?>

အိုလမာ ၊ ပညာရှင်များ နှင့်သုတေသီ ၁၀၀၀ တက်ရောက်မည့် အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂ္ဂရ် (အ.စ) ညီလာခံ + လင့်ခ်များ

   အိုလမာ ၊ ပညာရှင်များ နှင့်သုတေသီ ၁၀၀၀ တက်ရောက်မည့် အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂ္ဂရ် (အ.စ) ညီလာခံ + လင့်ခ်များ

အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂ္ဂရ် (အ.စ) အဖွဲ့အစည်း ဘက်မှ အပြည်ပြည်ဆိုင်ရာ ညီလာခံ တွင် နေရာယူပါဝင်ပေးရန် မေတ္တာရပ်ခံ ဖိတ်ကြားလွှာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂ္ဂရ် (အ.စ) အဖွဲ့အစည်း ဘက်မှ အပြည်ပြည်ဆိုင်ရာ ညီလာခံ တွင် နေရာယူပါဝင်ပေးရန် မေတ္တာရပ်ခံ ဖိတ်ကြားလွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အနှိုင်းမဲ့ မြတ်အလ္လာဟ်၏ နာမတော်ဖြင့် အစပြုပါ၏။

ချစ်ခင်လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ …

ဤဖိတ်ကြားလွှာ သည် အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂ္ဂရ် (အ.စ) အဖွဲ့အစည်း ဘက်မှ အပြည်ပြည်ဆိုင်ရာ ညီလာခံ တွင် နေရာယူပါဝင်ပေးရန် မေတ္တာရပ်ခံ ဖိတ်ကြားခြင်းဖြစ်ပါသည်။ ဤညီလာခံ တွင် နိုင်ငံပေါင်း ၆၅ နိုင်ငံ မှ အိုလမာ ၊ ပညာရှင်များ နှင့်သူတေသီစုစုပေါင်း အယောက် ၁၀၀၀ ပါဝင်မည် ဖြစ်ပါသည်။ ( ဤညီလာခံသည် အွန်လိုင်း ညီလာခံ ဖြစ်ပါသည်)

အချိန် ။ ။ စနေနေ့ ၃၊၇၊၂၀၂၁ (ဇေလ်ကအ်ဒဟ်လ ၂၂ရက်)

အချိန် ။ ။ နနက် ၈နာရီ ၃၀မိနစ်မှ မွန်းတည့် ၁၂နာရီ ခွဲ ထိ

နေရာ ။ ။ အေမာမ်အလီဗင် မူစာ အလ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၊ အွစ်စတန်နေရဇဝီ ၏ ဗဟို စာကြည့်တိုက်

Instagram တွင် တိုက်ရိုက် ထုတ်လွှင့်မည့် လင့်ခ်

https://www.instagram.com/majma_ali_asghar_live/

 

aparat တွင်ထုတ်လွှင့်မည့် လင့်ခ်

https://www.aparat.com/majma_ali_asghar

 

ဝက်ဗ်ဆိုက်ဒ် တွင် ထုတ်လွှင့်မည့် လင့်ခ်

http://ali-asghar.org

 

skype တွင် ထုတ်လွှင့်မည့် လင့်ခ်

https://join.skype.com/zPVTJBBympiH

 

ညီလာခံ၏ အင်္ဂါရပ်များ

၁။ အိုလမာ၊ ပညာရှင် နှင့်သုတေသီ ပေါင်း ၁၀၀၀ မှ ကတိကဝတ်ပြုမည်။ ထိုကတိကဝတ် တွင် ကရ်ဗလာရှိ နို့စို့ကလေးငယ် အပေါ် ရက်စက်ယုတ်မာ ခဲ့ပုံကို ရှုထောင့်မျိုးစုံမှ တင်ပြမည်။ ဤ အကြောင်းကို ကမ္ဘာ့ သူ၊ကမ္ဘာ့ သား များထံ ပို့ဆောင်ပေးရန် ဖြစ်ပါသည်။

၂။ ကမ္ဘာ ပေါ်ရှိ ဘာသာရေး တက္ကသိုလ်များ နှင့် တက္ကသိုလ်ကျောင်းများ ၏ ဆရာသမားများ ၊ သုတေသီများ၊ စပီကာများ၊ တရားဟောကြားသူများ၊ ကဗျာဆရာများ နှင့် အဲဟ်လေ့ဘိုက် (အ.စ) အကြောင်း ဂုဏ်ပြု သီဆိုသူများ နှင့် ၎င်းအား အချစ်မေတ္တာထား မြတ်နိုးသူများ ၏ စွမ်းရည် နှင့် အရည် အချင်း များ မှ အကျိုး ရယူ နိုင်မည် ဖြစ်ပါသည်။

၃။ ပြည်တွင်းပြည်ပ ရုပ်မြင်သံကြား နှင့် မီဒီယွာန်ရက်များ ၏ တာဝန် ရှိသူများ ရှိခြင်းတို့ ဖြစ်ပါသည်။

 

ညီလာခံ ၏ ရည်ရွယ်ချက်များ

အောက်ပါအတိုင်း ရှင်းပြမှု နှင့် သက်သေထူမှု ကို ပြုကြပါမည်။

၁။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ လှုပ်ရှား မှု ကို ကမ္ဘာသိဖြစ်ရန် ၊ မဇ်ဟဗ်များ နှင့် ဘာသာများ စုပေါင်းစည်းလုံးရေး ဖြစ်နိုင်ချေ အနေအထား ဖြစ်ပေါ်လာရန် နှင့် ၎င်းကို အသက်သွင်းထားရန်

၂။ ဟဇရသ် အလီ အစ္စဂဲရ် (အ.စ) အပေါ် ရက်စက်ယုတ်မာ ခဲ့မှုများ ကို ရှုထောင့် အစုံမှ စိစစ်ရန် ၊ ၎င်း၏ ယုတ်မာရက်စက် မှုခံရသည်ကို အခြေခံပြီး မနုဿ လူသားများ ၏ အသိုင်းအဝိုင်း ရှိ သူ တစ်ဦးတစ်ယောက်ချင်းစီ ထံ ဤမေးခွန်းကြီး (( မည်သည့် အပြစ်ကြောင့် သတ်ဖြတ်ခဲ့ပါသနည်း ? )) အားမေးရန်

ကမ္လာ လွတ်လပ်ရေး ကိုပေးဆောင်နိုင်သူ ၏ ကိစ္စ ကို အများသိအောင်ပြုလုပ်ရန် အတွက် လွတ်လပ်ရေး ကို မြတ်နိုးသည့် မိခင်မွန်များ ၏ လူသား စိတ်များ နှင့် ခံစား ချက်များ ကို လှုပ်ရှား နိုးထလာစေရန် ၊ထိုမှ သာ မိမိတို့၏ ရင်သွေး ငယ်များ အေမာမ်ဇမာန်း (အ.ဂျ) ပွင့်လာချိန် ကူညီမည့်သူ၊ဖေးမမည့်သူများ နှင့် အေမာမ် (အ.ဂျ) ၏ စစ်တပ် တွင် စစ်သည် ဖြစ်ရန် ပြုပြင် သွန်သင်ပေးနိုင်ရန် တို့ ဖြစ်ပါသည်။

လေးစားစွာဖြင့်

အပြည်ပြည်ဆိုင်ရာ ဟဇရသ် အလီအဇဲဂရ် (အ.စ) အဖွဲ့အစည်း

******************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*