?>

အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် နယူးဟဲဗန်းမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ တနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် နယူးဟဲဗန်းမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ တနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Diyanet ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်ဆီးခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေမှူး နဒ် လာမွန်က ဒီမီးရှို့မှုကို ရှုတ်ချခဲ့ပါတယ်။

“ဘယ်ဘာသာရဲ့ ဘာသာရေးအဆောက်အဦးကိုပဲဖြစ်ဖြစ် အမုန်းတရားနဲ့ တိုက်ခိုက်တာမျိုးဟာ ရှက်ရွံ့စရာ၊ စက်ဆုပ်ဖွယ်ရာကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုမျိုး မရှိစေရပါဘူး။ နယူးဟဲဗန်းက တာဝန်ရှိသူတွေနဲ့အတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း အရေးယူသွားမှာပါ”

မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အော်လန်ဒို မာကာနိုက ဗလီဝတ်ကျောင်းတော်ကို ပြန်လည် ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး၊ ကျူးလွန်သူတွေ ဖမ်းနိုင်ဖို့ သတင်းပေးရင် ကန်ဒေါ်လာ ၂၅၀၀ ဆုငွေပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

“ထိခိုက်ခံစားရသူတွေနဲ့အတူ ရှိနေကြောင်း ကျွန်တော် ပြောကြားလိုပါတယ်”

ဒီကိစ္စအတွက် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးမှုတွေအပြင် FBI နဲ့ Bureau of Alcohol, Tobacco, Firearms and Explosives ဌာနတွေလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန် အလက်စ်တန်က ပြောကြားခဲ့ပါတယ်။

Ref: CNN


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century