?>

အိန္ဒိယ ကျွန်းဆွယ် နယ်မြေ တွေထိ ပစ်ခတ်နိုင် တဲ့ တာဝေးပစ် မစ်ဆိုင်း ဒုံးကျည် ပါကစ္စတန် အောင်မြင်စွာ

အိန္ဒိယ ကျွန်းဆွယ် နယ်မြေ  တွေထိ ပစ်ခတ်နိုင် တဲ့ တာဝေးပစ် မစ်ဆိုင်း ဒုံးကျည် ပါကစ္စတန် အောင်မြင်စွာ

ပါကစ္စတန်ဟာ ၂၇၅၀ ကီလိုမီတာ (၁၇၁၀ မိုင်) ထိပစ်နိုင်တဲ့ မြေပြင်ပစ် ရှာဟင်းန်၃ မစ်ဆိုင်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း စစ်တပ်ကပြောကြားခဲ့ပါတယ်။ “ဗုဒ္ဓဟူးနေ့က ဒီမစ်ဆိုင်းဒုံးကျည်စမ်းသပ်မှုဟာ လက်နက်စနစ်ရဲ့ နည်းပညာပိုင်းလုပ်ဆောင်ချက်တွေနဲ့ အမျိုးမျိုးသောဒီဇိုင်းတွေကို အတည်ပြုပြသနိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်” လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်ဟာ ၂၇၅၀ ကီလိုမီတာ (၁၇၁၀ မိုင်) ထိပစ်နိုင်တဲ့ မြေပြင်ပစ် ရှာဟင်းန်၃ မစ်ဆိုင်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း စစ်တပ်ကပြောကြားခဲ့ပါတယ်။ “ဗုဒ္ဓဟူးနေ့က ဒီမစ်ဆိုင်းဒုံးကျည်စမ်းသပ်မှုဟာ လက်နက်စနစ်ရဲ့ နည်းပညာပိုင်းလုပ်ဆောင်ချက်တွေနဲ့ အမျိုးမျိုးသောဒီဇိုင်းတွေကို အတည်ပြုပြသနိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်” လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။


မစ်ဆိုင်းဒုံးကျည်ရဲ့တည်နေရာကို အာရေဗျပင်လယ်ပြင်မှာသတ်မှတ်ခဲ့တာဖြစ်ပြီး ဒီစမ်းသပ်ပစ်ခတ်မှုကို ပါကစ္စတန်ဝန်ထမ်းအကြီးအကဲများပူးတွဲကော်မတီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးဇာကီမန်ဂ်ျနဲ့ တစ်ခြားထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ရှာဟင်းန်၃ မစ်ဆိုင်းဒုံးကျည်ဟာ နူကလီးလက်နက်တွေကိုတင်ဆောင်နိုင်စွမ်းရှိမရှိ ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ခြင်းတော့မရှိပါဘူး။


ပါကစ္စတန်ဟာ နူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ၈နိုင်ငံထဲကတစ်နိုင်ငံဖြစ်ပါတယ်။ ၁၉၄၇ခုနှစ်မှာ ဗြိတိန်ကနေလွတ်လပ်ရေးရပြီးကတည်းက စစ်ပွဲ ၃ကြိမ်ထိဖြစ်ပွားခဲ့တဲ့အိမ်နီးချင်းအိန္ဒိယမှာလည်း နူကလီးယားလက်နက်တွေပိုင်ဆိုင်ထားပါတယ်။ ရှာဟင်းန် ၃ မစ်ဆိုင်းဒုံးကျည်ဟာ ပါကစ္စတန်ရဲ့ အဝေးဆုံးအကွာအဝေးထိပစ်နိုင်တဲ့ မစ်ဆိုင်းဒုံးကျည်စနစ်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်နယ်မြေတွေထိ ရောက်အောင်ပစ်ခတ်နိုင်စွမ်းရှိဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။


“ပါကစ္စတန်ဟာဒေသတွင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုလိုလားဆန္ဒရှိသလို ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာကိုထိပါးလာတဲ့ ဘယ်လိုကျူးကျော်မှုကိုမဆိုနှိမ်နင်းဖို့ နည်းဗျူဟာ အရ စွမ်းဆောင်နိုင်စွမ်း ရှိတယ်”လို့ ဝန်ထမ်းအကြီးအကဲများပူးတွဲကော်မတီဥက္ကဌက အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီမစ်ဆိုင်းဒုံးကျည်အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ပြီးနောက် ဒီပရောဂျက်မှာပါဝင်သူ သိပ္ပံပညာရှင်တွေနဲ့ စစ်တပ်ကို သမ္မတအာရစ်ဖ်အလ်ဝီ နဲ့ ဝန်ကြီးချုပ် အင်မရန်ခန်းတို့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Pakistan successfully tests medium-rage missile” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) က မြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။


********************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*