?>
ဗိုလ်ချုပ် မှူးကြီး မိုဟမ္မဒ် ဘာကဲရ်ရီ

ရှဟီးဒ် မော်(ဟ) စင်န် ဖခ်ရီဇာဒေ လုပ်ကြံ သတ်ပြတ် မှု တွင် ပါဝင် သည့် အကြမ်းဖက် သမားများ ကို ပြင်းပြင်းထန်ထန် လက်စားချေမည်

ရှဟီးဒ် မော်(ဟ) စင်န် ဖခ်ရီဇာဒေ လုပ်ကြံ သတ်ပြတ် မှု တွင် ပါဝင် သည့် အကြမ်းဖက် သမားများ ကို ပြင်းပြင်းထန်ထန် လက်စားချေမည်

အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မိုဟမ္မဒ် ဘာကဲရ်ရီ အနေဖြင့် အီရန် နိုင်ငံ ထိပ်တန်း အကျော်အမော် နျူကလီးယား သိပ္ပံ ပညာရှင်ကြီး အား သူရဲဘော ကြောင်စွာ ဖြင့် ပညာမဲ့ နည်းဖြင့် လုပ်ကြံ သတ်ဖြတ်မှု ကို ပြစ်တင် ရှုတ်ချ ပြီး ရှဟီးဒ် မော်(ဟ)စင်န် ဖခ်ရီဇာဒေ လုပ်ကြံ သတ်ပြတ်မှု တွင် ပါဝင်သည့် အကြမ်းဖက် သမားများ နှင့် ပြည်ပ အေးဂျင့်များ ကို ပြင်းပြင်းထန်ထန် လက်စားချေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းအထောက်အထား များအရ အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မိုဟမ္မဒ် ဘာကဲရ်ရီ အနေဖြင့် ထုတ်ပြန် မှု တစ်ခု တွင် ရှဟီးဒ် မော်(ဟ)စင်န် ဖခ်ရီဇာဒေ သည် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သုတေသန ဌာန နှင့် ကာကွယ်ရေး ဆိုင်ရာ အရင်းအမြစ်များ ကဏ္ဍ တွင် အရေးပါ အရာရောက်သည်နေရာတွင်ရှိနေသူ တစ်ဦး ဖြစ်ကြောင်း ၎င်းအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေး ဆိုင်ရာ တိုးတက် ဖွံ့ဖြိုးမှု နှင့် တိုးတက် မှု အတွက် မိမိကိုယ်စွမ်း ရှိသမျှ ကြိုးပမ်း ပေးခဲ့သူ ဖြစ်ကြောင်း ၎င်း အား သူရဲဘော ကြောင်စွာ ဖြင့် ပညာမဲ့ နည်းဖြင့် လုပ်ကြံ သတ်ဖြတ်မှု ကြောင့် အီရန်နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ ကဏ္ဍ ကို အကြီးအကျယ် ဆုံးရှုံး စေကြောင်း ၊ သို့သော် ရန်သူများ အနေဖြင့် သိထားရမည့် အချက်မှာ ရှဟီးဒ် မော်(ဟ)စင်န် ဖခ်ရီဇာဒေလျှောက်လှမ်းခဲ့သည့် လမ်းစဉ် သည် ဆက်လက် တည် ရှိနေမည် ဖြစ်ကြောင်း လုပ်ကြံမှုကို ပြုခဲ့သည့် ပြည်ပ အေးဂျင့်များ ကို လည်း ပြင်းပြင်းထန်ထန် လက်စားချေ မည်ဖြစ်ကြောင်း ၎င်း အကြမ်းဖက် သမားများအား အမြန်ဆုံး ပစ်ဒဏ်ပေး တရား စီရင် နိုင်ရန်လုပ် မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မိုဟမ္မဒ် ဘာကဲရ်ရီ အနေဖြင့်ဆက်လက်ပြီး ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခြင်း အတွက် ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် ဗေ အစ္စလာမ်မီ ၊ ကာကွယ်ရေး ဝန်ကြီး ၊ ကာကွယ်ရေး ဌာန ဆိုင်ရာ ကဏ္ဍ တွင် လှုပ်ရှားနေသည့် ရှဟီးဒ် ၏ လုပ်ဖော်ကိုင်ဖက်များ ၊ အီရန်ပြည်သူလူထု နှင့် ရှဟီးဒ် ၏ မိသားစုဝင်များ ကို ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။

******************************************

END / 251


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*