိုင်ရန် အတွက် (စိုဗ်ဟာ နလ္လာဟ်ဟေ ဝဗေဟမ်ဒေဟီစိုဗ်ဟာ နလ္လာဟ်ဟေလ် အဇီးမ် ) (سبحان الله و بحمده سبحان الله العظیم ) ၁၀၀၂ ကြိမ် ဖတ်ရွတ်ရပါမည်။
၂။ အစဉ်အမြဲ ဤဂုဏ်တော်အား ဖတ်ရွတ်ခြင်း ဖြင့် အာဏာရှင်များ အနီး ရာထူး ရရှိခြင်း ၊ဂုဏ်သိက္ခာ ရှိခြင်း ၊ လူထု အကြား ကြည်ညိုလေးစားမှု ကို ရရှိမည် ဖြစ်ပါသည်။
***
၉၉။(( လသွီဖွန်း(န))) لطیفٌ
အဓိပ္ပာယ်-နူးညံ့သိမ်မွေ့၊ကြင်နာချစ်ခင်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၇ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ စားဝတ်နေရေး ပြေလည်ရန် ၊ ရိုဇီ စားနပ်ရိက္ခာ ချောင်လည် ပေါများရန် (ယာ လသွီးဖို) ဂုဏ်တော် အား နေ့စဉ် အကြိမ် ၇၀ ဖတ်ရွတ်ရပါမည်။
၂။ အရေးကြီးကိစ္စ အောင်မြင်ရန် အတွက်နေ့စဉ် ဤ ဂုဏ်တော်အား အကြိမ် ၈၀ ဖတ်ရမည်။
၃။ မည်သည့် နည်းနှင့်မျှ အဆင်မပြေသည့် လိုအင် ဆန္ဒ အတွက် ၂ရကတ် နမာဇ်စေ ဟာဂျသ်ဖတ်ပြီး နောက် (ယာလသွီးဖို) ဂုဏ်တော် အား အကြိမ် ၁၀၀ ဖတ်ရွတ်ရပါမည်။
***
၁၀၀။((ရှာဖီရွန်း(န))) شافیٌ
အဓိပ္ပာယ် - ရောဂါဝေဒနာများ ကိုပျောက်ကင်း စေ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ ကျန်းမာ၊ ကောင်းမွန်လာစေရန် ဆေးဝါးတိုင်း အ ပေါ်အကြိမ် ၃၉၁ ကြိမ် ဤဂုဏ်တော် (ရှာဖီရွန်း(န)) ကို ဖတ်ရွတ်ရပါမည်။
၂။ ဤဂုဏ်တော်အား အစဉ် အမြဲ ဖတ်ရွတ်ခြင်းဖြင့် ရုပ်ပိုင်း ဆိုင် ရာ၊ နာမ်ပိုင်းဆိုင်ရာ ရောဂါဝေဒ နာများ မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ရ ပေမည်။
***
والسّلام علی من اتّبع الهدی
===
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)
(( ကေယာမသ်နေ့ တွင် သူတော်ကောင်း၊ သူတော် မြတ်တို့၏ ခေါင်းဆောင် ဆိုသည်မှာ မိမိ၏ မိဘ နှစ်ပါး ကွယ်လွန်သွားပြီးနောက်ပိုင်းလည်း ၎င်းတို့ အ တွက် ကောင်းမှု ကုသိုလ် ပြုပေးသူဖြစ်ပါသည်။ ))
ဗေဟာရွလ်အန်ဝါရ်ကျမ်း၊ အတွဲ၇၄ ၊ စ.မ ၈၆
မိုအ်မင်သူတော်စင် တိုင်းသာသနာ့စာအုပ် စာပေ ထွက်ရှိဖို့ ၊ ဖြန့်ကြက် လှူဒါန်းနိုင်ဖို့ နိုင်တဲ့ ဘက် ကကြိုးစား ကူညီဖေးမ မှ အခြားသူတွေနဲ့ ယှဉ် လို့ ရမှာပေါ့ … ဆယ်ဂဏန်းလောက်လူ လေးတစ်စု သာ ကြိုးစားနေလို့ ဘယ်ဖြစ်သေးမှာလဲ …!!! စစ်မှန်သည့် အစ္စလာမ့် တရားတော်ကို လက်တွေ့ လိုက်နာကျင့်သုံးဖို့ စာအုပ် စာပေတွေ များများထွက်ဖို့ လိုတယ် လို့ ပြောချင်ပါတယ် …
အစ္စလာမ့် အကျိုးတော်ဆောင်…
လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ …
ကျမ်းကိုးများစာရင်း منابع /
1: قرآن مجید
2: دوهزار دستورالعمل مجرّب اصلی :حسین آقایی – احمد بانپور ،چاپ دوم ، مشهد ،انتشارات ضامن آهو ،1392 ش
3 : خواص اسماء الحسنی : جابر رضوانی ، چاپ ششم ،قم ، انتشارات بنی الزّهراء (ع) ، 1391 ش
4 : نام های زیبای پروردگار : سید سعید پریزاد ، چاپ اول ، تهران ، انتشارات خلاق ، 1388 ش
5: نجات بخش گرفتاران : محیی الدین کمیلی خراسانی ، چاپ چهارم ، قم ، انتشارات نیلوفرانه ، 1388 ش
===================================
END /251