အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇွန်လ ၂၂ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မနေ့ မှစ၍ ယနေ့ ဇွန်လ ၂၂ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံ ရသူအသစ် ၂၆၅ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၆၇ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၇၂၃၅၄၄၀ ရှိ သွား ပြီး ဖြစ်ပါတယ်။
ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာ အရ ၃ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၄၁၃၇၃ ဦး ဖြစ်ကြောင်း သိရှိရပါတယ်။
ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၇၀၆၀၉၈၉ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။
၂၅၁ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှုကိုခံယူလျက် ရှိနေပါတယ်။
လက်ရှိ အခြေအနေအထိ အီရန်တစ်နိုင်ငံလုံး တွင် ၅၂၅၃၇၄၆၁ ဦး အား ကိုရိုနာ ရောဂါ ရှိမရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။
အီရန် နိုင်ငံတွင် မြို့ပေါင်း ၁၀၆ မြို့တွင် အဝါရောင် ဖြစ်ပြီး ၃၄၂ မြို့ သည် အပြာရောင် ဖြစ်ပါတယ်။
****************************************************************
END / 251