?>

အသက် အန္တရာယ်ခြိမ်းခြောက်မှုတွေရရှိလာပြီးနောက် ပြင်သစ်က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က သူ့အတွက် ရဲအင်အား တိုးချပေးဖို့ မာခရွန် ကိုတောင်း ဆို

အသက် အန္တရာယ်ခြိမ်းခြောက်မှုတွေရရှိလာပြီးနောက် ပြင်သစ်က အစ္စလာမ် ဘာသာရေး  ခေါင်းဆောင်က သူ့အတွက် ရဲအင်အား တိုးချပေးဖို့ မာခရွန် ကိုတောင်း ဆို

အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် သူ့ရဲ့ရှုတ်ချမှုတွေနဲ့ပတ်သက်ပြီးအသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ထောင်နဲ့ချီရရှိခဲ့တဲ့ ပြင်သစ်ရဲ့လူသိများထင်ရှားတဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက သူ့ကိုကာကွယ်ပေးဖို့ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ပေးဖို့ ပြင်သစ်သမ္မတမာခရွန်ထံ မေတ္တာရပ်ခံလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် သူ့ရဲ့ရှုတ်ချမှုတွေနဲ့ပတ်သက်ပြီးအသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ထောင်နဲ့ချီရရှိခဲ့တဲ့ ပြင်သစ်ရဲ့လူသိများထင်ရှားတဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက သူ့ကိုကာကွယ်ပေးဖို့ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ပေးဖို့ ပြင်သစ်သမ္မတမာခရွန်ထံ မေတ္တာရပ်ခံလိုက်ပါတယ်။


ပဲရစ်မြို့ဆင်ခြေဖုံး ဒရန်စီက အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့ အလယ်အလတ်မွတ်စလင်တစ်ဦးဖြစ်သူ ဟာဆန်ချာလ်ဂိုမီက ပြီးခဲ့တဲ့လတုန်း ကပြင်သစ်ကျောင်းဆရာ အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်အပေါ် ဆန့်ကျင်ရှုတ်ချမှုတွေလုပ်ပြီးကတည်းက ခြိမ်းခြောက်မှုတွေတစ်သီတစ်တန်းရရှိနေခဲ့တာဖြစ်ပါတယ်။

စာသင်ခန်းအတွင်း တမန်တော်မြတ်ရုပ်ပုံပြသမှုအတွက်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာဆင်မြူရယ်ပတီဟာ လွတ်လပ်စွာဖော်ထုတ်ပြောကြားခွင့်အတွက် အာဇာနည် တစ်ဦးဖြစ်ကြောင်း လှုမှုယဉ်ကျေးမှု သည်းခံခြင်းတရားနဲ့ တစ်ခြားသူတွေကိုလေးစားမှုရှိဖို့ သင်ကြားပေးခဲ့တဲ့ ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးဖြစ်ကြောင်း မစ္စတာချာလ်ဂိုမီက ပြောကြား ခဲ့တာဖြစ်ပါတယ်။


ပြင်သစ်ရဲ့အစ္စလာမ်ဘာသာရေးခေါင်းဆောင်များညီလာခံ ဥက္ကဌအနေနဲ့ မစ္စတာချာလ်ဂိုမီဟာ မွတ်စလင်တွေနဲ့ဂျူးတွေကြား ဆက်ဆံရေးတိုးတက်အောင် အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။

မျက်နှာထိပါဖုံးတဲ့နီကဗ်ဝတ်ဆင်မှုတွေကို ပြင်သစ်ရဲ့ပိတ်ပင်ထားမှုတွေကို သူကထောက်ခံထားသလို တမန်တော်မြတ်ပုံသရော်ကာတွန်းတွေနဲ့ပတ်သက်ပြီး သည်းခံခြင်းတရား ထားဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ အသက်၄၈နှစ်အရွယ် တူနီးရှားဖွားဘာသာရေးခေါင်းဆောင်ဟာ ၂၀၁၅ခုနှစ်ပဲရစ်တိုက်ခိုက်မှုပြီးနောက် သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ IS အဖွဲ့ကတိုက်တွန်းနှိုးဆော်မှုတွေ ထွက်ပေါ်လာပြီးကတည်းက ရဲအစောင့်အရှောက်နဲ့နေထိုင်နေခဲ့ရသူဖြစ်ပါတယ်။ အခုတော့လူမှုမီဒီယာတွေပေါ်မှာ ခြိမ်းခြောက် မှုတွေမြင့်တက်လာ မှုတွေနဲ့အတူ အန္တရာယ်ပိုရှိလာပြီလို့ သူကယုံကြည်နေတာဖြစ်ပါတယ်။


အာရဗီဘာသာနဲ့ရေးသားထားတဲ့ တွစ်တာပို့စ်တစ်ခုမှာ “ပြင်သစ်ကစစ်မှန်တဲ့မွတ်စလင်တွေအနေနဲ့ ချာလ်ဂိုမီကို ပြင်သစ်သမိုင်းဆရာလမ်းစဉ်နောက်ပို့ပြီး နိုင်ငံရဲ့အာဇာနည်ဖြစ် လာအောင်လုပ်ပေးဖို့ တိုက်တွန်းပါတယ်” လို့ရေးသားထားပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေထောင်နဲ့ချီရရှိလာပြီးနောက် သူ့အတွက် အကာအကွယ်ပိုလို အပ်နေကြောင်း မစ္စတာချာလ်ဂိုမီရဲ့ရှေ့နေ ဒေးဗစ်အိုလီဗီယာကာမင်စကီက သမ္မတမာခရွန်ကိုတိုက်တွန်းထားတဲ့စာ ရေးသားပေးပို့ခဲ့ပါတယ်။


Yahoo News သတင်းဌာနပါ David Chazan ရေးသားသည့် “French moderate imam requests extra police protection amid death threats over support for Macron” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*************************

END /251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*