?>

အီရန်နိုင်ငံ တွင် အောက်တိုဘာ လ ၁၀ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၉၅ ဦး သေဆုံး

အီရန်နိုင်ငံ တွင် အောက်တိုဘာ လ ၁၀ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၉၅ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ်၃၈၇၅ ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၄၉၆၂၅၃ ဦးရှိသွားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါက်တာအနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင်ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၉၅ ဦးအလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟိုအရှင်မြတ် ခံသွားသူဦးရေမှာ ၂၈၂၉၃ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၄၀၃၉၅၀ ဦးပြန်လည်ကောင်းမွန် ကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၄၄၃၉ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ကုသလျက် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာလက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၄၂၈၄၄၁၃ ဦးအား ကိုရိုနာ ရောဂါရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြောကြားသည်မှာ - တီဟီရန် ၊အစ္စဖဟန် ၊ ကွမ်း ၊ အရှေ့ အာဇရ်ဘိုင်ဂျန် ၊ တောင်ပိုင်းခိုရာစာန်၊စင်မ်နန်၊ကဇ်ဝီးန် ၊လောရေစ်စတန်၊အိုရ်ဒဘီးလ် ၊ ခိုဇစ်စတန်၊ကေရ်မန်န်ရှား၊ ကဲဟ်ဂီလိုယေ ၊ဗူဝိုင်းရ် လ်အဲဟ်မဒ် ၊ဂီလန် ၊ ဗူရှဲဟ် ၊ဇန်ဂျန် ၊ အီလန်းမ်၊ခိုရာစာန် နေရဇာဝီ၊မာဇက်ဒရာနီ ၊ဂျာရ်မိုဟာလ် ၊ဗခ်သေရာရီ ၊ အလ်ဗိုရ်ဇ်၊ အနောက် အာဇရ်ဘိုင်ဂျန် ၊မရ်ကဇ်ဇီ ၊ ကရ်မန် ၊မြောက်ပိုင်း ခိုရာစာန်၊ဟမ်ဒန် နှင့်ယဇ် ပြည်နယ်များသည် အနီရောက် နယ်မြေများ ဖြစ် ကြပြီး အခြား ဂိုရ်ဒစ်စတန် ၊ ဟိုရ်မွဇ်ဂန် ၊ဖာရ်စ် ၊ ဂိုလေစ်စတန်ပြည်နယ်များ သည် စိုးရိမ် ရပြည်နယ်များ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*