?>

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆိုဗဟာနီ မှ အီရန် သမ္မတ သစ် ရွေးကောက်ပွဲ တွင် မဲ ထည့်

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆိုဗဟာနီ မှ အီရန် သမ္မတ သစ် ရွေးကောက်ပွဲ တွင် မဲ ထည့်

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆိုဗဟာနီ အနေဖြင့် (၁၃) ကြိမ် မြောက် အီရန် နိုင်ငံ သမ္မတ သစ် ရွေးကောက် ပွဲ အား ကွမ်း မြို့ မဲရုံ ၏ မဲ ပုံး အမှတ် ၁၆၂ တွင် မဲ ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေနယူးစ်သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ အနေဖြင့် (၁၃) ကြိမ် မြောက် သမ္မတ မဲ အပြင် (၆) ကြိမ် မြောက် မြို့ နှင့် ကျေး ရွာ များ ဆိုင်ရာ အစ္စလာမ်မီ ကောင်စီ ကိုယ်စားလှယ်များ ရွေးပွဲ ၊ (၅) ကြိမ် မြောက် မဂ်ျလစ်စေ ခိုဗ်ရဂန် ကိုယ်စားလှယ်များ ရွေးပွဲ အတွက် လည်း ကွမ်းမြို့ ရှိ မဲရုံး ၏ မဲ ပုံး အမှတ် ၁၆၂ တွင် မဲ ပေးခဲ့ပါတယ်။

ရရှိထားသည့် သတင်း အထောက်အထားများ အရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆိုဗဟာနီ အနေဖြင့် မဲထည့် ချိန် ပြည်သူ့လူထု အား ရွေးကောက်ပွဲ တွင် အင်တိုက်အားတိုက် ပါဝင်ကြ ရန် မေတ္တာ ရပ်ခံ မိန့်ကြားရင်း အကြင်မည်သူ မဆို နိုင်ငံတော် အတွင်း စည်းစနစ် ၊ဥပဒေ ကို လိုလား သူမှန်လျှင် ဤ ကြီးမားသည့် အလုပ်ဖြစ်သည့် ရွေးကောက်ပွဲ တွင် ပါဝင်မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် မှ ဆက်လက်ပြီး အစ္စလာမ်မစ် တော်လှန်ရေး ကို ခိုင်ခံ အောင် တည်ဆောက်ရန် အတွက် ရွေးကောက်ပွဲ တွင် ပြည်သူ့လူထု မှ ပါဝင်နေခြင်း နှင့် ပြည်သူ့ လူထု ၏ သန္နိဋ္ဌာန် သည် အဓိက အခန်းကဏ္ဍ မှ ပါဝင်နေကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် တိုင်းပြည်၏ အကျိုးစီးပွား များ နှင့် လူ့မှု ဘဝ တည်ဆောင်ရန် အတွက် ပြုသူ့ လူထု ရွေးချယ် တင်မြှောက်သည့် အရည်အချင်းပြည့် အုပ်ချုပ်သူ လိုအပ်ကြောင်း လည်း မိန့်ကြား ခဲ့ပါ တယ်။

ဆက်လက်ပြီး တိုက်တွန်း၍ မည်သူမဆို မိမိတိုင်းပြည် နှင့်မြေရပ်မြေကို စိတ်ဝင်စား ၊ချစ်မြတ်နိုး လျှင် ရွေးကောက်ပွဲ ကိစ္စ ကို အလေးအနက် ထား ရန် အရေးကြီး ကြောင်း နှင့် အစ္စလာမ်မစ် ပြည်သူ့ ၏ စည်းစနစ်၊ဥပဒေများ နှင့် ၎င်းကို ထိန်းသိမ်းမှု သည် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း အရေးအကြီးဆုံး အခြေခံ အုတ်မြစ်မှာ ပြည်သူ့ လူထု ၏ရွေးကောက်ပွဲ တွင် ပါဝင်ခြင်းနှင့် နိုင်ငံ အတွက် ကံကြမ္မာ ကို ဖန်တီး ခြင်း ဖြစ် ကြောင်း မိန့် ကြားခဲ့ပါတယ်။

 

*****************************************************************

END / 251


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*