အမေရိကန် အာဏာပိုင်များ အနေဖြင့် နောက်တစ်ကြိမ် ထပ်၍ အထောက်အထား ခိုင်လုံမှု မရှိဘဲ အကြာင်းမရှိအကြောင်းပြပြီး အစ္စလာမ့်ပိုင် မြေကို ကျူးကျော် တိုက်ခိုက်မှုကို စတင်ပြီး ပြင်သစ် နှင့် အင်္ဂလန် တို့ နှင့်ပူးပေါင်းကာ ဆီးရီးယား နိုင်ငံ အား ဒုံးကျည်များ နှင့်ပစ်ခတ် တိုက်ခိုက် မှုကို ပြုလုပ်ခဲ့ ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန် အာဏာပိုင်များ အနေဖြင့် နောက်တစ်ကြိမ် ထပ်၍ အထောက်အထား ခိုင်လုံမှု မရှိဘဲ အကြာင်းမရှိအကြောင်းပြပြီး အစ္စလာမ့်ပိုင် မြေကို ကျူးကျော် တိုက်ခိုက်မှုကို စတင်ပြီး ပြင်သစ် နှင့် အင်္ဂလန် တို့ နှင့်ပူးပေါင်းကာ ဆီးရီးယား နိုင်ငံ အား ဒုံးကျည်များ နှင့်ပစ်ခတ် တိုက်ခိုက် မှုကို ပြုလုပ်ခဲ့ ပါတယ်။
ဆီးရီးယား အစိုးရ သတင်းဌာန များ ၏ သတင်းအထောက်များ အရ ဆီးရီးယား လေတပ်မှ အမေရိကန် နှင့် မဟာမိတ်တပ်များ၏ ပစ်ခတ်လာသည့် ဒုံးကျည်များကို အပြည့်အဝ အဖြေပေး နိုင်ခဲ့ကြောင်းဆိုထားပါတယ်။
အခြား သတင်းဌာနများ ၏ သတင်း အထောက်အထားများ အရ ဆီးရီးယား နိုင်ငံ ၏ မြို့တော် ဒမတ်စကတ် နှင့် ဟွမ်စ် မြို့ အား အမေရိကန် နှင့်မဟာမိတ် တပ်မှ ဒုံးကျည် ၁၃ လုံး ပစ်လွတ်ခဲ့ကြောင်း သိရှိရပါတယ်။
အေစ်ပိုသင်းက် သတင်းဌာန ၏ အဆိုအရ ဒုံကျည် အလုံး ၂၀ ဖြစ်ကြောင်းသိရှိရပါတယ်။ အဗ်နာ အထူး သတင်းထောက်၏ သတင်းပေးပို့ချက်အရ ဒုံးကျည် အလုံး၃၀ ဖြစ်ကြောင်း သိရှိပါတယ်။
အမေရိကန် အနေဖြင့် ဆီးရီးယား စစ်တပ်၏ အရေးကြီး အခြေစိုက် စခန်းများကို ဖြိုဖျက် ရန်အတွက် ကြိုးပမ်းခဲ့တာ ဖြစ်ကြောင်းသို့သော် ၎င်း၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။
ဆီးရီးယား ရုပ်မြင်သံကြားဌာန မှ အမေရိကန် နှင့်မဟာမိတ် တို့၏ ဤ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ခဲ့ပြီး ကုလသမဂ္ဂ ၏ အပြည်ပြည်ဆိုင်ရာဥပဒေ ကို ထင်ရှားစွာ ချိုးဖောက်လိုက်သူများ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆီးရီးယား အာဏာပိုင်များ အနေဖြင့် အမေရိကန် ဦးဆောင်သည့် ဤ ပေါ်ပေါ်တင်တင် ကျူးကျော် စစ်အား အပြည့်အဝ အဖြေပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် ဤ တိုက်ခိုက်မှု ဖြင့် ဆီးရီးယား နိုင်ငံ အတွင်းလွတ်ထားသည့် အမေရိကန် ကြေးစား အကြမ်းဖက် (အစ္စလာမ် အမည်ခံများ အကြမ်းဖက် အစွန်းရောက်အဖွဲ့များ )ကို ကယ်တင်နိုင်လိမ့်မယ် မဟုတ် ကြောင်း လည်း ပြောကြားခဲ့ပါတယ်။
လတ်တလော သတင်း အထောက်အထားများ အရ ဟွမ်စ်မြို့ အပေါ် အမေရိကန် တို့၏ ဒုံးများနှင့်တိုက်ခတ်မှုသည် မအောင်မြင်ခဲ့ကြောင်း ဆီးရီးယား တပ်မတော်မှ အပြည့်အဝ အဖြေပေး၍ အမေရိကန် နှင့်မဟာမိတ်များ၏ ဒုံးများ ကို ပစ်မှတ်သို့မရောက်မည် ပစ်ချ နိုင်ခဲ့ကြောင်း အမေရိကန် တို့၏ တိုက်လေယာဉ်တစ်စီး ကိုလည်း ပစ်ချ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်ကို သိရှိရ ပါတယ်။
အခြားတစ်ဖက်တွင်လည်း ဆီးရီးယား နိုင်ငံအပေါ် အမေရိကန် ဦးဆောင် တိုက်ခိုက်မှု အပေါ် တကမ္ဘာလုံးအတိုင်းအတာ အရ ကန့်ကွက်မှုများ ဆန္ဒပြမှု များ ရှုတ်ချမှုများ စတင်လိုလာနေပြီး ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၊ရုရှား နှင့်အခြား နိုင်ငံပေါင်းများစွာ မှ ဆီးရီးယား နိုင်ငံအပေါ် အခုလို တိုက်ခိုက်မှုအား ပြစ်တင် ရှုတ်ချမှုများ ကို ပြုခဲ့ကြပါတယ်။
ရုရှား အနေဖြင့်လည်း အမေရိကန် နိုင်ငံ၏ တိုက်ခိုက်မှု များအား ကန့်ကွက် ပြီး အမေရိကန် နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေကြောင်း အမေရိကန် နှင့် မဟာမိတ်တို့၏ လူသိရှင်ကြား ကျူးကျော် စစ်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှား အနေဖြင့် အမေရိကန် လက်ရှိသမ္မတ ထရန့် သည် ဒုတိယ ဟစ်တလာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဗနွန် အခြေစိုက် လက်ဗနွန်နိုင်ငံ ၏ တရားဝင် အဖွဲ့ ဟစ်ဘွလ္လာဟ် ခေါင်းဆောင် ဆယက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့်လည်း အမေရိကန်နှင့်မဟာမိတ်များ ၏ ဆီးရီးယား နိုင်ငံအပေါ် တိုက်ခိုက်မှုအား ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။
===========
251 / End