?>

အီရန်နိုင်ငံ တွင် ဧပြီလ ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၅၅ ဦး သေဆုံး

အီရန်နိုင်ငံ တွင် ဧပြီလ ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁၅၅ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဧပြီ ၉ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဧပြီလ ၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၂၂၄၇၈ ဦး ဖြစ်ပြီး ၂၅၆၇ ဦးမှာ ဆေးရုံတင်ထား ရပါတယ်။ စုစုပေါင်း ရော ဂါသည်မှာ ၂၀၂၉၄၁၂ ဦး ရှိ သွား ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။                                

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၅၅ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၆၄၀၃၉ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၀၆၉၃၀၅ ဦးပြန်လည်ကောင်းမွန် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၄၂၇၈ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ကုသလျက် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၁၃၄၉၄၂၉၆ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - အီရန် နိုင်ငံတွင် မြို့ပေါင်း ၂၅၇ မြို့သည် အနီရောင် ဖြစ်ပြီး ၁၂၉ မြို့ သည် လိမ္မော်ရောင် ၊ မြို့ပေါင်း ၅၁ မြို့တွင် အဝါရောင် နှင့် အခြားမြို့ ပေါင်း ၁၁ မြို့ သည် အပြာရောင် ဖြစ်ပါတယ်။

 

ကိုရိုနာရောဂါ တိုက်ဖျက်ရေး အမျိုးသား ဌာန ၏ အမိန့် အရ အနီရောင် နှင့် လိမ္မော် ရောင် ပြနေသည့် မြို့များ သို့ ခရီးသွားခွင့် မရှိချေ။

******************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*