?>

အီရတ် နိုင်ငံရှိ ဆေးရုံ တစ်ရုံ၏ COVID-19 လူနာ သီးသန့် ဆောင်တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး

အီရတ် နိုင်ငံရှိ ဆေးရုံ တစ်ရုံ၏ COVID-19 လူနာ သီးသန့် ဆောင်တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး


အီရတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ၏ COVID-19 လူနာသီးသန့်ဆောင်တွင်ဇူလိုင် ၁၂ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦးထက် မနည်းသေဆုံး၍ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




အီရတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ၏ COVID-19 လူနာသီးသန့်ဆောင်တွင်ဇူလိုင် ၁၂ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး လူ ၅၂ ဦးထက် မနည်းသေဆုံး၍ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဇူလိုင် ၁၂ ရက်နှောင်းပိုင်းက နိုင်ငံတောင်ဘက်ပိုင်းရှိ နာဆီရီရတ်မြို့ရှိ အယ်ဟူစိန်ဆေးရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမီးကို ထိန်းချုပ်ငြှိမ်းသတ်ပေးခဲ့သည်။

မီးလောင်ကျွမ်းရခြင်း၏နောက်ကွယ်မှ အဓိကအကြောင်းအရင်းမှာ အောက်ဆီဂျင်အိုးများ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနရှိ ဆေးဘက်ဆိုင်ရာသတင်း အရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။

COVID-19 လူနာသီးသန့်ဆောင်ကို မီးငြှိမ်းသတ်ခဲ့ပြီးနောက်ဇူလိုင် ၁၃ ရက်အစောပိုင်းတွင် အလောင်း ၅၂ လောင်းကိုတွေ့ရှိခဲ့ပြီး နောက်ထပ် လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းကျန်းမာရေးအာဏာပိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဟေဒါအယ်ဇာမီလီက ပြောကြားခဲ့သည်။

“သေဆုံးခဲ့ကြတဲ့သူတွေဟာ မီးလောင်ဒဏ်ရာတွေကြောင့်ဖြစ်ပြီး ကျွန်တော်တို့တွေအနေနဲ့ ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီအဆောက်အအုံထဲမှာ ပိတ်မိနေသေးတဲ့လူတွေ ရှိနေနိုင်မှာကိုစိုးရိမ် ရတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းသီးသန့်ဆောင်တွင် ကုတင်နေရာ ၇၀ ရှိသည်။လူအသေအပျောက်ရှိသည့် ဆေးရုံမီးလောင်မှုသည် အီရတ်နိုင်ငံတွင် သုံးလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ဆေးရုံအပြင်ဘက်တွင် ဒါဇင်နှင့်ချီသည့်လူငယ်များ ဆန္ဒပြခဲ့ကြသည်။ “နိုင်ငံရေးပါတီတွေက ကျွန်တော်တို့ကို မီးလောင်တိုက်သွင်းနေပါတယ်” ဟု ဆန္ဒပြသူများက သံပြိုင်ဟစ်ကြွေးခဲ့ကြသည်။

ယင်းမီးလောင်မှုဖြစ်စဉ်ကြောင့် ထိပ်သီးအရာရှိများကို ရာထူးမှနုတ်ထွက်ရန်လူမှုမီဒီယာတွင် ဒေါသတကြီးတောင်းဆိုမှုများလည်း ရှိနေကြသည်။

ဒေသတွင်းအာဏာပိုင်များက နာဆီရီရတ်မြို့ရှိသည့် ဒီကာပြည်နယ်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး ခွင့်ယူထားသော ဆရာဝန်များအနေဖြင့်ဒဏ်ရာရရှိသူများကို ကူညီပေးရန်အမိန့်ထုတ်ပြန်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းအရင်းများကို အဖြေရှာရန် အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ် ကတ်ဟီမီသည် ဝန်ကြီးများနှင့်လုံခြုံရေးအကြီးအကဲများနှင့်အတူ အရေးပေါ်အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ကြောင်း၊ ဒီကာပြည်နယ်၏ကျန်းမာရေးအကြီးအကဲနှင့် ဆေးရုံ၏အကြီးအကဲတို့ကို ဖမ်းဆီးပြီး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေကြောင်းနှင့် အရေးပေါ်ကျန်းမာရေးအကူအညီကို ဒီကာပြည်နယ်သို့ ပို့ဆောင်ရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၃ ရက်တွင် Twitter ၌ ထုတ်ပြန်ခဲ့သည်။

“အယ်ဟူစိန်ဆေးရုံမီးလောင်မှုဟာ အီရတ်ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်မပေးနိုင်ဘူးဆိုတာ ရှင်းလင်းတဲ့ သက်သေတစ်ရပ် ဖြစ်ပါတယ်။ဒါတွေကို အဆုံးသတ်ဖို့ အချိန်ကျပါပြီ” ဟု အီရတ်ပါလီမန်ဥက္ကဌ မိုဟာမက်အယ်ဟယ်ဘိုဆီ ကဆိုသည်။



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*