?>

အီရန်နိုင်ငံ တွင် အောက်တိုဘာ ၆ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၂၂၇ ဦး သေဆုံး

 အီရန်နိုင်ငံ တွင် အောက်တိုဘာ ၆ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၂၂၇ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ အောက်တိုဘာ ၆ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၄၁၅၁ ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၄၇၉၈၂၅ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၂၂၇ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၂၇၄၁၉ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၃၉၄၈၀၀ ဦးပြန်လည်ကောင်းမွန် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၄၂၀၀ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၄၁၇၉၃၃၈ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - တီဟီရန် ၊ အစ္စဖဟန် ၊ ကွမ်း ၊ အရှေ့ အာဇရ်ဘိုင်ဂျန် ၊ တောင်ပိုင်း ခိုရာစာန်၊စင်မ်နန်၊ကဇ်ဝီးန် ၊လောရေစ်စတန်၊အိုရ်ဒဘီးလ် ၊ ခိုဇစ်စတန်၊ ကေရ်မန်န်ရှား၊ ကဲဟ်ဂီလိုယေ ၊ဗူဝိုင်းရ် လ်အဲဟ်မဒ် ၊ဂီလန် ၊ ဗူရှဲဟ် ၊ ဇန်ဂျန် ၊ အီလန်းမ်၊ခိုရာစာန် နေရဇာဝီ၊မာဇက်ဒရာနီ ၊ဂျာရ်မိုဟာလ် ၊ ဗခ်သေရာရီ ၊ အလ်ဗိုရ်ဇ်၊ အနောက် အာဇရ်ဘိုင်ဂျန် ၊မရ်ကဇ်ဇီ ၊ ကရ်မန် ၊ မြောက်ပိုင်း ခိုရာစာန်၊ဟမ်ဒန် နှင့်ယဇ် ပြည်နယ်များသည် အနီရောက် နယ်မြေ များ ဖြစ် ကြပြီး အခြား ဂိုရ်ဒစ်စတန် ၊ ဟိုရ်မွဇ်ဂန် ၊ဖာရ်စ် ၊ ဂိုလေစ်စတန် ပြည်နယ်များ သည် စိုးရိမ် ရပြည်နယ်များ ဖြစ်ပါတယ်။

*******************************************

END /251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*