?>

အီရန်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား အိန္ဒိယတွင် ကိုယ်တော်မြတ် (ဆွ) အားစော်ကားသည့် ကိစ္စ အတွက် ဆင့်ခေါ်ခံရ

အီရန်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား အိန္ဒိယတွင် ကိုယ်တော်မြတ် (ဆွ) အားစော်ကားသည့် ကိစ္စ အတွက် ဆင့်ခေါ်ခံရ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ တီဟီရန် မြို့ ရှိ အီရန်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအားဆင့်ခေါ် ပြီး အိန္ဒိယ အာဏာရပါတီ အဖွဲ့အစည်း ၏ ကိုယ်စား လှယ်များ ဘက်မှ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အပေါ်စော်ကား သည့်အတွက် ပြင်းထန် စွာ ဆန့်ကျင် ကန့်ကွက် မှုကို ပြုခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agencyသတင်းဌာန၏ သတင်း အထောက်အထားများအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ တီဟီရန် မြို့ ရှိ အီရန်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအားဆင့်ခေါ် ပြီး အိန္ဒိယ အာဏာရပါတီ အဖွဲ့အစည်း ၏ ကိုယ်စားလှယ်များ ဘက်မှ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အပေါ်စော်ကား သည့်အတွက် ပြင်းထန်သည့်ဆန့်ကျင် ကန့်ကွက် မှုကို ပြုခဲ့ကြောင်း သိရှိရပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ တောင်အာရှ ညွှန်ကြားရေးမှူးမှ အိန္ဒိယသံအမတ်ကြီးအား အီရန်နိုင်ငံသည် မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) နှင့် အစ္စလာမ်သာသနာ ၏ အထွတ် အမြတ် ထားသည့် ပုဂိုလ် များ ၊နေရာများ အား စော်ကား ခြင်းအပေါ် မည်သည့် အခြေအနေတွင်မဆို သည်းခံ မည်မဟုတ်ကြောင်း ရှင်းလင်း စွာပြောကြားခဲ့ပါတယ်။

တီဟီရန် မြို့ ရှိ အီရန်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအားဆင့်ခေါ် ပြီး အိန္ဒိယ အာဏာပိုင်များ အဖွဲ့အစည်း ၏ကိုယ်စားလှယ်များ ဘက်မှ တမန် တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အပေါ်စော်ကား ခြင်း ကိစ္စ အတွက် အလွန်တရ ဝမ်းနည်းကြောင်း ဤလုပ်ရပ်သည် အိန္ဒိယ အစိုးရ ၏ ရပ်တည် ချက်မဟုတ်ကြောင်း ၊ အိန္ဒိယ အစိုး သည် အခြား ဘာသာများ အားလေးစား ကြောင်း စော်ကား ပုတ်ခတ်သူသည် အိန္ဒိယ အစိုးရ တွင် မည်သည့် ရာထူးနေရာတွင် မရှိကြောင်း သို့သော် အိန္ဒိယ အာဏာရပါတီ တွင်ပါဝင် နေကြောင်း ပြောကြားခဲ့ပါတယ်။

====================================

END /251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*