?>

အရပ်သားတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကို တူရကီ ပြင်းပြင်း ထန်ထန် ရှုတ်ချ

အရပ်သားတွေ  အပေါ် မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကို တူရကီ  ပြင်းပြင်း ထန်ထန် ရှုတ်ချ

အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့လူသေဆုံးသည်ထိ အင်အားအလွန်အကျွံသုံးစွဲမှုတွေကို တူရကီကတနင်္လာနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့လူသေဆုံးသည်ထိ အင်အားအလွန်အကျွံသုံးစွဲမှုတွေကို တူရကီကတနင်္လာနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
“နိုင်ငံတကာအသိုင်းအဝန်းရဲ့တောင်းဆိုချက်တွေကို လစ်လျူရှုပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့မြန်မာပြည်သူလူထုအပေါ် လူသေဆုံးသည်ထိ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေဆက်လက်လုပ်ဆောင်နေတဲ့အပေါ် ကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်” လို့နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ “မတ်လ ၁၄ရက်နေ့ ရန်ကုန်မြို့မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေလက်ချက်နဲ့ အရပ်သားအများအပြားသေဆုံးခဲ့ရတဲ့အပေါ် ကျွန်တော်တို့အရမ်းကိုစိတ်မကောင်းဖြစ်ဝမ်းနည်းရသလို အရမ်းကိုစိုးရိမ်ပူပန်မိပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။


“နောက်တစ်ကြိမ်ထပ်ပြောပါတယ် မြန်မာစစ်အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကိုချက်ခြင်းအဆုံးသတ်ဖို့နဲ့ နှောင့်နှေးကြန့်ကြာခြင်းမရှိပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ တိုက်တွန်းပါတယ်” လို့ထုတ်ပြန်ချက်ထဲမှာထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ စစ်အစိုးရရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေမြင့်တက်လာပေမယ့်လည်း မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။


ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၁၀ ကျော်သေဆုံးခဲ့ရပြီး ၂၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
Anadolu Agency သတင်းဌာနပါ “Turkey strongly condemns deadly use of force by Myanmar army” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*