?>

အီရန်နိုင်ငံ တွင် ကိုရိုနာ ရောဂါ ဧပြီ ၂၅ ရက်အထိ ၉သောင်း ရှိ

အီရန်နိုင်ငံ တွင် ကိုရိုနာ ရောဂါ ဧပြီ ၂၅ ရက်အထိ ၉သောင်း ရှိ

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဧပြီလ ၂၅ ရက်နေ့ အထိ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




Unicode

ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ မနေ့က နေ့လည်ခင်း အချိန်မှ စ၍ ယနေ့ ဧပြီလ ၂၅ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၁၁၃၄ ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၈၉၃၂၈ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၆၈၁၉၃ ဦး ပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက် နှင့် ဤ အစီ အစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့် ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၇၆ ဦး အလ္လာဟ် ဟို အရှင်မြတ် အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူ ဦးရေမှာ ၅၆၅၀ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

***********************************

END/ 251


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*