?>

စူရဟ် ဟိုမဇဟ် အကြောင်း သိကောင်းစရာ

 စူရဟ် ဟိုမဇဟ် အကြောင်း သိကောင်းစရာ



ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟိုမဇဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဟိုမဇဟ် အကြောင်း သိကောင်းစရာ

အမည် - ဟိုမဇဟ်

အဓိပ္ပာယ် - အပြစ် အနာအဆာ ရှာသူ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဟိုမဇဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဟိုမဇဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၉

စကားလုံးတော်ပေါင်း - ၃၃

အက္ခရာတော်ပေါင်း - ၁၃၄

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၃၂

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကေယာမသ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုရ်စေလာသ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဟိုမဇဟ် ၂။ လိုမဇဟ်

 

အမည့်ထွင်ရသည့်အကြောင်း - ဟိုမဇဟ် ဆိုသည့် စကားလုံး နှင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“ ဝါဂျစ်ဗ် နမာဇ် တွင် စူရဟ် ဟိုမဇဟ် ဖတ်ရွတ်သူသည် ဆင်းရဲခြင်း ငတ်မွတ်ခြင်းမှ ကင်းဝေပေမည်။ အလ္လာဟ် ဟို အရှင်မြတ် သခင် ၎င်းအား စားနပ်ရိက္ခာ ပေးသနားတော်မူမည်။ အသေဆိုး မှ လွတ်မြောက် မည် ဖြစ်ပါသည်။  ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၃၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*